Thursday, June 20, 2013

ILO က မြန်မာအပေါ် ချမှတ်တဲ့ ဒဏ်ခတ်မှုအားလုံး ရုတ်သိမ်းပေး

ABC

အပြည်ပြည်ဆိုင်ရာ ​အလုပ်သမားအဖွဲ့အစည်း ​ILO ​က ​မြန်မာနိုင်ငံအပေါ် ​ချမှတ်ထားတဲ့ ​ဒဏ်ခတ်ပိတ်ဆို့မှု ​အားလုံးကို ​ရုတ်သိမ်းပေးလိုက်တယ်လို့ ​သိရပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ​ဂျာနီဗာမြို့မှာ ​ကျင်းပနေတဲ့ ​၁၀၂ ​ကြိမ်မြောက် ​အထွေထွေ ​ညီလာခံမှာ ​ကြေညာ ​လိုက်တာဖြစ်ပြီး ​မြန်မာနိုင်ငံမှာ ​အတင်းအဓမ္မ ​လုပ်အားပေးခိုင်းစေမှုတွေ ​ပပျောက်ရေး ​အတွက် ​ဥပဒေပြု ​မှုတွေ ​ရှိလာတဲ့အတွက် ​ဒဏ်ခတ် ​ပိတ်ဆို့မှု ​အားလုံးကို ​ရုတ်သိမ်း ​ပေးလိုက်တာ ​ဖြစ်ပါတယ်။

ILO ​အဖွဲ့ဟာ ​၁၉၉၉ ​ခုနှစ်နဲ့ ​၂၀၀၀ ​ပြည့်နှစ်တွေမှာ ​မြန်မာနိုင်ငံအပေါ် ​ဒဏ်ခတ်ပိတ်ဆို့မှု ​စတင်ချမှတ်ခဲ့တာ ​ဖြစ်ပြီး ​၂၀၁၂ ​ခုနှစ်မှာ ​ကျင်းပတဲ့ ​ILO ​ညီလာခံမှာ ​ဒဏ်ခတ်ပိတ်ဆို့မှု ​တချို့ ​ရုတ်သိမ်းပေးခဲ့ပါတယ်။

အဲဒီညီလာခံကို ​ဒေါ်အောင်ဆန်းစုကြည်လည်း ​တက်ရောက်ခဲ့ပြီး ​ဥရောပတိုက်ရှိ ​နိုင်ငံတချို့ကို ​လည်ပတ်ခဲ့ပါတယ်။

ILO ​ကနေ ​မြန်မာနိုင်ငံအပေါ် ​ချမှတ်ထားတဲ့ ​ဒဏ်ခတ်ပိတ်ဆို့မှု ​အားလုံး ​ရုတ်သိမ်းပေးလိုက်တဲ့အတွက် ​မြန်မာနိုင်ငံမှာ ​နိုင်ငံတကာ ​ကုန်သွယ်ရေးတွေ၊ ​နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ​ပိုများလာပြီး ​အဲဒီလုပ်ငန်းတွေနဲ့အတူ ​အလုပ်အကိုင် ​ပိုများလာတာတွေ ​ဖြစ်ပေါ်လာနိုင်တယ်လို့ ​သုံးသပ်နေကြပါတယ်။

No comments:

Post a Comment