ABC
ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ကရင်နီဒုက္ခသည် စခန်းတခုမှာ မီးလောင်မြှုကီး ဖြစ်ပွားခဲ့ပြီး သေဆုံးသူ အတော်များခဲ့တဲ့အတွက် ထိုင်းအာဏာပိုင်တွေက သေဆုံးသူအလောင်းတွေကို ရှာဖွေမှုတွေပြုလုပ်ခဲ့ပြီး အခုဆိုရင် ရှာဖွေမှုကို အဆုံးသတ်လိုက်ပြီးလို့ဆိုပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နဲ့ ကယ်ဆယ်ရေးလုပ်သားတွေဟာ အရေးပေါ် အကူအညီတွေ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၂ရက်နေ့ ညနေပိုင်းက ထိုင်း နိုင်ငံ မြောက်ဖက်ပိုင်း မယ်ဟောင်ဆောင် ခရိုင်မှာရှိတဲ့ ကရင်နီ ဒုက္ခသည်စခန်း တခုမှာ မီးလောင်မှုကြီး ဖြစ်ပွားခဲ့တဲ့အတွက် ကလေးငယ် ၁၀ဦး အပါအဝင် သေဆုံးသူ စုစုပေါင်း ၃၆ဦး ရှိခဲ့ပြီး အိမ်ခြေ ၄၀၀ လောက် မီးလောင်ခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။
သေဆုံးသူတွေ အများစုဟာ ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်ကြပြီး လူပေါင်း ၂၀၀၀ လောက် အိုးအိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
အခုဖြစ်ပွားခဲ့တဲ့ မီးလောင်မှုဟာ ထမင်းချက်ရာကနေစတင် ဖြစ်ပွားခဲ့တယ်လို့ ယူဆရတဲ့အကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဆိုပါတယ်။ ဒုက္ခသည်စခန်းက အိမ်တွေဟာ ဝါးနဲ့ သက်ကယ်တွေနဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။
ဒါပေမယ့် ဘာကြောင့်မီးလောင်မှုဖြစ်ခဲ့လည်းဆိုတဲ့ အဓိက အကြောင်းအရာတွေကိုတော့ ရဲတွေက စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။
ကရင်နီဒုက္ခသည်စခန်းမှာ တိုက်ပွဲကြောင့် ထွက်ပြေးခိုလုံတဲ့ ဒုက္ခသည်အိမ်ခြေပေါင်း ၃၀၀၀ ကျော်ရှိပါတယ်။
No comments:
Post a Comment