Wednesday, January 23, 2013

ပေါင်းကူးတံတားလုပ်ပေးဖို့ မြန်မာ အစိုးရကို အိန္ဒိယကမ်းလှမ်း

ABC

မြန်မာ ​နိုင်ငံတော်သမ္မတ ​ဦးသိန်းစိန်က ​အိန္ဒိယ ​ နိုင်ငံအနေနဲ့ ​အရှေ့တောင်အာရှ ​နိုင်ငံတွေကို ​ကူး ​ဖို့​တံတားအနေနဲ့ ​မြန်မာနိုင်ငံကို ​အသုံးပြု ဖို့ ​ကမ်းလှမ်းလိုက်တယ်ဆို ​တဲ့အကြောင်း ​အိန္ဒိယ ​နိုင်ငံက ​မီဒီယာတွေအရ ​သိရပါတယ်။

အိန္ဒိယ ​ကာကွယ်ရေးဝန်ကြီး ​A.K. ​Antony ​ခေါင်းဆောင်တဲ့ ​ကာကွယ်ရေးဦးစီးချုပ်ထိပ်တန်းအရာ ​ရှိအဖွဲ့ဟာ ​မြန်မာနိုင်ငံကို ​၂ ​ရက်ကြာ ခရီး စဉ်နဲ့ရောက်ရှိနေပြီး ​မနေ့က ​နေပြည်တော်မှာ ​သမ္မတကြီး ​ဦးသိန်းစိန် ​နဲ့ ​တွေ့ဆုံ ​ဆွေးနွှေး ​ခဲ့တဲ့အကြောင်း ​သိရပါတယ်။ ​အိန္ဒိယ ​မြန်မာ၂ ​နိုင်ငံတွေ့ ​ဆုံဆွေးနွှေးပွဲမှာ ​အဓိက ​အားဖြင့် ​နယ်စပ်လုံခြုံရေးကိစ္စတွေ ​ဖြစ်ပြီး၊ ​တရုတ် ​နိုင်ငံအနေနဲ့ ​အိန္ဒိယ ​သမုဒ္ဒထဲကို ​လမ်း ပေါက်တာကို ​ကြိုတင် ​ကာကွယ်ဖို့ ​ခြေလှမ်းတွေ ​ကိုလည်း ​ဆွေးနွှေးဖို့ ​ပါဝင်တယ်လို့ ​အိန္ဒိယ ​နိုင်ငံက ​နိုင်ငံရေး ​သုံးသပ်ရေးသမားတွေက ​ဆိုပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ​ကိုကိုးကျွန်းမှာ ​စစ်တပ် ​အခြေချစခန်း ​ရှိ ​နေတာဖြစ်လို့ ​အိန္ဒိယ ​နိုင်ငံ ​အနေနဲ့ ​မြန်မာ ​ကာကွယ်ရေး ​တပ်နဲ့ ​ပို ​မိုရင်းနှီး မှု ကို ​လို ​လားနေတာဖြစ်တယ်လို့ ​ဆိုပါတယ်။ ​အိန္ဒိယ ​မြန်မာ ​၂ ​နိုင်ငံကြား ​နယ်စပ်ဒေသက ​လက်နက်ကိုင်သောင်းကျန်းတဲ့အဖွဲ့တွေ ​ဒု စရိုက် ​ကျူးလွန်မှုတွေ ​နယ်စပ်လုံခြုံရေးကိစ္စတွေနဲ့ ​၂ဦး ​၂ ​ဘက်လုံးက ​မိမိတို့ ​၂နိုင်ငံတွင်း ​အစိုး ​၂ခုလုံး ​ကို ​ထိပါးတဲ့ ​လှုပ်ရှားမှု ​များ ​လုပ် ကိုင် ဆောင် ရွက်ဖို့အတွက် ​စားကြက်မြေ ​မပေးဖို့ ​ဆွေးနွေးခဲ့ကြတယ်လို့ ​ဆိုပါတယ်။

မြန်မာနိုင်ငံတွင်း ​တရုတ် ​နိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ ​မြစ်ဆုံစီမံကိန်းကြီး ​ရပ်တန့်ထားတဲ့ ​အတွက်ကြောင့် ​မြန်မာ ​နိုင်ငံအနေနဲ့ ​လို အပ် နေတဲ့ ​လျှပ်စစ်ဓါတ်အား ​စီမံကိန်း ​ကို ​အိန္ဒိယ ​နိုင်ငံ ​အကောင်အထည်ဖေါ်ဖို့ ​လက်ခံတာတွေ ​ပါဝင်တယ်လို့ ​သိ ​ရ ​ပါတယ်။

အိန္ဒိယ ​ကာကွယ်ရေးဝန်ကြီး ​A.K. ​Antony ​က ​အိန္ဒိယ ​နိုင်ငံကနေ ​လွန်ခဲ့တဲ့ ​တနှစ်ခွဲအတွင်း ​မြန်မာနိုင်ငံကို ​အိန္ဒိယနိုင်ငံက ​ထိပ်တန်း ခေါင်း ဆောင်တွေ ​လာရောက်ခြင်းဟာ ​မြန်မာနိုင်ငံ ​နဲ့ ​နိုင်ငံရေးအရရော ​တခြားကဏ္ဍတွေမှာ ​အပါအဝင် ​ဆက်ဆံရေးပိုမိုတောင့်တင်း ခိုင်မာမှုကိုလို ​လားနေတယ်ဆိုတာကိုပြသနေတာဖြစ်တယ်လို့ဆိုပါတယ်။

No comments:

Post a Comment