ABC
မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ နှစ်နိုင်ငံကြား သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးလမ်းကြောင်း ပိုမိုကောင်းမွန်လာအောင် အကောင်အထည် ဖော် ဆောင်ရွက်နိုင်ဖို့အတွက် မတ်လ ၁၇ ရက်နေ့ ညနေ လောက် မှာ မြန်မာနိုင်ငံက ပြည်နယ်ဝန်ကြီးချူပ်တွေနဲ့ ထိုင်းနိုင်ငံက တာဝန်ရှိ သူ တွေ ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမြို့မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်အုပ်ချူပ်ရေးမှူးရုံးမှာ တစ်နာရီကြာတွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံနယ်စပ်လမ်း ကြောင်း ဖွင့်လှစ်ဖို့ကိစ္စ၊ ရထားလမ်း၊ ကားလမ်း ဖောက်လုပ်ရေးကိစ္စ တွေ ကို ဆွေးနွေးခဲ့ကြတဲ့အပြင် ထိုင်းနိုင်ငံဖက်ခြမ်းက ဘုရားသုံးဆူ ဂိတ်စခန်း ပြန်ဖွင့်ပေးဖို့ကိုလည်း အဓိက ပြောဆိုခဲ့ကြတယ်လို့ မွန်ပြည်သစ်ပါတီ နိုင်ငံခြားရေးရာတာဝန်ခံ နိုင်ဟံသာဗွန်ခိုင် က အခုလို ပြော ပါတယ်။
“ဒီ ကန်ချနဘူရီခရိုင် ခရိုင်မှူးပေါ့နော်၊ အစိုးရလည်း ဟိုဖက်က ပြည်နယ်ဝန်ကြီးချူပ်တို့ လမ်းလုပ်ဖို့ ကိစ္စလေ အကူအညီပေးဖို့ နောက်သူတို့ ဒီမှာလည်း GSM အင်တာ နာလေ တင်ပွဲလည်း အခမ်းအနား လုပ်သွားတယ်၊ အဓိက ဆက်သွယ်ရေး သယ်ယူပို့ဆောင်ရေး လမ်းကြောင်း ကောင်းအောင် ဒီလုပ်ငန်းတွေမှာ နှစ်ဖက်အကူအညီ ဘယ်လိုပေးဖို့နဲ့ အဓိကတော့ ဒီ လမ်း တံတား လုပ်ဖို့ကိစ္စ ထိုင်းဖက်က အကူအညီ ပေးဖို့ရှိတယ်။ အဲ့ဒီ အခြေအနေတွေပေါ့နော်။”
နှစ်ဖက်တွေ့ဆုံဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်မှူးဦးဆောင်တဲ့ အဖွဲ့ဝင် ၂၀ ခန့်တက်ရောက်ခဲ့ပြီး မြန်မာအစိုးရဖက်ကတော့ ပြည် တောင်စုဝန်ကြီးဖြစ်တဲ့ မီးရ ထား ၀န်ကြီး ဦးဇေယျာအောင်၊ ဆောက်လုပ်ရေးဝန်ကြီး ဦးကျော်လွင်၊ မွန်ပြည်နယ်ဝန်ကြီးချူပ် ဦးအုန်းမြင့်၊ က ရင် ပြည်နယ် ၀န်ကြီးချူပ် ဦးဇော်မင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချူပ်တိုင်းမှူးဗိုလ်ချူပ် တင် မောင် ၀င်း အပါအ၀င် ဌာနဆိုင်ရာဝန်ထမ်း တစ်ချို့ တက်ရောက်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် ပြည်နယ်ဝန်ကြီးချူပ်တွေ ဘုရားသုံးဆူမြို့မှာ အခုလို လာရောက်တွေ့ဆုံ ဆွေးနွေးကြတာဟာ ပထမဆုံးအ ကြိမ် ဖြစ်ကြောင်း ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုး က သတင်းပေးပို့ထားပါတယ်။
No comments:
Post a Comment