ABC
၂၀၁၃ ခုနှစ် နှစ်ဦးပိုင်းမှာ အီရန် နိုင်ငံက ဥပဒေပြုလွှတ်တော်အဖွဲ့ ဝင်များဖြစ်ကြတဲ့ အဖွဲ့တဖွဲ့ဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာ မူဆလင်လူ မျိုး တွေ နဲ့ တခြား တိုင်းရင်းသားလူမျိုးစုတွေ အပေါ်အကြမ်းဖက်ခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သွားရောက်လေ့လာမှာ ဖြစ်တယ်လို့ ဥပဒေ ပြု ထိပ်တန်း လွှတ်တော်တဦးကပြော တယ်လို့သိရပါတယ်။
အဲဒီအဖွဲ့ထဲမှာ အီရန်နိုင်ငံခြားရေးဝန်ကြီး ဌါနက အရာရှိတွေ၊ အီရန်နိုင်ငံ ကြက်ခြေနီ အသင်းအဖွဲ့ဝင်တွေ၊ နဲ့ အီရန် နိုင်ငံအသံလွှင့်ဌါန အဖွဲ့ဝင်တွေကပါ လွှတ်တော် အမတ်တွေ နဲ့ လိုက်ပါသွားမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုး ရှစ်သိန်းဝန်းကျင် ရှိနေပြီး အစိုးရက ဘင်္ဂလီ လူမျိုးဆိုပြီး နိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်း မရှိတဲ့အ တွက် မြန်မာအစိုးရက ဖိအားပေးခံနေရပါတယ်။
ဒီလို အခြေအနေကြောင့် တချို့ရိုဟင်ဂျာတွေက အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်ကြပေမယ့် ဘင်္ဂလား ဒေ့ ရှ် ကလည်း မြန်မာနိုင်ငံသာဆိုပြီး လက်ခံလေ့မရှိပါဘူး။
No comments:
Post a Comment