ABC
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိဖို့အတွက် ရဟန်းသံဃာနဲ့ ပြည်သူတွေ စုပေါင်းပြီး လူထု ဆန္ဒပြမှု လုပ်ခဲ့ပြီး အစိုးရအနေနဲ့ ငြိမ်းချမ်းရေး ကိစ္စ အရေးတယူမလုပ်ဖူးဆိုရင် ပိုပြီးကြီးမားတဲ့လူထုလှုပ်ရှားမှုတွေ ပြုလုပ်သွားမယ်လို့ ရန်ကုန်မြို့မှာပြုလုပ်တဲ့ ကချင်ပြည်နယ်စစ်ပွဲအ တွက် ငြိမ်း ချမ်းရေး ဆုတောင်းပွဲမှာ ဆန္ဒပြသူတွေက ပြောပါတယ်။
ပြည်သူတွေရဲ့ ဆန္ဒကို အာဏာပိုင်တွေ သိရှိအောင် ပြည်သူတွေကိုယ်စား ဆန္ဒဖော်ထုတ်ပေးတာဖြစ်တယ်လို့ ဆန္ဒပြမှုမှာ ဦးဆောင်ပါဝင် တဲ့ ကိုမိုးဃ်းသွေးက ပြောပါတယ်။
“အခုလှုပ်ရှားမှုတောင်းဆိုမှုတွေက ဘယ်လိုအကျိုးသက်ရောက်မလဲဆိုတော့ကျွန်တော်တို့ကပြည် သူအနေနဲ့ ကိုယ်တတ်နိုင်တဲ့နည်းနဲ့ကိုယ့် အသံကို အစိုးရတွေသိအောင် ပြည်သူတွေသိအောင် ကမ္ဘာသိအောင် ဖော်ထုတ်တဲ့အပိုင်းကိုပဲ တတ် နိုင်တယ်။ ပြည်သူတွေဘာဆန္ဒရှိတယ် ဆိုတာကို ပြည်သူတွေကိုယ်စား ဖော်ထုတ်ပေးခြင်းဖြစ်တယ် တကယ်ဖြစ်လာနိုင်ခြင်း ဖြစ်မ လာနိုင်ခြင်းက အစိုးရပေါ်မှာအများကြီးမူ တည် တယ်။ အစိုးရကော သက်ဆိုင်ရာတိုင်းရင်းသားခေါင်းဆောင်တွေကော ပြည်သူကို တ ကယ်လေးစားရင် ပြည်သူ့အပေါ် တကယ်စေတနာရှိရင် ကျွန်တော်တို့ရဲ့တောင်းဆိုမှုက တကယ်အရာထင်လိမ့်မယ်လို့ ထင်တယ် တ ကယ်လို့လေးစားမှုမရှိရင်လည်း သူတို့တွေ လစ်လျူရှုတာကိုခံ ရ မှာပါ။ အဲ့ဒါမျိုးဖြစ်လာခဲ့မယ်ဆိုရင်လည်း ဒိထက်ပိုပြီးကြီးမားကျယ် ပြန့်တဲ့ တောင်းဆိုမှုတွေ ဆက်လုပ်သွားမှာပါ”
၃ နာရီကြာ ပြုလုပ်တဲ့ ဆုတောင်းပွဲကို လက်ပံတောင်းတောင်က ဆန္ဒပြသံဃာတော်တွေနဲ့အတူ၊ တိုင်းရင်းသားတွေနဲ့၊ လူမူရေးနှင့် ငြိမ်း ချမ်း ရေးအဖွဲ့အစည်းက လူ ၂၀၀ ၀န်းကျင် ပါဝင်ခဲ့ပါတယ်။ဆုတောင်းပွဲမှာ ပါဝင်တဲ့ ကချင်ငြိမ်းချမ်းရေးကွန်ယက်က မမေစံပါယ်ဖြူ က လည်း ခု လို ပြောသွားခဲ့ပါတယ်။
“ပျော်ရွင်စွာနဲ့ နှစ်သစ်ကို ကြိုဆိုနေတဲ့အချိန်မှာ အားလုံးပဲသိကြတဲ့အတိုင်း ကချင်ဒေသမှာ ငိုကြွေးနေ ရပါတယ်။ လာပြီးကျဲချမဲ့ဗုံးသံတွေ ကျည်ဆံသံတွေကို ဗုံးခိုကျင်းထဲမှာ ရင်တထိတ်ထိတ်နဲ့ နေနေရပါတယ်။ ဒုက္ခသည်စခန်းက ကလေး တွေ၊အမျိုးသမီးတွေ သက်ကြီး ရွယ်အို တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေအားလုံးအတွက် နှစ်သစ်ရဲ့အစဖြစ်တဲ့ ဒီနေ့မှာ ငြိမ်းချမ်းသော စစ်ပွဲ မရှိသော စစ်မှန်တရာမျှတတဲ့ ငြိမ်းချမ်း ရေး ကိုဖော်ဆောင်နိုင်သော ၂၀၁၃ဖြစ်ဖို့ရန်အတွက် ဒီနေ့ဒီနေရာမှာ စုရုံးရောက်ရှိနေတာ ဖြစ်ပါ တယ်”
ဆုတောင်းပွဲမှာ ဆရာတော်ဦးဝိမလ ဦးဆောင်တဲ့လက်ပံတောင်းတောင်ဆန္ဒပြသံဃာတွေက မေတ္တာသုတ်ရွတ်ဖတ်ပြီး တခြားအဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တို့က ဆုတောင်းလွှာတွေ ဖတ်ကြားသလို ငြိမ်းချမ်းရေးကဗျာတွေ၊ ငြိမ်းချမ်းရေးသီချင်းတွေ သီဆိုခဲ့ကြတယ်လို့ ရေဒီယိုသြစတြေး လျ အလွှတ်သတင်းထောက် ထက်ထက်က သတင်းပေးပို့ခဲ့ပါတယ်။
No comments:
Post a Comment