Friday, January 25, 2013

ကချင်ဒုက္ခသည် အကူအညီပေးရန် သွားသူများခရီးမအောင်မြင်

ABC

ကချင်ပြည်နယ်အတွင်း ​စစ်ပွဲတွေကြောင့်ဒုက္ခရောက်နေတဲ့ ​ဒေသခံတွေဆီကို ​အသုံးအဆောင်ပစ္စည်းတွေ ​လှူဒါန်းဖို့အတွက် ​သွားရောက် ခဲ့ တဲ့ ​မြန်မာ့လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေး ​ကွန်ယက်အဖွဲ့ဟာ ​လိုင်ဇာမြို့နဲ့ ​၁၅မိုင်အကွာကို ​အရောက်မှာ ​အစိုးရစစ်ကြောင်းက​ရှေ့ဆက် သွားခွင့်မ ပြုတဲ့အတွက် ​လှည့်ပြန်ခဲ့ရတယ်လို့ ​သိရပါတယ်။

မနေ့က ​မွန်းလဲပိုင်း ​၁ ​နာရီဝန်းကျင်လောက်က ​လိုင်ဇာမြို့နဲ့ ​၁၅မိုင်အကွာမှာရှိတဲ့ ​ခါရာတောင်ခြေရင်းက ​သိမ့်ဆင့် ​လမ်းခွဲအရောက်မှာ ​တား ဆီးခံခဲ့ရတာဖြစ်တယ်လို့ ​ခရီးစဉ်ကို ​ဦးဆောင်သူ ​ကိုနေမျိုးဇင်က ​အခုလိုပြောပါတယ်။

“လိုင်ဇာမြို့နဲ့ ​၁၅မိုင်ပဲကွာပါတယ်၊ ​ခါရာတောင်ခြေရင်းပေါ့၊ ​အဲဒီ ​အထိ ​ရောက်ရှိ ​ပြီးတော့ ​မြန်မာ့ ​တပ်မတော် ​စစ်ကြောင်း ​တကြောင်းက ​တား ပြီးပြန်လွတ်လို့ ​ကျနော်တို့ ​ပြန်လာခဲ့ရပါတယ်။ ​ကျနော်တို့ဆက်သွားမဲ့ ​ဧရိယာဝန်းကျင်မှာ တဲ့ ​လုံခြုံရေးအရ ​လုံးဝစိတ်မချရဘူး၊ ​အန္တရယ်ရှိ တယ် ဆိုပြီးမှ ​ပြန်လွတ်တာပါ။”

မနေ့က ​နေ့လည်းပိုင်းမှာ ​ခါရာတောင်ကြောတလျောက် ​အစိုးရတပ်တွေဘက်ကလက်နက်ကြီး ​တွေနဲ့ ​ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ​လက် နက်ကြီးတွေရပ်တာနဲ့ ​မြေပြင်ထိုးစစ်နဲ့ ​အပြင်းအထန်ထန် ​တိုက်ခိုက်မှုတွေကို ​ ညနေပိုင်းအထိ ​ဆက်လုပ်နေတုံးပဲလို့ ​ABSDF ​အဖွဲ့က ​မနေ့ညနေပိုင်းက ​ထုတ်ဖေါ်ပြောဆိုခဲ့တဲ့အကြောင်း ​သိရပါတယ်။

လိုင်ဇာဒေသမှာ ​တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာနဲ့ ​ပတ်သက်ပြီး ​အမေရိကန် ​သံရုံးက ​မနေ့က ​ကြေငြာချက်ထုတ်ပြန်ခဲ့ရာမှာ ​အ ရပ် သားများထိခိုက်သေကြေစေပြီး ​အမျိုးသားပြန်လည်သင့်မြတ်ရေးကို ​အားယုတ်စေတဲ့ ​တိုက်ခိုက်မှုတွေ ​ဆက်လက်ဖြစ်ပွားနေတာကို ​အမေရိ ကန်ပြည်ထောင်စုက ​ပြင်းထန်စွာ ​ဆန်ကျင်ကန့်ကွက်တယ်လို့ ​ဖော်ပြထားတဲ့အကြောင်း ​ရေဒီယိုသြစတြေးလျသတင်းထောက် ​မြတ် မိုး က ​သတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နကဒေသခံတချို့အစိုးရစစ်တပ်ကနှိပ်စက်

ကချင်ပြည်နယ်က ​ဒေသခံတချို့ကို ​မြန်မာအစိုးရ ​စစ်တပ်နဲ့ ​ရဲတပ်ဖွဲ့တွေက ​ငြှင်းပမ်းနှိပ်စက်မှုတွေလုပ်နေတယ်လို့ ​ဟောင်ကောင်အ ခြေ စိုက် ​လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က ​စွပ်စွဲလိုက်ပါတယ်။

အာရှလူ့အခွင့်အရေးကော်မရှင်အဖွဲ့က ​မြန်မာအစိုးရအာဏာပိုင်တွေရဲ့ ​ဖောက်ဖျက်ကျူးလွန်မှုတွေ ကို ​အထောက်အထားခိုင်ခိုင်လုံလုံ ​စု ဆောင်းခဲ့ရာမှာ ​ပြီးခဲ့တဲ့နှစ်အတွင်း ​ကျူးလွန်မှုပေါင်း ​၃၆ ​မှု ​စုဆောင်းမိခဲ့တယ်လို့ ​ကြေငြာလိုက်ပါ တယ်။

ကချင်လက်နက်ကိုင်အဖွဲ့နဲ့ ​ဆက်စပ်နေသူတွေလို့ ​သံသယရှိသူတွေကို ​အစိုးရအဖွဲ့တွေက ​နှိပ်စက်စစ်ဆေးခဲ့ရာမှာ ​အနှိပ်စက်ခံရတဲ့ သူတချို့ ​အကြားအာရုံချို့ယွင်းခဲ့တာတွေ၊ ​ဦးနှောက်ထိခိုက်ခဲ့တာတွေ၊ ​တသက်လုံး ​မပျောက်နိုင်တော့တဲ့ ​ဒဏ်ရာအမာရွတ်တွေ ​ကိုယ်နဲ့ ​မျက်နှာပေါ် မှာရခဲ့တာတွေကို ​မှတ်တမ်းပြုနိုင်ခဲ့တယ်လို့ ​ဆိုပါတယ်။

တကယ်တမ်းဥပဒေအရ ​တရားရုံးတင် ​စစ်ဆေးနိုင်ဖို့ ​အထောက်အထားမရှိပေမယ့်လည်း ​တရားမဝင်အဖွဲ့တွေနဲ့ဆက်သွယ်မှုကြောင့် ​အပြစ် ရှိတယ်လို့ ​ယူဆချက်အရ ​အခုလို ​စစ်တပ်နဲ့ ​ရဲတပ်ဖွဲ့တွေက ​နှိပ်စက်စစ်ဆေးမှုတွေလုပ်ခဲ့တာဖြစ်တယ်လို့ ​ကော်မရှင်ရဲ့ ​အမှု ဆောင်ဒါရိုက် တာ ​Bijo ​Francis ​က ​ပြောပါတယ်။



ကလေးစစ်သားအသုံးပြုမှု

မြန်မာအစိုးရတပ်တွေရင်ဆိုင်တိုက်ပွဲတွေဖြစ်နေတဲ့ ​ကချင်လက်နက်ကိုင်အဖွဲ့ဖက်က ​ဖမ်းဆီးထိန်း သိမ်းထားခဲ့တဲ့ ​အစိုးရတပ်ဖက်က ​ကလေး စစ်သားတွေကို ​ပြန်လွှတ်ပေးခဲ့တယ်လို့ ​အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ​ILO ​က ​ကြေ ငြာခဲ့ပါတယ်။

ကချင်လက်နက်ကိုင်တပ်ဖက်က ​အသက်မပြည့်သေးတဲ့ ​ကလေးစစ်သား ​၈ ​ယောက်ပြန်လွှတ်ပေးတာကို ​ILO ​အဖွဲ့က ​ကြားဝင်ဆောင် ရွက် ပေး ခဲ့ရတယ်လို့ ​ဆိုပါတယ်။

အဲဒီကလေးစစ်သားတွေကို ​အစိုးရတပ်က ​တရားဝင်လွတ်လပ်ခွင့်ပေးဖို့ဆက်ပြီးတောင်းဆိုသွားမှာဖြစ်တယ်လို့ ​ရန်ကုန်အခြေစိုက် ​ILO ​အဖွဲ့အရာရှိ ​Steve ​Marshall ​က ​ပြောပါတယ်။

တချိန်ထဲမှာပဲ ​မြန်မာနိုင်ငံအတွင်းမှာ ​ကလေးစစ်သားစုဆောင်းတာတွေ ​ရပ်တန့်ပြီး ​နေရပ်ပြန်ခွင့် ပေးဖို့ ​အပြည်ပြည်ဆိုင်ရာကလေးစစ်သား ဆိုင်ရာ ​Child ​Soldiers ​International ​အဖွဲ့ရဲ့ ​အစီရင်ခံစာတစ်စောင်က ​တိုက်တွန်းလိုက် ပါတယ်။

ကလေးစစ်သားတွေကို ​မြန်မာအစိုးရတပ်တွေဖက်မှာသုံးနေသလိုပဲ ​အစိုးရတပ်နဲ့ ​ပဋိပက္ခဖြစ်နေတဲ့ ​ကချင်လက်နက်ကိုင်အဖွဲ့ဖက်က လည်း ​အသက်မပြည့်သေးတဲ့ ​ကလေးစစ်သားတွေ ​သုံးနေနိုင်တယ်လို့ ​အစီရင်ခံစာမှာ ​ပါရှိပါတယ်။

ပြီးခဲ့တဲ့နှစ် ​ဇွန်လကစပြီး ​အခုအချိန်အထိ ​မြန်မာအစိုးရတပ်တွေကနေ ​နေရပ်ပြန်ခွင့်ပေးခဲ့တဲ့ ​ကလေးစစ်သား ​၄၂ ​ယောက်ရှိပြီဖြစ်ပေ မယ့် ​ဒီအရေအတွက်ဟာ ​စစ်တပ်ထဲမှာတကယ်ရှိတဲ့ ​ကလေးစစ်သားအရေအတွက်ရဲ့ ​အစွန်းထွက်အရေအတွက်လောက်ပဲရှိမယ်လို့ ​Child ​Soldiers ​International ​အဖွဲ့က ​ခန့်မှန်းထားပါတယ်။

မြန်မာအစိုးရနဲ့ ​ကချင်လက်နက်ကိုင်အဖွဲ့အကြား ​ငြိမ်းချမ်းရေးရအောင် ​ဆောင်ရွက်မှုတွေ ​အောင်မြင်ဖို့မျှော်လင့်မိကြောင်း ​ဒါမှလည်း ​နှစ် ဖက်လုံးက ​ကလေးစစ်သားသုံးတာတွေကို ​အဆုံးသတ်ဖို့ ​သဘောတူညီချက်ရနိုင်အောင် ​လုပ်နိုင်မှာဖြစ်တဲ့အကြောင်းလည်း ​ပါရှိပါ တယ်။

အစီရင်ခံစာထဲမှာ ​အသက်မပြည့်သေးတဲ့ ​ကလေးစစ်သားစုဆောင်းမှုတွေကို ​စစ်ဆေးတွေ့ရှိရင် ​မြန်မာအာဏာပိုင်တွေက ​တာဝန်ရှိသူ တွေ ကို ​ထိထိရောက်ရောက်အရေးယူဖို့နဲ့ ​စစ်သားစုဆောင်းရေးလုပ်တဲ့နေရာတွေကို ​ကုလသမဂ္ဂ ​အထူးအဖွဲ့က ​သွားရောက်လေ့လာဖို့အပြင် ​တခြားလက်နက်ကိုင်အဖွဲ့တွေနဲ့လည်း ​စေ့စပ်ဆွေးနွေးသွားဖို့လည်း ​တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံက ​ကလေးစစ်သားတွေထဲမှာ ​အထင်ရှားဆုံးကတော့ ​အသက် ​၁၂ ​နှစ်အရွယ်မှာ ​ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကို ​ဦးဆောင်ခဲ့တဲ့ ​Johnny ​ထူးနဲ့ ​Luther ​ထူးတို့ပဲ ​ဖြစ်ပါတယ်။

No comments:

Post a Comment