ABC
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း ILO က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှု အားလုံးကို ရုတ်သိမ်းပေးလိုက်တယ်လို့ သိရပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဂျာနီဗာမြို့မှာ ကျင်းပနေတဲ့ ၁၀၂ ကြိမ်မြောက် အထွေထွေ ညီလာခံမှာ ကြေညာ လိုက်တာဖြစ်ပြီး မြန်မာနိုင်ငံမှာ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှုတွေ ပပျောက်ရေး အတွက် ဥပဒေပြု မှုတွေ ရှိလာတဲ့အတွက် ဒဏ်ခတ် ပိတ်ဆို့မှု အားလုံးကို ရုတ်သိမ်း ပေးလိုက်တာ ဖြစ်ပါတယ်။
ILO အဖွဲ့ဟာ ၁၉၉၉ ခုနှစ်နဲ့ ၂၀၀၀ ပြည့်နှစ်တွေမှာ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု စတင်ချမှတ်ခဲ့တာ ဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ ကျင်းပတဲ့ ILO ညီလာခံမှာ ဒဏ်ခတ်ပိတ်ဆို့မှု တချို့ ရုတ်သိမ်းပေးခဲ့ပါတယ်။
အဲဒီညီလာခံကို ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့ပြီး ဥရောပတိုက်ရှိ နိုင်ငံတချို့ကို လည်ပတ်ခဲ့ပါတယ်။
ILO ကနေ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှု အားလုံး ရုတ်သိမ်းပေးလိုက်တဲ့အတွက် မြန်မာနိုင်ငံမှာ နိုင်ငံတကာ ကုန်သွယ်ရေးတွေ၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ပိုများလာပြီး အဲဒီလုပ်ငန်းတွေနဲ့အတူ အလုပ်အကိုင် ပိုများလာတာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
No comments:
Post a Comment