Wednesday, January 23, 2013

ကချင်ဒုက္ခသည်အတွက် မီးထွန်းဆုတောင်းပွဲကျင်းပ

ABC

သစတြေးလျနိုင်ငံမှာရောက်ရှိနေတဲ့ ​ကချင်တိုင်းရင်းသားတွေအနေနဲ့ ​လက်ရှိကချင်ပြည်နယ်မှာဖြစ်နေတိုက်ပွဲတွေကြောင့် ​အကူအညီ ​လုံ လောက် စွာ ​မရဘဲ ​ပြည်တွင်းဒုက္ခသည်တွေအဖြစ်နဲ့ ​နေထိုင်နေရတဲ့ ​ကချင်လူထုတွေအတွက် ​ဖရောင်းတိုင်မီးထွန်းဆုတောင်းပွဲ ​တခု ကို ​ဆီဒနီမြို့မှာ ​မနေ့ညကကျင်းပပြုလုပ်ခဲ့ကြပြီး ​တက်ရောက်သူ ​၂၅ဝနီးပါးရှိခဲ့တယ်လို့သိရပါတယ်။

အခမ်းအနားကို ​ကျင်းပရခြင်း ​အကြောင်းနဲ့ပတ်သက်ပြီး ​အခမ်းအနား ​တက်ရောက်ခဲ့တဲ့ ​ကချင်တိုင်းရင်းသူ ​မဆိုင်လဖိုင်က ​အခုလိုရှင်းပြခဲ့ပါ တယ်။

“ရည်ရွယ်ချက်ကတော့ ​ဆက်လက်ပြီးတော့ ​ထိုးစစ်ဆင်နေဆဲဖြစ်တဲ့ ​အကြမ်း ​ဖက် ​မြန်မာ ​စစ်တပ်ကို ​ပြင်းပြင်း ​ထန်ထန် ​ကန့်ကွက်ဆန္ဒဖော် ထုတ်ဖို့ရန် ​ပြီးတော့ ​လူဦးရေတသိန်းမျှရှိနေပြီဖြစ်တဲ့ ​ကချင်စစ်ပြေး ​ဒုက္ခသည်များကို ​ထပ်တူထပ် မျှစာနာပြီး ​မားမားမတ်မတ် ​၄င်းတို့နဲ့အတူ ​ရှိနေကြောင်း ​အားပေးဖို့အတွက် ​ပြီးတော့ ​စစ်ပြေးဒုက္ခသည်များရဲ့အကြပ်အတည်း ​အမြန် ချုပ်ငြိမ်းဖို့အတွက် ​ဆုတောင်းခြင်း ​တို့ဖြစ်ပါတယ်” ​ဆိုပါတယ်။

အခမ်းအနားမှာ ​သြစတြးလျနိုင်ငံက ​နိုင်ငံရေးပါတီတခုဖြစ်တဲ့ ​Geen ​ပါတီက ​ဆီနိတ်လွတ်တော်အမတ် ​John ​Kaye ​လည်းတက်ရောက် ပြီး သြစတြေးလျနိုင်ငံအနေနဲ့ ​လက်ရှိကချင်ပြည်နယ်ကဖြစ်နေတဲ့ ​ပဋိပက္ခအပေါ် ​အခုလိုပြောပါတယ်။

“သြစတြေးလျနိုင်ငံ ​ခြားရေးဝန်ကြီးအနေနဲ့ ​တကယ့်ဖြစ်နေတဲ့အခြေအနေ ​ကိုနားလည်စေချင်တယ်။ ​ပြီးတော့ ​ မြန်မာအစိုးရအနေနဲ့ ​သူတို့ရဲ့ ​တာဝန်ယူမှုကို ​ရှောင်ရှားဖို့အတွက် ​ဖွဲ့စည်းပုံအခြေခံဥပဒေနောက်ကွယ်ကနေ ​ဒါမှမဟုတ် ​သူတို့ယုံကြည်အားထားရတဲ့စစ်တပ်အာဏာနောက် ကွယ်ကနေပုံးကွယ်နေလို့မရသလို ​ဘယ်သမိုင်းရဲ့နောက်ကွယ်မှာမှပုံးကွယ်လို့မရ ​တဲ့အ ကြောင်းကို ​မြန်မာအစိုးရကိုနားလည်စေချင်တဲ့အ ကြောင်း၊ ​ကျနော်တို့အနေနဲ့ကလည်း ​ဘယ်ပဋိပက္ခသမိုင်းကိုမှဂရုမစိုက်ကြောင်း၊ ​ကျ နော်တို့ ​ဂရုစိုက်တာက ​ကချင်တိုင်းရင်းသားတွေရဲ့အခွင့် အရေး၊ ​သူတို့ရဲ့ဌာနေမှာလွတ်လပ်ပျော်စွာ ​ငြိမ်းချမ်းစွာ ​ကြီးထွား ​နေထိုင်ရဖို့နဲ့အကြောက်တရားကနေကင်းလွတ်ပြီး ​လွတ်လပ်စွာနေ နိုင် ခွင့်တွေကိုပဲဂရုစိုက်တဲ့အကြောင်း” ​ကိုပြောသွားတာ ​ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံမှာအကြောင်းအမျိုးအမျိုးကြောင့် ​ရောက်ရှိနေထိုင်ကြတဲ့ ​ကရင်တိုင်းရင်းသားများ၊ ​မွန်တိုင်းရင်းသားများနဲ့ ​မြန်မာ့အ ရေး လုပ်ရှားသူများလည်းတက်ရောက်ခဲ့ကြပြီး ​အခမ်းအနားကိုတက်ရောက်ခဲ့တဲ့မွန်တိုင်းရင်းသားတဦးကတော့ ​သူ့အနေနဲ့တက်ရောက် ရတဲ့အ ကြောင်းကိုအခုလိုပြောပါတယ်။

“ကချင်တိုင်းရင်းသားလူမျိုးတွေအပေါ် ​မတရားငြင်းပမ်းနှိမ့်စက်တိုက်ခိုက်ခြင်းတွေကို ​ကျနော်တို့ ​ဆန့်ကျင်ရှုံ့ချချင်တဲ့အနေဖြင့် ​လာရောက်ခဲ့ခြင်းဖြစ်ပါတယ်။”

အခမ်းအနားကို ​ည ​၇နာရီခွဲကနေ ​၉နာရီခွဲအထိကျင်းပပြုလုပ်ခဲ့ပြီး ​ကချင်ပြည်နယ်ကဒုက္ခသည် ​တွေကြုံတွေ့ခံစားရတဲ့အကြောင်းအရာ တွေ ကို ​ရုပ်သံတွေနဲ့အတူ ​ပြသတင်ပြခဲ့ကြပြီး ​ဖရောင်းတိုင်မီးထွန်းဆုတောင်းပွဲတွေပြုလုပ်ခဲ့ကြပါတယ်။

အခမ်းအနားကိုတက်ရောက်စကားပြောခဲ့တဲ့ ​Burma ​Campaign ​Australia ​ကတာဝန်ရှိသူ ​Zetty ​Brake ​ကလည်း ​လက်ရှိထိုးစစ်ဆင်မှုနဲ့ပတ် သက်ပြီးသူတို့ရဲ့အမြင်သဘောထားကိုအခုလိုပြောပါတယ်။

“ကျမထင်တာကတော့ ​တကယ့်အောက်ခြေမှာဖြစ်နေတဲ့အခြေအနေနဲ့ ​မြန်မာအာဏာနာပိုင်တွေက ပြောတာနဲ့တော်တော်လေးကွာပါတယ်။ ​ကျ မတို့အနေနဲ့ ​သူတို့ရဲ့ပြောတာတဲ့အပေါ်ကိုကြည့်ပြီးဆုံးဖြတ်လို့မရပါဘူး။ ​သူတို့လုပ်နေတဲ့အ ပေါ်မှာဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ​သူတို့ပြော တာကတခြား ​တကယ်ဖြစ်နေတာကနဲ့ ​လုံးဝဆန့်ကျင်ဖက်ဖြစ်နေပါတယ်။ ​လူတသိန်းကျော် လောက် ​ပြည်တွင်းဒုက္ခသည်တွေအဖြစ်နဲ့နေရပြီး တော့ ​အကူအညီတွေကိုလုံလောက်စွာမရဘူး။ ​ကျမတို့တွေ့ချင်တာက ​လူသားချင်းစာ နာထောက်ထားတဲ့အကူအညီပေးဖို့၊ ​တားမြစ် ထား တဲ့အချက်တွေအားလုံးဖွင့်ပေးပြီး ​ဝင်ခွင့်ပေးဖို့၊ ​ပြီးတော့ ​အကူအညီလိုအပ်တဲ့သူ တွေအားလုံး ​သူတို့ရဲ့လိုအပ်ချက်တွေရဖို့အတွက်လည်း ​စမ်း စစ်ရမှာဖြစ်ကြောင်းနဲ့ ​ကမ္ဘာတဝန်းမှာရှိတဲ့အဖွဲ့အစည်းတွေအနေနဲ့က လည်း ​အကူအညီပေးနိုင်မဲ့နည်းလမ်းအမျိုးမျိုးကိုအသုံးပြုပြီး ​လိုအပ် တဲ့ သူတွေဆီအကူအညီရောက်အောင် ​သေချာစမ်းစစ်ရမှာဖြစ် ကြောင်း” ​ပြောသွားတာဖြစ်ပါတယ်။

ကချင်ပြည်ငြိမ်းချမ်းရေးအတွက်လှမ်းလျှေက်ပွဲ

ရန်ကုန်ကနေ ​မိုင် ​၈၀၀နီးပါးရှိတဲ့ ​KIO ​ဌာနချုပ်လိုင်ဇာ ​ကို ​ ငြိမ်းချမ်းရေးအတွက် ​လမ်းလျောက်တဲ့အဖွဲ့ဟာ ​ပဲခူးမြို့အ၀င်မှာ ​အာဏာပိုင်အဖွဲ့အစည်းတွေက ​စီတန်းလှည့်လည်ခွင့် ​ဥပဒေနဲ့ ​မညီဘူးဆိုပြီး ​တားမြစ်ခံရ ​ပြီးနောက် ​နေ့လည်ပိုင်းမှာခရီးဆက်ထွက်ခွင့် ​ရ ​ခဲ့တယ်လို့ ​သိရ ပါတယ်။

ငြိမ်းချမ်းရေးအတွက် ​လမ်းလျောက်တဲ့ ​အဖွဲ့မှာ ​သံဃာတော် ​၃ပါးအပါအ၀င် ​အားလုံးအယောက် ​၃၀ ​ရှိ ​တယ်လို့ ​သိရပါတယ်။

ပဲခူးမြို့အ၀င်မှာ ​အာဏာပိုင်အဖွဲ့အစည်းတွေက ​ရှေ့ဆက်မသွားဖို့ ​တားမြစ်ခဲ့တာနဲ့ ​ပတ်သက်ပြီး ​လမ်းလျောက်ရာမှာ ​ဦးဆောင်ပါဝင်သူ ​ကို ဇင်ကိုက ​အခုလိုပြောပါတယ်။

“ကျနော်တို့ ​ပဲခူးအ၀င်မှာ ​အတားခံရတာပါ၊ ​ကျနော်တို့က ​အလံထောင် ​ပြီး ​သွားနေတဲ့အတွက် ​ကျ နော်တို့ ​လမ်းလျောက်နေတာ ​စီတန်း လှည့် လည်ခွင့်ဥပဒေနဲ့ ​မညီပါဘူးဆိုပြီး ​ကျနော်တို့ကို ​တားတာပါ။”

ငြိမ်းချမ်းရေးအတွက် ​လမ်းလျောက်သူတွေက ​စစ်ပွဲတွေဖြစ်ပွားနေတဲ့ ​လိုင်ဇာမြို့မှာ ​ငြိမ်းချမ်းရေးအလံစိုက်ထူမှာ ​ဖြစ်ပေမဲ့ ​အာဏာပိုင် တွေ ကအလံ ​ကိုင်ဆောင်ခွင့်မပေးတဲ့အတွက် ​အလံမပါဘဲခရီးဆက်ထွက်ခဲ့ကြတယ်လို့ ​သိ ​ရ ​ပါတယ်။

လမ်းလျှောက်တဲ့ ​အဖွဲ့တွေ ​တည်းခိုမဲ့ပဲခူးမြို့ကဘုန်းကြီးကျောင်းကို ​သက်ဆိုင်ရာအာဏာပိုင်တွေက ​တည်းခိုခွင့်မပေးပြီး ​မီးတွေလည်း ဖြတ် ထားတယ်လို့ဆိုတဲ့အကြောင်းသိရပါတယ်။

No comments:

Post a Comment