Friday, March 22, 2013

မြန်မာ အင်တာနက် တိုးတက်မယ်လို့ မျော်လင့်ကြ

ABC

အင်တာနက်လောကမှာ ​နာမည်ကြီးလှတဲ့ ​ဂူးဂယ်လ် ​ကုမ္ပဏီရဲ့ ​ဥက္ကဌ ​မြန်မာနိုင်ငံကို ​လာရောက်လည်ပတ်မှာဖြစ်တဲ့အတွက် ​မြန်မာအင်တာ နက်လောကမှာ ​တိုးတက်ဖွံ့ဖြိုးမှုတွေ ​ပိုရှိလာလိမ့်မယ်လို့ ​မျော်လင့် နကြပါတယ်။

ဂူးဂယ်လ် ​ကုမ္ပဏီဥက္ကဌ ​Eric ​Schmit ​က ​သောကြာနေ့မှာ ​ရန်ကုန်မြို့မှာ ​စက်မှုပိုင်း ​ဆိုင်ရာ ​ဟောပြောမှု ​တစ်ခု ​ပြုလုပ်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံက ​ပြည်သူ ​သန်းနဲ့ချီကို ​ကမ္ဘာမှာ ​ဖြစ်ပျက်နေတဲ့ ​အကြောင်းအရာ ​သိရအောင် ​ဆောင်ရွက်ပေးတဲ့ ​ဂူးဂယ်လ် ​အသုံးပြုသူတွေနဲ့ ​တွေ့ဆုံပြီး ​ပူးပေါင်းလုပ်ကိုင်မှုတွေ ​လုပ်ဖို့ ​ဂူးဂယ်လ်ဥက္ကဌက ​မျော်လင့် ထားပါတယ်။

ဒီခရီးစဉ်အတွင်း ​မြန်မာအစိုးရ ​အရာရှိတွေနဲ့လည်း ​တွေ့ဆုံနိုင်တယ်လို့ ​ကုမ္ပဏီရဲ့ ​ထုတ်ပြန်ချက်ထဲမှာ ​ဖော်ပြထားပါတယ်။

ယခင်စစ်အစိုးရလက်ထက်အတွင်း ​မြန်မာနိုင်ငံ ​အင်တာနက်ဟာ ​အတော့်ကို ​နောက်ကျခဲ့ပြီး ​အီလက်ထရောနစ်နဲ့ ​ပတ်သက်ပြီး ​ပြစ်ဒဏ်ချ မှတ် မှုတွေလည်း ​ပြင်းထန်ခဲ့ပါတယ်။

ခုအခါမှာ ​ဥပဒေတချို့ ​ဆက်လက်တည်ရှိနေပေမယ့် ​အင်တာနက်မှာ ​တိုးတက်မှုတွေ ​ရှိလာပါတယ်။

အရင်တုန်းကတော့ ​၈၈ ​အရေးတော်ပုံလို ​အရေးကြီးတဲ့ ​နှစ်ပတ်လည်နေ့တွေမှာ ​အင်တာနက်ကို ​တမင်တကာ ​နှေးကွေးအောင် ​ပြုလုပ်ထား တာတွေ၊ ​ပြည်ပက ​ဝဘ်ဆိုက်တွေထဲ ​ဝင်ကြည့်လို့မရအောင် ​လုပ်ဆောင်ထားတာတွေလုပ်ခဲ့ပါတယ်။

ဒါပေမယ့် ​သမ္မတဦးသိန်းစိန် ​ဦးဆောင်တဲ့ ​အစိုးရ ​တက်လာပြီးနောက် ​မြန်မာအင်တာနက်လောကမှာ ​တိုးတက်မှုတွေရှိလာပြီး ​ပြည်ပက ​သ တင်းဝဘ်ဆိုက်တွေကို ​ပိတ်ပင်မှုတွေမလုပ်တော့ပေမယ့် ​တချို့နေရာမှာ ​နောက်ကျနေသေးတဲ့အတွက် ​ဂူးဂယ်လ်ကုမ္ပဏီဥက္ကဌ ​မြန်မာနိုင်ငံကို ​လာရောက် ​လည်ပတ်ပြီးနောက် ​တိုးတက်မှုတွေ ​ပိုရှိလာလိမ့်မယ်လို့ ​မျော်လင့်နေကြတာ ​ဖြစ်ပါတယ်။

No comments:

Post a Comment