Monday, June 24, 2013

ရှမ်းမြောက်ပိုင်းတပ်နဲ့ မြန်မာကြား တင်းမာမှုဖြစ်လို့ဆို

ABC

၂၀၁၂ ​ခုနှစ် ​ဇန်န၀ါရီလမှာ ​အပစ်အခတ်ရပ်စဲရေး ​သဘောတူညီမှု ​လက်မှတ်ထိုးထားတဲ့ ​တိုင်းရင်းသား ​လက်နက်ကိုင် ​အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ​sspp/ssa ​နဲ့မြန်မာ ​အစိုးရကြား ​ရှမ်းပြည်မြောက်ပိုင်းမှာ ​တိုက်ပွဲတွေဖြစ် ​ခဲ့တဲ့ ​အပြင် ​အစိုးရဖက်ကနေ ​SSAကို ​စိုင်းခေါင်တပ်စခန်းကနေ ​ဖယ်ရှားခိုင်းတယ်ဆိုတဲ့ ​အတွက် ​၂ဦး ​၂ဖက် ​တင်းမာ ​မှုတွေ ​ဖြစ်နေတဲ့ ​အကြောင်း ​SSA ​မြောက်ပိုင်းတပ်ဖွဲ့က ​တပ်မှူးတစ်ဦးက ​အခုလို ​ပြောပါတယ်။

ဒီ ​စရဖ ​ဂျီဝမ်း ​ပေါ့ ​မျိုးထွဋ္ဋ်လှိုင် ​ခိုလမ်ကနေ ​ဟိုတစ်နေ့က ​ဖုန်းဆက်လာတယ်၊ ​သူက ​အရင်ဆုံးကတော့ ​ကျနော်တို့ ​ခိုလမ်ဆက်ဆံရေးရုံးကို ​ဆက်တာပေါ့နော် ​အဲ့ကနေပြီးတော့ ​သူက ​ဖုန်းနံပါတ်ရတာနဲ့ ​ကျနော်တို့ ​ဒု ​ဗိုလ်မှူးကြီး ​ခမ်းထီ ​အတွင်းရေးမှူး ​၂ ​ဆီကို ​ဒါရိုက် ​ဆက်ပြီးတော့ ​သူက ​ဘာပြောလဲဆိုတော့ ​တာဆမ်ပူး ​ကူတို့ဟိုဖက်ဆိပ်ကမ်းပေါ့ ​စိုင်းခေါင် ​စခန်းဆိုတာ ​ကျနော်တို့အဲ့မှာရှိတယ်၊အဲ့ဒါ ​သူတို့ဖယ်ခိုင်းတယ်၊ ​သဘောတရားကတော့ ​ချက်ချင်းဖယ်ပေးဆိုတဲ့ ​သဘောတရားသက်ရောက်ပါတယ်၊ ​သူတို့က ​လူကြီးခရီးစဉ်ရှိတယ် ​ဒီ ​စခန်းကတော့ ​ဖယ်ပေးပါ ​အဲ့လိုပြောတယ်။ ​လမ်းနဲ့မတည့်ဘူးဗျ ​သုံးလေးမိုင်လောက် ​ကွာတယ် ​ဒီလမ်းနဲ့၊ ​ခိုလမ်-နမ့်ဆမ် ​လမ်ပေါ့။ 

ကဖယ်ရှားခိုင်းတဲ့ ​ဒီ ​စိုင်းခေါင် ​တပ်စခန်းဟာ ​အစိုးရနဲ့ငြိမ်းချမ်းရေးရယူပြီးကတည်းက ​အခြေစိုက်ထားတဲ့စခန်းနေရာဖြစ်တဲ့အတွက် ​ဖယ်ရှားပေးမှာ ​မဟုတ်ဘူးလို့ ​ဆိုပါတယ်။ ​ဒါ့အပြင် ​SSA ​မြောက်ပိုင်းတပ်ဖွဲ့တွေကို ​အစိုးရတပ်မတော်ကနေ ​အခုလို ​လုပ်ဆောင်နေတာဟာ ​SSA ​တပ်ဖွဲ့တွေ ​လှုပ်ရှားမှုတွေကို ​ပိတ်ဆို့တားဆီးတဲ့သဘောဖြစ်နေပြီး ​နှစ်ဖက် ​အပြန်အလှန်ယုံကြည်မှု ​လျှော့ ​နည်းအောင် ​လုပ်နေတာ ​ဖြစ်နေ ​တဲ့အတွက်ကြောင့် ​ခိုင်မာတဲ့ ​အပစ်အခတ်ရပ်စဲရေး ​လုပ်ဖို့ ​အမြန်ဆုံးလိုအပ်နေတယ်လို့ ​SSPP ​က ​ပြောခွင့်ရပုဂ္ဂိုလ် ​ဗိုလ်မှူး ​စိုင်းလ ​ကပြောပါတယ်။

ကျနော်တို့တိုက်ပွဲဖြစ်ပြီးတော့ ​ဖယ်ပေးတာ ​အများကြီးရှိနေပြီ ​၇ ​မိုင်စခန်းတို့၊ ​တောင်ကုန်းစခန်းတို့ ​နမ့်လော ​စခန်းတို့ ​သူတို့မကြိုက်တဲ့နေရာဆို ​ဖယ်ဖယ်ခိုင်းနေတာ ​ကျနော်တို့လဲ ​တတ်နိုင်သလောက်တော့ ​ဖယ်ဖယ်ပေးတယ် ​ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့နဲ့ ​ဘယ်နှခါ ​ပဲ ​ဆုံဆုံ ​ဘယ်နှခါပဲ ​တွေ့တွေ့ ​သဘောတူညီချက် ​ဘယ်နှခါပဲရရ ​လက်တွေ့အနေအထားမှာ ​တတ်နဲ့ဖြစ်နေတဲ့ ​ကိစ္စ ​မပြေလည်ဘူးလေ ​ဒါကြောင့် ​ငြိမ်းချမ်းရေးကို ​ချီတက်ဖို့ကိစ္စက ​ခိုင်မာတဲ့ ​အပစ်ရပ်စဲမှု ​အာမခံချက်ရှိတဲ့ ​အပစ်ရပ်စဲရေး ရ ​ဖို့တော့ ​လိုတယ်လေ ​အခုက ​အပစ်ရပ်စဲရေးဆိုတာက ​သဘောလောက်ပဲရှိနေတယ်လေ။

၂၀၁၂ ​ခုနှစ် ​ဇန်န၀ါရီလမှာ ​အပစ်အခတ်ရပ်စဲရေး ​သဘောတူညီမှု ​လက်မှတ်ထိုးထားတဲ့ ​တိုင်းရင်းသား ​လက်နက်ကိုင် ​အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ​sspp/ssa ​ခေါင်းဆောင်တွေ ​ဟာ ​မေလ ​၁၁ရက်နေ့က ​ပြည်ထောင်စု ​ငြိမ်းချမ်း ​ရေးဖေါ်ဆောင်ရေးလုပ်ငန်းကော်မီတီ ​ဒုတိယဥက္ကဌ ​ဦးသိန်းဇော်ဦးဆောင်တဲ့ ​အဖွဲ့နဲ့ ​ရှမ်းပြည်နယ် ​တန့်ယန်းမြို့မှာ ​တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ​အချက်လေးချက် ​သဘောတူလက်မှတ် ​ထိုးခဲ့ကြပါတယ်။

ရှမ်းပြည်တောင်ပိုင်း ​ခိုလမ်မြို့နယ်ခွဲမှာအခြေစိုက်တဲ့ ​အရှေ့အလယ်ပိုင်းတိုင်း ​စစ်ဌာနချူပ် ​(ရလခ) ​က ​G1 ​(ဂျီဝမ်း) ​ခေါ် ​စစ်ဦးစီးချူပ် ​ပထမတန်းအရာရှိ ​ဒု ​ဗိုလ်မှူးကြီး ​မျိုးထွဋ္ဋ်လှိုင် ​ကနေပြီး ​မိုင်းရှူးမြို့နယ် ​အနောက်တောင်ဖက် ​မိုင် ​၂၀ ​လောက်အကွာမှာ ​အခြေစိုက်ထားတဲ့ ​တာဆမ်ပူရွာအနီးက ​SSA ​မြောက်ပိုင်းတပ်ဖွဲ့ရဲ့ ​စိုင်းခေါင်တပ်စခန်း ​ကို ​ကြာသပတေးနေ့က ​ဖယ်ရှားပေးဖို့ ​တယ်လီဖုန်းနဲ့ ​လှမ်းပြီး ​ညွန်ကြားလာတာဖြစ်တဲ့အကြောင်း ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုး ​က ​သတင်းပေးပို့ထားပါတယ်။



တခြားတိုင်းရင်းသားအဖွဲ့တွေနဲ့လည်း ​တိုက်ပွဲတွေဖြစ်ခဲ့


မြန်မာအစိုးရက ​လက်နက်ကိုင် ​တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ​အပစ်အခတ်ရပ်စဲရယူဖို့ ​ကြိုးစားနေချိန်မှာပဲ ​မြန်မာစစ်တပ်ဟာ ​အပစ်အခတ်ရပ်စဲရေး ​သဘောတူထားတဲ့အဖွဲ့တွေအပြင် ​အပစ်အခတ်ရပ်စဲဖို့ ​သဘောမတူသေးတဲ့အဖွဲ့တွေနဲ့ ​တိုက်ပွဲတွေ ​ဖြစ်ပွားခဲ့တယ်လို့ ​သိရပါတယ်။

ပြီးခဲ့တဲ့ ​ကြာသပတေးနေ့က ​ကျေးသီးမြို့နယ်ရှိ ​ရှမ်းပြည်မြောက်ပိုင်း ​SSPP/SSA ​တပ်စခန်းတစ်ခုကို ​မြန်မာစစ်တပ်က ​ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ​သိရပြီး ​ဒီလုပ်ရပ်ဟာ ​နှစ်ဦးနှစ်ဖက်ကြား ​အပစ်အခတ်ရပ်စဲရေးယူထားတဲ့ ​ယုံကြည်မှုကို ​ဖျက်ဆီးလိုက်သလို ​ဖြစ်နေတယ်လို့ ​SSPP/SSA ​အရာရှိတစ်ဦးက ​ပြောကြောင်း ​ရှမ်းသံတော်ဆင့်သတင်းမှာ ​ဖော်ပြထားပါတယ်။

အဲ့ဒါ့အပြင် ​ရှမ်းပြည်မြောက်ပိုင်း ​ကွတ်ခိုင်မြို့နယ်အတွင်းမှာ ​ပြီးခဲ့တဲ့ ​အင်္ဂါနေ့တုန်းက ​မြန်မာ ​အစိုးရတပ်ဖွဲ့တွေက ​ပလောင်အမျိုးသား ​လွတ်မြောက်ရေးတပ်ဖွဲ့ ​TNLA ​အခြေစိုက်တပ်စခန်းတစ်ခုကို ​လက်နက်ကြီးတွေနဲ့ ​ပစ်ခတ်ခဲ့ပြီးနောက် ​အပြန်အလှန်ပစ်ခတ်မှုတွေ ​ရှိခဲ့တယ်လို့ ​သိရပါတယ်။

ပလောင်ဒေသအတွင်း ​မြန်မာအစိုးရတပ်တွေရဲ့ ​လှုပ်ရှားမှုတွေ ​ပိုများလာပြီး ​စစ်ထပ်မံ ​ဖြစ်ပွားနိုင်တဲ့အခြေအနေမှာ ​ရှိနေတယ်လို့လည်း ​ပြောပါတယ်။

တဆက်တည်းမှာပဲ ​အပစ်အခတ်ရပ်စဲရေးဆီကို ​ဦးတည်တဲ့ ​သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့တဲ့ ​ကချင်တပ်ဖွဲ့တွေနဲ့ ​မြန်မာစစ်တပ်အကြား ​တိုက်ပွဲတွေ ​ဖြစ်ပွားခဲ့တယ်လို့လည်း ​သိရပါတယ်။

အပစ်အခတ်ရပ်စဲရေးကို ​ဦးတည်တဲ့ ​သဘောတူညီချက်လက်မှတ် ​ရေးထိုးပြီး ​တစ်လတာ ​ကာလအတွင်း ​တိုက်ပွဲပေါင်း ​အကြိမ် ​၂၀ ​ဖြစ်ပွားခဲ့တာလို့ ​ကချင်လွှတ်မြောက်ရေးတပ်ရဲ့ ​ပြောခွင့်ရပုဂ္ဂိုလ် ​ဦးလနန်က ​အေအက်ဖ်ပီ ​သတင်းကို ​ပြောပါတယ်။

ဒီလိုဖြစ်ရပ်တွေရဲ့ ​ယုံကြည်မှု ​တည်ဆောက်ဖို့ ​ခက်ခဲတယ်လို့လည်း ​ဦးလနန်က ​ပြောခဲ့တယ်လို့ ​သိရပါတယ်။

No comments:

Post a Comment