ABC
ၾသစေၾတးလ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Bob Carr က မြန်မာ နိုင်ငံကို ဇူလိုင်လ ၁၀ ရက်ကနေ ၁၂ ရက်နေ့ အထိ သွားရောက်လည်ပတ်မှာ ဖြစ်တဲ့အကြောင်း တရားဝင် ထုတ်ပြန် ကြေငြာခဲ့ပါတယ်။
မြန်မာ နိုင်ငံမှာ သမ္မတကြီး ဦးသိန်းစိန်နဲ့ ရော နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဍမောင်လွင်နဲ့ပါ တွေ့ဆုံဆွေးနွှေးဖို့ ရှိတဲ့အပြင် ရခိုင်ပြည်နယ်တွင်း လူ့အခွင့်အရေး အခြေအနေ အကြောင်းတွေကို ပါ ဆွေးနွေး ဖို့ရှိတယ်လို့ သိရပါတယ်။
သြစတြေးလျ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Bob Carr က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပြီးခဲ့နှစ် ဇွန်လမှာ ဖြစ်ခဲ့တဲ့ လူမျိုးရေး ပဋိပက္ခကြောင့် လူပေါင်း ၁၉၂ဦးသေဆုံးခဲ့ပြီး လူပေါင်း ၁၄၀၀၀၀ အိုးမဲ့အိမ်မဲ့ ဖြစ်သွားတယ်လို့ လွှတ်တော်မှာ ပြောပြပါတယ်။
သမ္မတကြီး ဦးသိန်းစိန် သြစတြေးလျ နိုင်ငံကို လာရောက် လည်ပတ်စဉ်က ဝန်ကြီးချုပ် Julia Gillard ကလည်း တိုင်းရင်းသား လူမျိုးစုတွေနဲ့ ပဋိပက္ခ ဖြစ်နေတဲ့ အခြေအနေတွေကို စိုး ရိမ်မကင်း ဖြစ်တဲ့ အကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။
သြစတြေးလျ နိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်မှာ အိုးအိမ်မဲ့ ဖြစ်သွားသူတွေကို ပြန်လည်နေရာချ ထားရေးအတွက် အထောက်အပံ့ သြစတြေးလျ ဒေါ်လာ ၅.၈သန်းကို ကူညီပေးမယ်လို့လဲ ကြေငြာထားပါတယ်။
ထောက်ပံ့ကူညီမှုထဲမှာ ကမ္ဘာ့စားနပ်ရိက္ခာ World Food Program အဖွဲ့ ကနေ လူပေါင်း တသိန်း အတွက် အစာ ရိက္ခာ၊ ကလေးများ ကယ်ဆယ်စောင့်ရှောက်ရေး Save the Children အဖွဲ့ ကနေတဆင့် ကလေးပေါင်း ၃သောင်း ၇ထောင် အတွက် မိသားစုတွေ နဲ့ကွဲတဲ့ ကလေးတွေကို မိဘတွေ နဲ့ ပြန်လည်တွေ့ဆုံပေါင်းစည်းရေး အတွက် - ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင် ရာမဟာမင်းကြီး ရုံးဖြစ်တဲ့ UNHCR ကနေတဆင့် အိုးအိမ်မဲ့ဖြစ်သွားသူ ယောက်ပေါင်း ၃သောင်း ၂ထောင်အတွက် ယာယီဖျဉ်တဲတွေ - CARE လို့ခေါ်တဲ့လူမှုရေးအသင်းအဖွဲ့ကနေတဆင့် လူပေါင်း ၁သောင်း ၄ထောင်အတွက်၊ စောင်၊ ခြင်ထောင်၊ အဝတ်အထည် နဲ့ယာယီ နေထိုင် ဖို့ စခန်း တွေ -- ကုလသမဂ္ဂ အဖွဲ့အစည်း UNICEF ကနေတဆင့် လူပေါင်း ၄သောင်းကျော် အတွက် သောက်ရေသန့် နဲ့ ကျမ်းမာရေး ဆိုင် ရာသန့်ရှင်းမှု အတွက်ဆောင် ရွက်ချက်တွေ ပြု လုပ်ခဲ့တယ်လို့ သြစတြေးလျ လွှတ်တော်မှာလဲ သြစတြေးလျ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Bob Carr က ပြောသွါးပါတယ်။
မြန်မာ နိုင်ငံ ပဋိပက္ခ ဖြစ်နေတဲ့ ဒေသတွေ မှာ ငြိမ်းချမ်းရေး အကောင်အထည်ဖေါ်ဆောင် နိုင်ရေးအတွက် မြန်မာငြိမ်းချမ်းရေးစင်တာ Myanmar Peace Centre ဆို တဲ့ ဗဟိုဌါန အတွက်လဲ သြစတြေးလျ နိုင်ငံ က ဒေါ်လာ ၅သန်း ပါဝင် ထားပါတယ်။
No comments:
Post a Comment