Tuesday, August 27, 2013

ပုံနှိပ်နဲ့ ထုတ်ဝေခြင်းဥပဒေကြမ်းကို အမျိုးသားလွှတ်တော်လည်း အတည်ပြု

ABC

ပြန်ကြားရေးဝန်ကြီးဌာနက ​ရေးဆွဲထားတဲ့ ​ပုံနှိပ်ခြင်းနဲ့ ​ထုတ်ဝေခြင်းဥပဒေကြမ်းကို ​ပြည်သူ့လွတ်တော်မှာ ​အတည်ပြုခဲ့ပြီးနောက် ​အမျိုးသားလွတ်တော်က ​မနေ့က ​အတည်ပြုလိုက်ပြီ်လို့ ​သိရပါတယ်။

ပုံနှိပ်ခြင်းနဲ့ ​ထုတ်ဝေခြင်း ​ဥပဒေကြမ်းမှာပါတဲ့ ​အချက်တွေနဲ့ ​ပတ်သက်ပြီး ​ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ​မြန်မာနိုင်ငံ ​စာနယ်ဇင်းအဖွဲ့ ​အစည်းတွေကြား ​အငြင်းပွားမှုတွေ ​ဖြစ်ပွားခဲ့တဲ့အတွက် ​အမျိုးသားလွတ်တော် ​ဥပဒေကြမ်း ​ကော်မတီက ​နှစ်ဘက်အဖွဲ့တွေနဲ့ ​ညှိနှိုင်းဆွေးနွေး ​ပြင်ဆင်ပြီး ​- ​အမျိုးသားလွတ်တော်က ​အတည်ပြုခဲ့တာလို့ ​အမျိုးသားလွတ်တော် ​ဥပဒေကြမ်း ​ကော်မတီဝင် ​ဦးအောင်ကြည်ညွန့်က ​ပြောပါတယ်။

အမျိုးသားဥပဒေကြမ်းမှာ ​ဒီအမှုကိုစကိုင်တဲ့အခါမှာ ​ကျနော်တို့ ​ပြန်ကြားရေးဝန်ကြီးနဲ့ ​တာဝန်ရှိပုဂ္ဂိုလ်နဲ့လည်း ​တွေ့တယ်၊ ​နောက် ​စာနယ်ဇင်းကောင်စီ ​ကလည်း ​ကျနော်တို့ကိုလာတွေ့တယ်၊ ​၂ဘက်စလုံးရဲ့ ​အခြေအနေကို ​သေချာလေ့လာပြီးတဲ့ ​အခါကျတော့ ​အမျိုးသားလွတ်တော် ​ဥပဒေကြမ်း ​ကော်မတီအနေအထားနဲ့ ​ပြင်သင့်တာပြင်၊ ​ဖျက်သင့်တာဖျက်နဲ့ ​အဲလို ​ပြင်ပေးလိုက်ပြီးတော့မှ ​အမျိုးသားလွတ်တော်မှာ ​ဒီနေ့အတည်ပြု ​ပေးလိုက်တယ်။ 

အမျိုးသားလွတ်တော် ​ဥပဒေကြမ်းကော်မတီက ​ပြင်ဆင်ခဲ့တဲ့အချက်တွေနဲ့ ​ပတ်သက်လို့ ​အမျိုးသားလွတ် ​တော်ဥပဒေကြမ်း ​ကော်မတီဝင် ​ဦးအောင်ကြည်ညွန့်က ​စာနယ်ဇင်းကောင်စီက ​ဥပဒေကြမ်းပါအချက် ​၅ခုလောက်ဖြုတ်ပယ်ပေးဖို့ ​အဆို ​ပြုတာကို ​၄ခုလောက် ​ဖြုတ်ခဲ့တဲ့ ​အကြောင်း ​နဲ့ ​၁၄ခုလောက်ကို ​ပြင်ဆင်ပေးဖို့တောင်းဆိုတဲ့ ​အထဲက ​၁၃ခု ​ပြင်ဆင်လိုက်တဲ့ ​အကြောင်း ​ပြောပြပါတယ်။

သတင်း ​မီဒီယာလောကအတွက် ​အကောင်းဆုံး ​ဖြစ်နိုင်မဲ့ဟာကို ​ပြင်ပေးလိုက်တယ်၊ ​စာနယ်ဇင်းကောင်စီကလည်း ​ဆင်ဆာအဖွဲ့လိုဟာမျိုး ​ပြန်ပေါ်လာပြီးတော့ ​စာနယ်ဇင်းကို ​ချုပ်ကိုင်တဲ့ဟာမျိုးကို ​သူတို့ကစိုးရိမ်တယ်၊ ​ဒါကြောင့်မို့ ​ဆင်ဆာအဖွဲ့လိုဟာမျိုးကို ​ဖြုတ်ပေးလိုက်တယ်၊ ​ညစ်ညမ်းစာပေတို့ ​တရားမ၀င်စာတို့ဆိုရင် ​အမျိုးသားလွတ်တော်က ​တရားမ၀င်စာဖြစ် ​မယ်ဆိုရင် ​တရားရုံးမှာ ​သွားပြီးတော့ ​အဆုံးအဖြတ်ခံယူပါ။ ​တရားမ၀င်စာအဖြစ် ​ကြားနာစစ်ဆေးနေတုန်းမှာ ​ထုတ်ဝေဖြန့်ချီမှု ​မပြုအောင်တားမြစ်ဖို့ ​တရားရုံးကို ​လုပ်ပိုင်ခွင့် ​ပေးလိုက်တာမျိုးတွေပေါ့ဗျာ။ 

အမျိုးသားလွတ်တော်မှာ ​အတည်ပြုခဲ့တဲ့ ​ပုံနှိပ်ခြင်းနဲ့ ​ထုတ်ဝေခြင်းဥပဒေကြမ်းကို ​ပြည်သူ့ ​လွတ်တော်ကို ​ပေးပို့ပြီး ​အတည်ပြုချက်ရယူသွားမှာဖြစ်ပြီး ​အဲဒီကတဆင့် ​ပြည်ထောင်စုလွတ်တော်ကို ​ဆက်လက်ပေးပို့ပြီး ​ပြည်ထောင်စုလွတ်တော်ကသာ ​အတည်ပြုခဲ့ရင် ​ဒီဥပဒေကြမ်းဟာ ​အတည်ဖြစ်သွားမှာ ​ဖြစ်တဲ့အကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ခဲ့ပါတယ်။

No comments:

Post a Comment