ဇော်ဇော်ထွေး
မော်တော်ယာဉ် လေးစီးဆင့်တိုက်မှု ဖြစ်စဉ်ကြောင့် နား၊ နှာခေါင်း လည်ချောင်း ဆေးရုံ(ရန်ကုန်)မှ အမျိုး သမီးဆရာဝန် တစ်ဦးကို ယာဉ်ထိန်းရဲတပ်ဖွဲ့က တရားလိုပြုလုပ်တိုင်တန်းသဖြင့် ဗဟန်းရဲစခန်းက ဧပြီ ၂၇ တွင် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။
ဖြစ်စဉ်မှာ ဧပြီ ၂၇ ရက်က နံနက် ၈ နာရီက နား၊ နှာခေါင်း လည်ချောင်းဆေးရုံကြီးမှ ဆရာဝန် ဒေါ်သီသီမြင့် (၄၁)နှစ် မောင်းနှင်သည့် တိုရိုတာ ပါဆို ကိုယ်ပိုင်ယာဉ်သည် ဓမ္မစေတီလမ်းဆုံအရောက်တွင် ၀ဲဘက်သို့ ချိုးကွေ့စဉ် အနောက်မှ အရှေ့သို့ မောင်းနှင်လာသည့် တက္ကစီယာဉ်တစ်စီးကို ၀င်တိုက်မိခဲ့ကြောင်း ယာဉ်ထိမ်း ရဲမှတ်တမ်းစစ်ချက်တွင် ဖော်ပြထားသည်။
ပထမဆုံးအတိုက်ခံရသည့် တက္ကစီမှ ရှေ့တွင်ရှိသည့် တက္ကစီယာဉ် နှစ်စီးတို့ကို အဆင့်ဆင့်တိုက်မိပြီး ယာဉ်တိုက်မှုကြောင့် ယာဉ်လေးစီး၏ ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ကျပ် ခုနစ်သိန်းဖိုးခန့်ထိ ရှိခဲ့သည်ဟုလည်း ဆိုထားသည်။
ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် အထက်ပါ ဆရာဝန်အား ယာဉ်မဆင်မခြင် မောင်းနှင်သူအဖြစ် စွပ်စွဲပြီး အရေးယူပေးရန် ဒု-ရဲအုပ် မျိုးတင့် (ယာဉ်ထိန်းရဲတပ်ဖွဲ့ တပ် ဖွဲ့စု ၂၀၊ ဗဟန်း)က တရားလိုပြုလုပ်တိုင်တန်း ထားသည်။
ယင်းတိုင်တန်းမှုကို ဗဟန်းမြို့နယ် ရဲ စခန်းက ယာဉ်(ပ)၄၆/၂၀၁၄ ဖြင့် အမှု ဖွင့်ပြီး တိုင်တန်းခံရသည့် ဆရာဝန်ကို ဖမ်းဆီး စစ်ဆေးနေသည်ဟု ဆိုသည်။
No comments:
Post a Comment