Tuesday, June 25, 2013

ရခိုင်ပြည်ကိစ္စဆွေးနွေးဖို့ သြစီနိုင်ငံခြားဝန်ကြီး မြန်မာကို လာမယ်

ABC

သြစတြေးလျ ​နိုင်ငံ ​နိုင်ငံခြားရေးဝန်ကြီး ​Bob ​Carr ​က ​မြန်မာ ​နိုင်ငံကို ​ဇူလိုင်လ ​၁၀ ​ရက်ကနေ ​၁၂ ​ရက်နေ့ ​အထိ ​သွားရောက်လည်ပတ်မှာ ​ဖြစ်တဲ့အကြောင်း ​တရားဝင် ​ထုတ်ပြန် ​ကြေငြာခဲ့ပါတယ်။

မြန်မာ ​နိုင်ငံမှာ ​သမ္မတကြီး ​ဦးသိန်းစိန်နဲ့ ​ရော ​နိုင်ငံခြားရေး ​ဝန်ကြီး ​ဦးဝဏ္ဍမောင်လွင်နဲ့ပါ ​တွေ့ဆုံဆွေးနွှေးဖို့ ​ရှိတဲ့အပြင် ​ရခိုင်ပြည်နယ်တွင်း ​လူ့အခွင့်အရေး ​အခြေအနေ ​အကြောင်းတွေကို ​ပါ ​ဆွေးနွေး ​ဖို့ရှိတယ်လို့ ​သိရပါတယ်။

သြစတြေးလျ ​နိုင်ငံ ​နိုင်ငံခြားရေးဝန်ကြီး ​Bob ​Carr ​က ​မြန်မာနိုင်ငံ ​ရခိုင်ပြည်နယ်က ​ပြီးခဲ့နှစ် ​ဇွန်လမှာ ​ဖြစ်ခဲ့တဲ့ ​လူမျိုးရေး ​ပဋိပက္ခကြောင့် ​လူပေါင်း ​၁၉၂ဦးသေဆုံးခဲ့ပြီး ​လူပေါင်း ​၁၄၀၀၀၀ ​အိုးမဲ့အိမ်မဲ့ ​ဖြစ်သွားတယ်လို့ ​လွှတ်တော်မှာ ​ပြောပြပါတယ်။

သမ္မတကြီး ​ဦးသိန်းစိန် ​သြစတြေးလျ ​နိုင်ငံကို ​လာရောက် ​လည်ပတ်စဉ်က ​ဝန်ကြီးချုပ် ​Julia ​Gillard ​ကလည်း ​တိုင်းရင်းသား ​လူမျိုးစုတွေနဲ့ ​ပဋိပက္ခ ​ဖြစ်နေတဲ့ ​အခြေအနေတွေကို ​စိုး ​ရိမ်မကင်း ​ဖြစ်တဲ့ ​အကြောင်း ​ပြောခဲ့တယ်လို့ ​ဆိုပါတယ်။

သြစတြေးလျ ​နိုင်ငံအနေနဲ့ ​ရခိုင်ပြည်နယ်မှာ ​အိုးအိမ်မဲ့ ​ဖြစ်သွားသူတွေကို ​ပြန်လည်နေရာချ ​ထားရေးအတွက် ​အထောက်အပံ့ ​သြစတြေးလျ ​ဒေါ်လာ ​၅.၈သန်းကို ​ကူညီပေးမယ်လို့လဲ ​ကြေငြာထားပါတယ်။

ထောက်ပံ့ကူညီမှုထဲမှာ ​ကမ္ဘာ့စားနပ်ရိက္ခာ ​World ​Food ​Program ​အဖွဲ့ ​ကနေ ​လူပေါင်း ​တသိန်း ​အတွက် ​အစာ ​ရိက္ခာ၊ ​ကလေးများ ​ကယ်ဆယ်စောင့်ရှောက်ရေး ​Save ​the ​Children ​အဖွဲ့ ​ကနေတဆင့် ​ကလေးပေါင်း ​၃သောင်း ​၇ထောင် ​အတွက် ​မိသားစုတွေ ​နဲ့ကွဲတဲ့ ​ကလေးတွေကို ​မိဘတွေ ​နဲ့ ​ပြန်လည်တွေ့ဆုံပေါင်းစည်းရေး ​အတွက် ​- ​ကုလသမဂ္ဂ ​ဒုက္ခသည်များ ​ဆိုင် ​ရာမဟာမင်းကြီး ​ရုံးဖြစ်တဲ့ ​UNHCR ​ကနေတဆင့် ​အိုးအိမ်မဲ့ဖြစ်သွားသူ ​ယောက်ပေါင်း ​၃သောင်း ​၂ထောင်အတွက် ​ယာယီဖျဉ်တဲတွေ ​- ​CARE ​လို့ခေါ်တဲ့လူမှုရေးအသင်းအဖွဲ့ကနေတဆင့် ​လူပေါင်း ​၁သောင်း ​၄ထောင်အတွက်၊ ​စောင်၊ ​ခြင်ထောင်၊ ​အဝတ်အထည် ​နဲ့ယာယီ ​နေထိုင် ​ဖို့ ​စခန်း ​တွေ ​-- ​ကုလသမဂ္ဂ ​အဖွဲ့အစည်း ​UNICEF ​ကနေတဆင့် ​လူပေါင်း ​၄သောင်းကျော် ​အတွက် ​သောက်ရေသန့် ​နဲ့ ​ကျမ်းမာရေး ​ဆိုင် ​ရာသန့်ရှင်းမှု ​အတွက်ဆောင် ​ရွက်ချက်တွေ ​ပြု ​လုပ်ခဲ့တယ်လို့ ​သြစတြေးလျ ​လွှတ်တော်မှာလဲ ​သြစတြေးလျ ​နိုင်ငံ ​နိုင်ငံခြားရေးဝန်ကြီး ​Bob ​Carr ​က ​ပြောသွါးပါတယ်။

မြန်မာ ​နိုင်ငံ ​ပဋိပက္ခ ​ဖြစ်နေတဲ့ ​ဒေသတွေ ​မှာ ​ငြိမ်းချမ်းရေး ​အကောင်အထည်ဖေါ်ဆောင် ​နိုင်ရေးအတွက် ​မြန်မာငြိမ်းချမ်းရေးစင်တာ ​Myanmar ​Peace ​Centre ​ဆို ​တဲ့ ​ဗဟိုဌါန ​အတွက်လဲ ​သြစတြေးလျ ​နိုင်ငံ ​က ​ဒေါ်လာ ​၅သန်း ​ပါဝင် ​ထားပါတယ်။

No comments:

Post a Comment