Monday, November 25, 2013

ရန်ကုန်တွင် မွန်လူမျိုး သန်းခေါင်စာရင်း ကောက်ယူမှု ခန့်မှန်းကာလထက် နှစ်လ နောက်ကျမည်

ယုဝေ

ရန်ကုန်တိုင်းအတွင်း မွန်လူမျိုး လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရာတွင် သတ်မှတ်ကာလ အတွင်း အပြီးသတ်နိုင်တော့မည် မဟုတ်ဘဲ နှစ်လ နောက်ကျမည်ဟု မွန်လူမျိုး လူဦးရေ စာရင်းကောက်ယူရေး စီမံချက် စီမံခန့် ခွဲမှု ဒါရိုက်တာ ဦးမင်းစိုးအောင် က နိုဝင်ဘာ၂၄ ရက်တွင် မဇ္ဈိမကို ပြောသည်။

မွန်လူမျိုး လူဦးရေ စာရင်းကောက်ယူခြင်းကို ယခုနှစ် ဒီဇင်ဘာလအတွင်း ပြီးစီးနိုင်မည်ဟု ခန့်မှန်းထား သော်လည်း လက်တွေ့တွင် အခက်အခဲများ ရှိနေခြင်းကြောင့် လာမည့်နှစ် ဖေဖော်ဝါရီလတွင်မှ ပြီးစီးတော့မည် ဖြစ်ကြောင်း ဦးမင်းစိုးအောင်က ဆိုသည်။

“အခက်အခဲတွေက အများကြီးရှိပါတယ်။ ဒီဇင်ဘာမှာ စီမံကိန်းပြီးဖို့ ရည်ရွယ်ထားပေမယ့် လက်တွေ့မှာ ကတော့ သန်းခေါင်းစာရင်း ကောက်ရတာ ခက်ခဲပါတယ် ”ပာု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းတွင် မွန်လူမျိုး လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရာ၌ မွန်လူဦးရေ နှစ်သောင်းခွဲကျော် ရှိပြီဖြစ်သည်ပာု မွန်လူမျိုး လူဦးရေ စာရင်းကောက်ယူမှု စီမံချက် ကော်မတီ၏ နိုဝင်ဘာ တတိယ အပတ်အထိ ကောက်ယူပြီးခဲ့သော စာရင်းများ အရ သိရသည်။

မွန်လူမျိုး လူဦးရ စာရင်းကောက်ယူ ရေး စီမံချက် ဦးဆောင် ကော်မတီ အဖွဲ့ဝင် မိခင်လေးမြင့်ကလည်း ”တကယ် လို့ မွန်လူဦးရေ စာရင်း လာရောက်ကောက်ယူတဲ့နေရာမှာ ကျန်နေခဲ့တာမျိုးရှိရင် ရွှေတိဂုံ ဘုရားတောင်ဘက် မုခ်မှာရှိတဲ့ မွန်ဓမ္မာရုံကို သန်ခေါင်းစာရင်း၊ မှတ်ပုံတင်တွေနဲ့ လာရောက်ပြီး မွန်လူမျိုး အမှန် ပြန်ပြင်လို့ရပါတယ်။ ကိုယ့်အသိစိတ်နဲ့ကိုယ် မွန်လူမျိုး အမှန် ပြန်ပြင်ချင်တဲ့ သူတွေလည်း လာရောက်လို့ရပါတယ်” ပာုပြောသည်။

မွန်လူမျိုးများ အနေဖြင့် သန်းခေါင်စာရင်းတွင် လူမျိုးအမည်ဖော်ပြမှု များယွင်းမှုများရှိနေပါက မွန်လူ မျိုး လူဦးရေ စာရင်း ကောက်ခံသည့် အဖွဲ့ထံ အကူအညီတောင်းခံနိုင်သည်ပာုလည်း ၄င်းက ပြောသည်။

မွန်လူမျိုး လူဦးရေ စာရင်းကောက်ယူရေး စီမံချက်အား ဇူလိုင်လ ပထမပတ်တွင် စတင်ခဲ့ ကာ ရန်ကုန်မြို့ တွင် ခန့်မှန်းအားဖြင့် မွန်လူဦးရေ တစ်သိန်းခွဲ ခန့် ရှိမည်ပာုလည်း မိခင်လေးမြင့်က ဆိုသည်။

ယခင်က မွန်လူမျိုးများသည် သန်းခေါင်စာရင်းတွင် ဗမာလူမျိုးပာု မှားယွင်း ဖော်ပြခြင်းခံရသည်ဟု စစ်တမ်းများ အရ တွေ့ ရှိရသော်လည်း သန်းခေါင်စာရင်း ကောက်ယူချိန်တွင် မွန်လူမျိုးများအား ကရင်လူမျိုးပာု မှားယွင်း ဖော်ပြထားသည်များလည်း တွေ့ ရှိနေရသည်ပာု မွန်လူမျိုး လူဦးရေ စာရင်းကောက်ယူရေးစီမံချက် ဦးဆောင်ကော်မတီ အဖွဲ့ ဝင် တစ်ဦးဖြစ်သူ ဦးနိုင်မင်းသောင်းသျှင် ကလည်း မဇ္ဈိမနှင့် အင်တာဗျူး တစ်ခုတွင် ပြောကြားခဲ့သည်။

No comments:

Post a Comment