Monday, December 24, 2012

အီရန်အမတ်တွေ ရိုဟင်ဂျာနဲ့ တိုင်းရင်းသားအရေး လေ့လာမယ်

ABC

၂၀၁၃ ​ခုနှစ် ​နှစ်ဦးပိုင်းမှာ ​အီရန် ​နိုင်ငံက ​ဥပဒေပြုလွှတ်တော်အဖွဲ့ ​ဝင်များဖြစ်ကြတဲ့ ​အဖွဲ့တဖွဲ့ဟာ ​မြန်မာနိုင်ငံက ​ရိုဟင်ဂျာ ​မူဆလင်လူ မျိုး တွေ ​နဲ့ ​တခြား ​တိုင်းရင်းသားလူမျိုးစုတွေ ​အပေါ်အကြမ်းဖက်ခဲ့တယ်ဆိုတဲ့ ​ကိစ္စနဲ့ ​ပတ်သက်ပြီး သွားရောက်လေ့လာမှာ ​ဖြစ်တယ်လို့ ​ဥပဒေ ပြု ​ထိပ်တန်း ​လွှတ်တော်တဦးကပြော ​တယ်လို့သိရပါတယ်။

အဲဒီအဖွဲ့ထဲမှာ ​အီရန်နိုင်ငံခြားရေးဝန်ကြီး ​ဌါနက ​အရာရှိတွေ၊ ​အီရန်နိုင်ငံ ​ကြက်ခြေနီ ​အသင်းအဖွဲ့ဝင်တွေ၊ ​နဲ့ ​အီရန် ​နိုင်ငံအသံလွှင့်ဌါန ​အဖွဲ့ဝင်တွေကပါ ​လွှတ်တော် ​အမတ်တွေ ​နဲ့ ​လိုက်ပါသွားမှာဖြစ်တယ်လို့ ​သိရပါတယ်။

မြန်မာနိုင်ငံမှာ ​ရိုဟင်ဂျာလူမျိုး ​ရှစ်သိန်းဝန်းကျင် ​ရှိနေပြီး ​အစိုးရက ​ဘင်္ဂလီ ​လူမျိုးဆိုပြီး ​နိုင်ငံသားအဖြစ် ​အသိအမှတ်ပြုခြင်း ​မရှိတဲ့အ တွက် ​မြန်မာအစိုးရက ​ဖိအားပေးခံနေရပါတယ်။

ဒီလို ​အခြေအနေကြောင့် ​တချို့ရိုဟင်ဂျာတွေက ​အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ​ထွက်ပြေးတိမ်းရှောင်ကြပေမယ့် ​ဘင်္ဂလား ဒေ့ ရှ် ကလည်း ​မြန်မာနိုင်ငံသာဆိုပြီး ​လက်ခံလေ့မရှိပါဘူး။

No comments:

Post a Comment