Tuesday, March 19, 2013

ထိုင်းနဲ့မြန်မာကြားလမ်းတွေဖောက်ဖို့ တာဝန်ရှိသူတွေဆွေးနွေးခဲ

ABC

မြန်မာနိုင်ငံနဲ့ ​ထိုင်းနိုင်ငံတို့ ​နှစ်နိုင်ငံကြား ​သယ်ယူပို့ဆောင်ရေးနဲ့ ​ဆက်သွယ်ရေးလမ်းကြောင်း ပိုမိုကောင်းမွန်လာအောင် အကောင်အထည် ဖော် ​ဆောင်ရွက်နိုင်ဖို့အတွက် ​မတ်လ ​၁၇ ​ရက်နေ့ ​ညနေ လောက် မှာ ​မြန်မာနိုင်ငံက ​ပြည်နယ်ဝန်ကြီးချူပ်တွေနဲ့ ​ထိုင်းနိုင်ငံက ​တာဝန်ရှိ သူ တွေ ​ထိုင်း-မြန်မာ ​နယ်စပ်မြို့ဖြစ်တဲ့ ​ဘုရားသုံးဆူမြို့မှာ ​အလွတ်သဘော ​တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ထိုင်းမြန်မာနယ်စပ် ​ကရင်ပြည်နယ် ​ဘုရားသုံးဆူမြို့နယ်အုပ်ချူပ်ရေးမှူးရုံးမှာ ​တစ်နာရီကြာတွေ့ဆုံဆွေးနွေးခဲ့ကြပြီး ​နှစ်နိုင်ငံနယ်စပ်လမ်း ကြောင်း ဖွင့်လှစ်ဖို့ကိစ္စ၊ ​ရထားလမ်း၊ ​ကားလမ်း ​ဖောက်လုပ်ရေးကိစ္စ တွေ ကို ​ဆွေးနွေးခဲ့ကြတဲ့အပြင် ​ထိုင်းနိုင်ငံဖက်ခြမ်းက ​ဘုရားသုံးဆူ ဂိတ်စခန်း ​ပြန်ဖွင့်ပေးဖို့ကိုလည်း ​အဓိက ​ပြောဆိုခဲ့ကြတယ်လို့ ​မွန်ပြည်သစ်ပါတီ ​နိုင်ငံခြားရေးရာတာဝန်ခံ ​နိုင်ဟံသာဗွန်ခိုင် ​က ​အခုလို ပြော ပါတယ်။

“ဒီ ​ကန်ချနဘူရီခရိုင် ​ခရိုင်မှူးပေါ့နော်၊ ​အစိုးရလည်း ​ဟိုဖက်က ​ပြည်နယ်ဝန်ကြီးချူပ်တို့ ​လမ်းလုပ်ဖို့ ​ကိစ္စလေ ​အကူအညီပေးဖို့ ​နောက်သူတို့ ​ဒီမှာလည်း ​GSM ​အင်တာ နာလေ တင်ပွဲလည်း ​အခမ်းအနား ​လုပ်သွားတယ်၊ ​အဓိက ​ဆက်သွယ်ရေး ​သယ်ယူပို့ဆောင်ရေး ​လမ်းကြောင်း ကောင်းအောင် ​ဒီလုပ်ငန်းတွေမှာ ​နှစ်ဖက်အကူအညီ ​ဘယ်လိုပေးဖို့နဲ့ ​အဓိကတော့ ​ဒီ ​လမ်း ​တံတား ​လုပ်ဖို့ကိစ္စ ​ထိုင်းဖက်က ​အကူအညီ ပေးဖို့ရှိတယ်။ ​အဲ့ဒီ ​အခြေအနေတွေပေါ့နော်။”

နှစ်ဖက်တွေ့ဆုံဆွေးနွေးပွဲကို ​ထိုင်းနိုင်ငံ ​ကန်ချနဘူရီခရိုင်မှူးဦးဆောင်တဲ့ ​အဖွဲ့ဝင် ​၂၀ ​ခန့်တက်ရောက်ခဲ့ပြီး ​မြန်မာအစိုးရဖက်ကတော့ ​ပြည် တောင်စုဝန်ကြီးဖြစ်တဲ့ ​မီးရ ထား ၀န်ကြီး ​ဦးဇေယျာအောင်၊ ​ဆောက်လုပ်ရေးဝန်ကြီး ​ဦးကျော်လွင်၊ ​မွန်ပြည်နယ်ဝန်ကြီးချူပ် ​ဦးအုန်းမြင့်၊ ​က ရင် ပြည်နယ် ​၀န်ကြီးချူပ် ​ဦးဇော်မင်း၊ ​အရှေ့တောင်တိုင်း ​စစ်ဌာနချူပ်တိုင်းမှူးဗိုလ်ချူပ် တင် မောင် ၀င်း ​အပါအ၀င် ​ဌာနဆိုင်ရာဝန်ထမ်း တစ်ချို့ ​တက်ရောက်ဆွေးနွေးခဲ့ကြတယ်လို့ ​သိရပါတယ်။

နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် ​ပြည်နယ်ဝန်ကြီးချူပ်တွေ ​ဘုရားသုံးဆူမြို့မှာ ​အခုလို ​လာရောက်တွေ့ဆုံ ​ဆွေးနွေးကြတာဟာ ​ပထမဆုံးအ ကြိမ် ​ဖြစ်ကြောင်း ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုး ​က ​သတင်းပေးပို့ထားပါတယ်။

No comments: