Wednesday, January 2, 2013

ငြိမ်းချမ်းရေးအတွက် သံဃာတော်နဲ့ ပြည်သူတွေ ဆုတောင်းပွဲလုပ်

ABC

မြန်မာနိုင်ငံမှာ ​ငြိမ်းချမ်းရေးရရှိဖို့အတွက် ​ရဟန်းသံဃာနဲ့ ​ပြည်သူတွေ ​စုပေါင်းပြီး ​လူထု ​ဆန္ဒပြမှု ​လုပ်ခဲ့ပြီး ​အစိုးရအနေနဲ့ ​ငြိမ်းချမ်းရေး ကိစ္စ ​အရေးတယူမလုပ်ဖူးဆိုရင် ​ပိုပြီးကြီးမားတဲ့လူထုလှုပ်ရှားမှုတွေ ​ပြုလုပ်သွားမယ်လို့ ​ရန်ကုန်မြို့မှာပြုလုပ်တဲ့ ​ကချင်ပြည်နယ်စစ်ပွဲအ တွက် ငြိမ်း ချမ်းရေး ​ဆုတောင်းပွဲမှာ ​ဆန္ဒပြသူတွေက ​ပြောပါတယ်။

ပြည်သူတွေရဲ့ ​ဆန္ဒကို ​အာဏာပိုင်တွေ ​သိရှိအောင် ​ပြည်သူတွေကိုယ်စား ​ဆန္ဒဖော်ထုတ်ပေးတာဖြစ်တယ်လို့ ​ဆန္ဒပြမှုမှာ ​ဦးဆောင်ပါဝင် တဲ့ ​ကိုမိုးဃ်းသွေးက ​ပြောပါတယ်။

“အခုလှုပ်ရှားမှုတောင်းဆိုမှုတွေက ​ဘယ်လိုအကျိုးသက်ရောက်မလဲဆိုတော့ကျွန်တော်တို့က​ပြည် သူအနေနဲ့ ကိုယ်တတ်နိုင်တဲ့နည်းနဲ့ကိုယ့် အသံကို ​အစိုးရတွေသိအောင် ​ပြည်သူတွေသိအောင် ​ကမ္ဘာသိအောင် ​ဖော်ထုတ်တဲ့အပိုင်းကိုပဲ တတ် နိုင်တယ်။ ​ပြည်သူတွေဘာဆန္ဒရှိတယ် ဆိုတာကို ​ပြည်သူတွေကိုယ်စား ​ဖော်ထုတ်ပေးခြင်းဖြစ်တယ် ​တကယ်ဖြစ်လာနိုင်ခြင်း ​ဖြစ်မ လာနိုင်ခြင်းက ​အစိုးရပေါ်မှာအများကြီးမူ တည် တယ်။ ​အစိုးရကော ​သက်ဆိုင်ရာတိုင်းရင်းသားခေါင်းဆောင်တွေကော ​ပြည်သူကို ​တ ကယ်လေးစားရင် ​ပြည်သူ့အပေါ် ​တကယ်စေတနာရှိရင် ​ကျွန်တော်တို့ရဲ့တောင်းဆိုမှုက ​တကယ်အရာထင်လိမ့်မယ်လို့ ​ထင်တယ် ​တ ကယ်လို့လေးစားမှုမရှိရင်လည်း ​သူတို့တွေ ​လစ်လျူရှုတာကိုခံ ရ မှာပါ။ ​အဲ့ဒါမျိုးဖြစ်လာခဲ့မယ်ဆိုရင်လည်း ​ဒိထက်ပိုပြီးကြီးမားကျယ် ပြန့်တဲ့ ​တောင်းဆိုမှုတွေ ​ဆက်လုပ်သွားမှာပါ”

၃ ​နာရီကြာ ​ပြုလုပ်တဲ့ ​ဆုတောင်းပွဲကို ​လက်ပံတောင်းတောင်က ​ဆန္ဒပြသံဃာတော်တွေနဲ့အတူ၊ ​တိုင်းရင်းသားတွေနဲ့၊ ​လူမူရေးနှင့် ​ငြိမ်း ချမ်း ရေးအဖွဲ့အစည်းက ​လူ ​၂၀၀ ​၀န်းကျင် ​ပါဝင်ခဲ့ပါတယ်။ဆုတောင်းပွဲမှာ ​ပါဝင်တဲ့ ​ကချင်ငြိမ်းချမ်းရေးကွန်ယက်က ​မမေစံပါယ်ဖြူ က လည်း ခု လို ​ပြောသွားခဲ့ပါတယ်။

“ပျော်ရွင်စွာနဲ့ ​နှစ်သစ်ကို ​ကြိုဆိုနေတဲ့အချိန်မှာ ​အားလုံးပဲသိကြတဲ့အတိုင်း ​ကချင်ဒေသမှာ ​ငိုကြွေးနေ ရပါတယ်။ ​လာပြီးကျဲချမဲ့ဗုံးသံတွေ ​ကျည်ဆံသံတွေကို ​ဗုံးခိုကျင်းထဲမှာ ​ရင်တထိတ်ထိတ်နဲ့ ​နေနေရပါတယ်။ ​ဒုက္ခသည်စခန်းက ​ကလေး တွေ၊အမျိုးသမီးတွေ ​သက်ကြီး ရွယ်အို တွေ၊ ​ကိုယ်ဝန်ဆောင်မိခင်တွေအားလုံးအတွက် ​နှစ်သစ်ရဲ့အစဖြစ်တဲ့ ​ဒီနေ့မှာ ​ငြိမ်းချမ်းသော ​စစ်ပွဲ မရှိသော ​စစ်မှန်တရာမျှတတဲ့ ​ငြိမ်းချမ်း ရေး ကိုဖော်ဆောင်နိုင်သော ​၂၀၁၃ဖြစ်ဖို့ရန်အတွက် ​ဒီနေ့ဒီနေရာမှာ ​စုရုံးရောက်ရှိနေတာ ဖြစ်ပါ တယ်”

ဆုတောင်းပွဲမှာ ​ဆရာတော်ဦးဝိမလ ​ဦးဆောင်တဲ့လက်ပံတောင်းတောင်ဆန္ဒပြသံဃာတွေက ​မေတ္တာသုတ်ရွတ်ဖတ်ပြီး ​တခြားအဖွဲ့အစည်းနဲ့ ​လူပုဂ္ဂိုလ်တို့က ​ဆုတောင်းလွှာတွေ ​ဖတ်ကြားသလို ​ငြိမ်းချမ်းရေးကဗျာတွေ၊ ​ငြိမ်းချမ်းရေးသီချင်းတွေ ​သီဆိုခဲ့ကြတယ်လို့ ​ရေဒီယိုသြစတြေး လျ ​အလွှတ်သတင်းထောက် ​ထက်ထက်က ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: