ကန္တာရဝတီတိုင်း(မ်)
ပြည်တွင်းပြည်ပရှိ သတင်းမီဒီယာတွေကနေ သံလွင်မြစ်ပေါ် အကောင်အထည်ဖော် တည်ဆောက်မည့် ရွာသစ်ရေအား လျှပ်စစ်စီမံကိန်းသို့ လေ့လာဖို့အတွက် ကယားပြည်နယ်သို့ ရောက်ရှိလာကြသော် လည်း ၎င်းစီမံကိန်းသို့ သွားရောက်လေ့လာဖို့ အာဏာပိုင်တွေကနေ တား ဆီးပိတ်ပင်နေကြတာကို ကြုံတွေ့နေကြ ရပါတယ်။
ရွာသစ်စီမံကိန်းကိုလေ့လာဖို့ ကန္တာရဝတီတိုင်း(မ်) သတင်းထောက်အပါအဝင် ရန်ကုန်မှ ဂျာနယ်တိုက်တွေ ပြည်ပ သတင်းမီဒီယာအဖွဲ့တွေ စုစုပေါင်း (၁၁) ဖွဲ့မှ သတင်းထောက်အသီးသီးက သွားရောက်လေ့ လာဖို့ မတ်လ ၁၄ ရက်နေ့က ဖားဆောင်းမြို့ အထိရောက်သွားခဲ့ ကြ တာဖြစ်ပါတယ်။ သို့သော်လည်း စီမံကိန်းအထိ သွားခွင့်မရခဲ့ပါဘူး။
ကန္တာရဝတီတိုင်း(မ်)မှ အဖွဲ့ဝင် တဦးက "ကျနော်တို့သတင်းထောက်အဖွဲ့တွေ အနေနဲ့ စီမံကိန်းဆိုက်ထဲကို သွားချင်တယ်၊ လိုက်ပို့ပေးပါလို့ အာဏာပိုင်တွေကို ခွင့်တောင်းပြီးလိုက်ပို့ခိုင်းပါတယ်။ သူတို့က မဖြစ်နိုင်သေးဘူးဆိုပြီး အဲလိုပြောပါတယ်" လို့ ပြောပါတယ်။
စီမံကိန်းအထိ သွားရောက်လေ့လာခွင့်ပြုဖို့နဲ့ ပတ်သက်ပြီး Weekly ဂျာနယ်မှ သတင်းထောက်တဦးက ပြည်နယ် အစိုးရကို တဖက်တလမ်း ကူ ညီပေးဖို့ ခွင့်တောင်းခဲ့ပါတယ်။
"ကျနော်တို့ဒီမီဒီယာအနေနဲ့ ဆည်ဆောက်လုပ်မှုတွေရဲ့ စီမံကိန်းကို သွားချင်တဲ့ဆန္ဒမျိုးတွေဖြစ်ပေါ်နေတယ်။ အဲဒါမျိုး အဘတို့အစိုးရ ပြည် နယ်အနေနဲ့ ကူညီပြီးဆောင် ရွက်ပေးနိုင်မလား၊ တပ်တွေ လုံခြုံရေးဂိတ်တွေ အများကြီးချထားတယ်။ ဆည်ကို ပွင့်လင်းမြင်သာမှု ရှိတယ်ဆို ရင်တော့ ကျနော်တို့လည်း အဲဒါလေးသိချင်တယ်။ မီဒီယာအပိုင်းအနေနဲ့ ခွင့်တောင်းချင်တာပါ"
မတ်လ ၁၅ ရက်နေ့ ပြည်နယ်အစိုးရ အစည်းအဝေးခန်းမမှာ ဝန်ကြီးချုပ် ဦးခင်မောင်ဦးနဲ့ သတင်းသမားတွေ တွေ့ဆုံခဲ့ကြ စဉ်၌ ပြောသွား တာဖြစ်ပါတယ်။
ရွာသစ်စီမံကိန်းက ပြည်နယ်အစိုးရအနေနဲ့ လုပ်ပိုင်ခွင့်မရှိကြောင်း ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့တွေမှာ လုပ်ပိုင်ခွင့်ရှိကြောင်း ပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ပြောပါတယ်။
ဝန်ကြီးချုပ်က " အဲဒါကတော့ ပြည်ထောင်စုဝန်ကြီးတို့နဲ့ ပြောမှ ဖြစ်မယ်။ လုပ်ငန်းပိုင်းဆိုင်ရာက အဲဒါကျနော်တို့နဲ့မဆိုင်ဘူး။ ပြည်ထောင် စုဝန်ကြီး လျှပ်စစ်ပိုင်းကဆိုင် တော့ ကျနော်က သွားပါလာပါလို့ ပြောလို့မရဘူး ။ တည်ဆောက်ဆဲ့ဟာကတော့ ဟိုဘက်ကဘဲ ပိုင်တယ် ကျ နော်တို့မပိုင်ဘူး" လို့ ပြောပါတယ်။
ကယားပြည်နယ်မှာ ရွာသစ်ရေအားလျှပ်စစ် စီမံကိန်းအပါအဝင် အကြီးစားစီမံကိန်းတွေနဲ့ ပတ်သက်လို့ အများပြည်သူလူထုအပေါ်ပွင့်လင်း မြင်သာမှုရှိဖို့ အစိုးရနှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့ သဘောတူဆွေးနွေး ထားကြပြီးဖြစ်ပါတယ်။
ဇွန်လ ၉ ရက်နေ့ ပြည်ထောင်စုအဆင့် ပထမအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း ယခုအချိန်ထိ ပွင့်လင်းမြင် သာရှိဖို့ ဒေသခံတွေကလည်း တောင်းဆိုနေကြတယ်လို့ သိရပါတယ်။
No comments:
Post a Comment