ABC
၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ sspp/ssa နဲ့မြန်မာ အစိုးရကြား ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ် ခဲ့တဲ့ အပြင် အစိုးရဖက်ကနေ SSAကို စိုင်းခေါင်တပ်စခန်းကနေ ဖယ်ရှားခိုင်းတယ်ဆိုတဲ့ အတွက် ၂ဦး ၂ဖက် တင်းမာ မှုတွေ ဖြစ်နေတဲ့ အကြောင်း SSA မြောက်ပိုင်းတပ်ဖွဲ့က တပ်မှူးတစ်ဦးက အခုလို ပြောပါတယ်။
ဒီ စရဖ ဂျီဝမ်း ပေါ့ မျိုးထွဋ္ဋ်လှိုင် ခိုလမ်ကနေ ဟိုတစ်နေ့က ဖုန်းဆက်လာတယ်၊ သူက အရင်ဆုံးကတော့ ကျနော်တို့ ခိုလမ်ဆက်ဆံရေးရုံးကို ဆက်တာပေါ့နော် အဲ့ကနေပြီးတော့ သူက ဖုန်းနံပါတ်ရတာနဲ့ ကျနော်တို့ ဒု ဗိုလ်မှူးကြီး ခမ်းထီ အတွင်းရေးမှူး ၂ ဆီကို ဒါရိုက် ဆက်ပြီးတော့ သူက ဘာပြောလဲဆိုတော့ တာဆမ်ပူး ကူတို့ဟိုဖက်ဆိပ်ကမ်းပေါ့ စိုင်းခေါင် စခန်းဆိုတာ ကျနော်တို့အဲ့မှာရှိတယ်၊အဲ့ဒါ သူတို့ဖယ်ခိုင်းတယ်၊ သဘောတရားကတော့ ချက်ချင်းဖယ်ပေးဆိုတဲ့ သဘောတရားသက်ရောက်ပါတယ်၊ သူတို့က လူကြီးခရီးစဉ်ရှိတယ် ဒီ စခန်းကတော့ ဖယ်ပေးပါ အဲ့လိုပြောတယ်။ လမ်းနဲ့မတည့်ဘူးဗျ သုံးလေးမိုင်လောက် ကွာတယ် ဒီလမ်းနဲ့၊ ခိုလမ်-နမ့်ဆမ် လမ်ပေါ့။
ကဖယ်ရှားခိုင်းတဲ့ ဒီ စိုင်းခေါင် တပ်စခန်းဟာ အစိုးရနဲ့ငြိမ်းချမ်းရေးရယူပြီးကတည်းက အခြေစိုက်ထားတဲ့စခန်းနေရာဖြစ်တဲ့အတွက် ဖယ်ရှားပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် SSA မြောက်ပိုင်းတပ်ဖွဲ့တွေကို အစိုးရတပ်မတော်ကနေ အခုလို လုပ်ဆောင်နေတာဟာ SSA တပ်ဖွဲ့တွေ လှုပ်ရှားမှုတွေကို ပိတ်ဆို့တားဆီးတဲ့သဘောဖြစ်နေပြီး နှစ်ဖက် အပြန်အလှန်ယုံကြည်မှု လျှော့ နည်းအောင် လုပ်နေတာ ဖြစ်နေ တဲ့အတွက်ကြောင့် ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ဖို့ အမြန်ဆုံးလိုအပ်နေတယ်လို့ SSPP က ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလ ကပြောပါတယ်။
ကျနော်တို့တိုက်ပွဲဖြစ်ပြီးတော့ ဖယ်ပေးတာ အများကြီးရှိနေပြီ ၇ မိုင်စခန်းတို့၊ တောင်ကုန်းစခန်းတို့ နမ့်လော စခန်းတို့ သူတို့မကြိုက်တဲ့နေရာဆို ဖယ်ဖယ်ခိုင်းနေတာ ကျနော်တို့လဲ တတ်နိုင်သလောက်တော့ ဖယ်ဖယ်ပေးတယ် ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့နဲ့ ဘယ်နှခါ ပဲ ဆုံဆုံ ဘယ်နှခါပဲ တွေ့တွေ့ သဘောတူညီချက် ဘယ်နှခါပဲရရ လက်တွေ့အနေအထားမှာ တတ်နဲ့ဖြစ်နေတဲ့ ကိစ္စ မပြေလည်ဘူးလေ ဒါကြောင့် ငြိမ်းချမ်းရေးကို ချီတက်ဖို့ကိစ္စက ခိုင်မာတဲ့ အပစ်ရပ်စဲမှု အာမခံချက်ရှိတဲ့ အပစ်ရပ်စဲရေး ရ ဖို့တော့ လိုတယ်လေ အခုက အပစ်ရပ်စဲရေးဆိုတာက သဘောလောက်ပဲရှိနေတယ်လေ။
၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ sspp/ssa ခေါင်းဆောင်တွေ ဟာ မေလ ၁၁ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်း ရေးဖေါ်ဆောင်ရေးလုပ်ငန်းကော်မီတီ ဒုတိယဥက္ကဌ ဦးသိန်းဇော်ဦးဆောင်တဲ့ အဖွဲ့နဲ့ ရှမ်းပြည်နယ် တန့်ယန်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အချက်လေးချက် သဘောတူလက်မှတ် ထိုးခဲ့ကြပါတယ်။
ရှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့နယ်ခွဲမှာအခြေစိုက်တဲ့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချူပ် (ရလခ) က G1 (ဂျီဝမ်း) ခေါ် စစ်ဦးစီးချူပ် ပထမတန်းအရာရှိ ဒု ဗိုလ်မှူးကြီး မျိုးထွဋ္ဋ်လှိုင် ကနေပြီး မိုင်းရှူးမြို့နယ် အနောက်တောင်ဖက် မိုင် ၂၀ လောက်အကွာမှာ အခြေစိုက်ထားတဲ့ တာဆမ်ပူရွာအနီးက SSA မြောက်ပိုင်းတပ်ဖွဲ့ရဲ့ စိုင်းခေါင်တပ်စခန်း ကို ကြာသပတေးနေ့က ဖယ်ရှားပေးဖို့ တယ်လီဖုန်းနဲ့ လှမ်းပြီး ညွန်ကြားလာတာဖြစ်တဲ့အကြောင်း ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုး က သတင်းပေးပို့ထားပါတယ်။
တခြားတိုင်းရင်းသားအဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေဖြစ်ခဲ့
မြန်မာအစိုးရက လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲရယူဖို့ ကြိုးစားနေချိန်မှာပဲ မြန်မာစစ်တပ်ဟာ အပစ်အခတ်ရပ်စဲရေး သဘောတူထားတဲ့အဖွဲ့တွေအပြင် အပစ်အခတ်ရပ်စဲဖို့ သဘောမတူသေးတဲ့အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကျေးသီးမြို့နယ်ရှိ ရှမ်းပြည်မြောက်ပိုင်း SSPP/SSA တပ်စခန်းတစ်ခုကို မြန်မာစစ်တပ်က ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ သိရပြီး ဒီလုပ်ရပ်ဟာ နှစ်ဦးနှစ်ဖက်ကြား အပစ်အခတ်ရပ်စဲရေးယူထားတဲ့ ယုံကြည်မှုကို ဖျက်ဆီးလိုက်သလို ဖြစ်နေတယ်လို့ SSPP/SSA အရာရှိတစ်ဦးက ပြောကြောင်း ရှမ်းသံတော်ဆင့်သတင်းမှာ ဖော်ပြထားပါတယ်။
အဲ့ဒါ့အပြင် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက မြန်မာ အစိုးရတပ်ဖွဲ့တွေက ပလောင်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ TNLA အခြေစိုက်တပ်စခန်းတစ်ခုကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီးနောက် အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ပလောင်ဒေသအတွင်း မြန်မာအစိုးရတပ်တွေရဲ့ လှုပ်ရှားမှုတွေ ပိုများလာပြီး စစ်ထပ်မံ ဖြစ်ပွားနိုင်တဲ့အခြေအနေမှာ ရှိနေတယ်လို့လည်း ပြောပါတယ်။
တဆက်တည်းမှာပဲ အပစ်အခတ်ရပ်စဲရေးဆီကို ဦးတည်တဲ့ သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့တဲ့ ကချင်တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။
အပစ်အခတ်ရပ်စဲရေးကို ဦးတည်တဲ့ သဘောတူညီချက်လက်မှတ် ရေးထိုးပြီး တစ်လတာ ကာလအတွင်း တိုက်ပွဲပေါင်း အကြိမ် ၂၀ ဖြစ်ပွားခဲ့တာလို့ ကချင်လွှတ်မြောက်ရေးတပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က အေအက်ဖ်ပီ သတင်းကို ပြောပါတယ်။
ဒီလိုဖြစ်ရပ်တွေရဲ့ ယုံကြည်မှု တည်ဆောက်ဖို့ ခက်ခဲတယ်လို့လည်း ဦးလနန်က ပြောခဲ့တယ်လို့ သိရပါတယ်။
No comments:
Post a Comment