Friday, January 25, 2013

ဖားကန့် တံတားအနီးရှိ ရဲကင်း ဗုံးဖောက်ခွဲခံရ

ကော့လီ

ကချင်ပြည်နယ် ဖားကန့်မြို့ အတွင်း ဥရုချောင်းကူး တံတား အနီးက ရဲကင်း ကို ဒီကနေ့ မနက် ၂ နာရီ ၄၅ မိနစ်ခန့်က ဗုံးဖောက်ခွဲ တိုက် ခိုက်ခံခဲ့ရတယ် လုံခြုံရေးယူထားတဲ့ အထူးတိုက်ခိုက်ရဲ တပ်ဖွဲ့ဝင် တပ်ကြပ်တစ်ဦး နဲ့ တပ် သား တစ်ဦး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။

ဖားကန့်မြို့လယ် ဥရုချောင်းကူး တံတားရဲ့ မြို့မရပ်ကွက်ဘက်ကမ်း သီရိမင်္ဂ လာကျောင်းတိုက်ရှေ့မှာရှိ လုံခြုံရေးရဲကင်းကို ဗုံးခွဲခံရတာ ဖြစ်ပါတယ်။

ပေါက်ကွဲသံကြားပြီးနောက်ပိုင်း ကျန်တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကကြောက် ကြောက်လန့်လန့်နဲ့ တမနက်လုံး သေနတ် မိုးပေါ်ထောင် ပြီးပစ်ကြတယ်။ ဘယ်သူဖောက်တာမှန်းလည်း မသိရသေးဘူး – လို့ ဖားကန့် မြို့ခံတစ် ယောက်က ပြောပါတယ်။

ဒီအထူးတိုက်ခိုက်ရေးရဲတွေက ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်စမှ ဘယ်ကရောက်လာမှန်း မသိဘူး။ တံတားကို လာစောင့်နေကြ တယ်။ ပြီးရင် ကျောက်စိမ်းတင်တယ်လို့ ထင်တဲ့ကားတွေကို တားပြီး ပိုက်ဆံ တောင်းတယ်။ ညညဆို သံဆူးကြိုးချပြီး တံတားပေါ် ဖြတ် သမျှကားကို စစ်တယ်။ ဒါကို မကျေနပ်တဲ့ လူတွေက လုပ်တယ်ထင်တာပဲ – လို့ ဖားကန့်မြို့က ကျောက်စိမ်း ကုန်သည် တစ်ဦးက ပြော ပါတယ်။

အခုအချိန်မှာတော့ ဖားကန့်မြို့တံတားမှာ လုံခြုံရေးတွေ မတွေ့ရတော့ဘဲ အရင်အတိုင်း လူများ ပုံမှန်ဖြတ်သန်းသွားနေကြကြောင်း တံ တား အနီး နေထိုင်သူ တစ်ဦးက ပြောပါတယ်။

အခု ဗုံးဖောက်ခွဲတိုက်ခိုက်မှုဟာ ကချင်ပြည်နယ် အရှေ့ဘက်ခြမ်း တရုတ်နယ်စပ် ကေအိုင်အေ ဌာနချုပ် လိုင်ဇာ အနီး လဂျားယန်နဲ့ က ချင် ပြည်နယ် အနောက်ပိုင်း ဖားကန့်မြို့နယ် ကံစီးဒေသများမှာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

အစိုးရတပ်ဖွဲ့များနဲ့ ကချင်လက်နက်ကိုင်များဟာ တစ်နှစ်ကျော်ကြာ တိုက်ခိုက်နေကြသော်လည်း အခုအချိန်အထိ ငြိမ်းချမ်းရေး ဆွေး နွေး နိုင်ကြခြင်း မရှိသေးတာကို တွေ့ရပါတယ်။

No comments:

Post a Comment