ABC
ပည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) တို့ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ၂ ရက် တွေ့ဆုံခဲ့ကြပြီး စုစုပေါင်း အချက် ၁၀ ချက်ကို သဘောတူ လက်မှတ်ရေး ထိုးခဲ့ကြတယ်လို့ သိရပါတယ်။
မတ်လ ၂၂ ရက်နဲ့ ၂၃ ရက် ဆွေးနွေးပွဲအတွင်း အပစ်အခတ် ရပ်ဆိုင်းရေး၊ ဆီဆိုင်မြို့နဲ့ မောက်မယ်မြို့တွေမှာ လက်နက်မပါတဲ့ ဆက်ဆံရေး ရုံးတွေ ဖွင့်လှစ်ရေး၊ မြေမြုပ်မိုင်း ရှင်းလင်းရေး၊ သထုံမြို့မှာ စီးပွားရေးရုံး ဖွင့်လှစ်ရေး၊ PNLO တပ် ဖွဲ့ ၀င် တွေနဲ့ ဒေသခံ ပြည်သူတွေ အတွက် နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးရေး ကိစ္စတွေ အပါအ၀င် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု စတဲ့ အချက် ၁၀ ချက်ကို သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ပြည်နယ်အဆင့် လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး ခုတခါ ပြည်ထောင်စုအဆင့်အနေနဲ့ ဆွေးနွေးပြီး သဘောတူလက်မှတ်ရေးထိုးတာဖြစ်တယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။
"လွန်ခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့မှာ ပြည်နယ်အဆင့်လက်မှတ် ရေးထိုးထားတယ်လေ။အဲဒါကို ထပ်ပြီးတော့ ဒီကြားထဲမှာ တိုက်ပွဲ လည်းမဖြစ်ဘူး။ဒီဟာတွေကို အတည်ပြုတာ ဖြစ်တယ်။ ဒီလိုအပစ်အခတ် ရပ်စဲပြီးရင် စစ်မြေပြင် လိုက်နာ ရတဲ့ စည်းကမ်း Coad Of condct တို့ဘာတို့ကိုရေးဆွဲရမယ်။သူတို့ တပ်ဖွဲ့တွေ သူတို့မိသားစုတွေ သူတို့ IDP တွေ ပြန်လာဖို့အတွက် လုပ်ပေးရမယ်။ သူတို့ နယ်မြေဒေသဖွံ့ဖြိုးရေး အတွက် ကျောင်းတို့ တံတားတို့ ဆောက်ပေးရမှာပေါ့။ IDP တွေပြန်ဝင်လာရင် ကျွေးဖို့ မွေးဖို့ လုပ်ရမှာပေါ့။အဲဒီကိစ္စတွေကို ဆက်ပြီးတော့ ဆွေးနွေးတာ"
အခုဆွေးနွေးပွဲဟာ ပြည်တောင်စုအဆင့် ဖြစ်ပေမယ့် မိမိအနေနဲ့ အစိုးရအပေါ် အလုံးစုံယုံကြည်ဖို့ အချိန်စောသေးတဲ့အကြောင်း သူတို့ အနေနဲ့လက်နက် ချတာ မဟုတ်ဘူးလို့ PNLO ဥက္ကဌ ဦးခွန်ဥက္ကာက ပြောပါတယ်။
"အလင်းဝင်လာတာလည်းမဟုတ်ဘူး။လက်နက်ချတာလည်းမဟုတ်ဘူး။အပစ်ရပ်တာပေါ့။ ကျွန်တော်တို့အပစ်ရပ်တယ်ဆိုတာရပ်တဲ့ကာလမှာကျွန်တော်တို့ လုပ်ငန်းတွေလုပ်ဖို့ တိုင်ပင်တာ"
အဓိပ္ပါယ်ပြည့်ဝတဲ့ နိုင်ငံရေး ဆွေးနွေး ပွဲလိုမျိုး ဖြစ်ဖို့ဆိုရင် UNFC ကနေ တဆင့်တွေ့ဆုံဆွေးနွေးမှ ဖြစ်နိုင်မှာ ဖြစ်ပြီး နောက်ထပ်လည်း အဓိပ္ပါယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လက် ဖြစ်ပေါ်ဖို့လိုတယ်လို့ ဆက်ပြောခဲ့ပါတယ်။
"နိုင်ငံရေးဆွေးနွေးပွဲကို သွားနိုင်အောင် အပစ်ရပ်တာ။နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်ပေါ် လာရင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ရှင်းမယ်။အဲဒီခါ ကျရင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ political revolution ပေါ့ ။ solution သို့မဟုတ် Aggrement တစ်ခု။နိုင်ငံရေး သဘောတူညီချက်ရမှတကယ့်ပြည့်စုံတဲ့ ကျွန်တော်တို့နိုင်ငံ ရေးဟာ နိုင်ငံရေးဆွေးနွေးပွဲ စတော့မယ် စပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲ အပြီးသတ်တဲ့အချိန်မှာနိုင်ငံရေးသဘောတူညီချက်ရမယ်။
အဲဒီအပေါ်မှာ တိုင်းပြည်ကို ပြန်ပြီး ထူထောင် သွားမယ်။ကြားမှာ ကြာမယ်။ကြာတဲ့အချိန်မှာ ကျွန်တော်တို့ ဘယ်လိုနေမယ် ဆိုတာ တိုင်ပင်ကြတယ်။"
အခု သဘောတူညီချက်တွေအရ နိုင်ငံတော်က ပအိုဝ်း ဒေသမူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေး ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေးတွေကို ကူညီပံ့ပိုးသွားမှာဖြစ်ပြီး ဘယ်လို ပံ့ပိုးကူညီသွားမယ် ဆိုတာကိုလည်း အခု ပြောဖို့ စောနေသေးကြောင်း၊ အချိန်ယူ ဆောင်ရွက်ရမှာ ဖြစ်ကြောင်း သိရပါတယ်။
PNLO အဖွဲ့အနေနဲ့ သတ္တု၊ သစ်၊ ဘိလပ်မြေ၊ ဟိုတယ်လုပ်ငန်း စတဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့အစိုးရကကူညီသွားမယ်ဆိုတဲ့အကြောင်း ရေဒီယိုသြစတြေးလျသတင်းထောက် မေငယ်က သတင်းပေးပို့ခဲ့ပါတယ်။
No comments:
Post a Comment