Thursday, July 3, 2014

အပစ်ရပ်ရေးမူကြမ်းနဲ့ ပတ်သက်ပြီး NCCT ခေါင်းဆောင်တွေ ဆွေးနွေး

ABC

တစ်နိုင်ငံလုံးဆိုင်ရာ ​အပစ်အခတ်ရပ်စဲရေး ​သဘောတူညီချက်စာချူပ် ​မူကြမ်း ​နဲ့ ​ပတ်သက်ပြီး ​တစ်နိုင်ငံလုံး ​အပစ်အခတ်ရပ်စဲရေး ​ဆိုင်ရာ ​ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ​NCCT ​ခေါင်းဆောင် ​တွေဟာ ​ဇူလိုင် ​၁ ​ရက်နေ့ ​ကစပြီး ​ထိုင်းမြန်မာ ​နယ်စပ် ​တစ်နေရာမှာ ​အစည်းအဝေးတခုကျင်းပ ​နေပါတယ်။

အစည်းအဝေးမှာ ​တစ်နိုင်ငံလုံးဆိုင်ရာ ​အပစ်အခတ်ရပ်စဲရေး ​သဘောတူစာချူပ်နဲ့ ​ပတ်သက်ပြီး ​ပဒို ​စောကွယ်ထူးဝင်း ​ဦးဆောင်တဲ့ ​အလုပ်အဖွဲ့ကနေ ​တင်ပြထားတဲ့ ​ရွေးချယ်စရာ ​နည်းလမ်းနှစ်ခုကို ​ရေးသားပြုစုထားတဲ့ ​စာတမ်း ​ကိစ္စ ​ဆွေးနွေး ​အတည်ပြုချက် ​ရယူဖို့နဲ့ ​ဦးနိုင်ဟံသာ ​ဦးဆောင်တဲ့ ​အလုပ်အဖွဲ့ ​ကနေ ​အစိုးရနဲ့ ​ငြိမ်းချမ်းရေး ​ဆွေးနွေးပွဲ ​လုပ်ငန်းဆောင်ရွက်ချက် ​စာတမ်းတွေ ​တင်ပြ ​ဆွေးနွေး ​သွားကြမှာဖြစ်တယ်လို့ ​သိရပါတယ်။

ပြီးခဲ့တဲ့ ​NCCT ​အစည်းအဝေး ​ကနေ ​ဖွဲ့စည်းထားတဲ့ ​ဒီအလုပ်အဖွဲ့တွေကနေပြီး ​တင်ပြလာတဲ့ ​စာတမ်းတွေကို ​အတည်ပြုချက်ရယူပြီးရင်တော့ ​အခု ​ဇူလိုင်လအတွင်းမှာ ​ကျင်းပဖို့ ​စီစဉ်ထားတဲ့ ​တိုင်းရင်းသား ​လက်နက်ကိုင် ​တော်လှန်ရေး ​အဖွဲ့အစည်းတွေရဲ့ ​ထိပ်သီးခေါင်းဆောင်များ ​အစည်း ​အဝေးမှာ ​ဆုံးဖြတ်ချက် ​ရယူသွား ​မှာဖြစ်တယ်လို့လည်း ​သိရပါတယ်။

မနေ့က ​စတင်ကျင်းပတဲ့ ​အစည်းအဝေးမှာ ​အစိုးရနဲ့ ​ညှိနှိုင်းမရတဲ့ ​အချက်အလက်တခုချင်းစီရဲ့ ​စကားလုံးအသုံး ​အနှုန်းတွေ၊ ​တိုင်းရင်းသား ​လက်နက်ကိုင် ​တော်လှန်ရေး ​ဆိုတဲ့ ​စကားလုံးလို ​ကိစ္စ ​ဖက်ဒရယ်ပြည်ထောင်စု ​ဆိုတဲ့ ​ကိစ္စ ​စတဲ့ ​သဘောတူညီမှု ​မရသေးတဲ့ ​အချက် ​၃၀ ​ကျော်ကိုလည်း ​ပြန်လည်ညှိနှိုင်း ​ဆွေးနွေး ​ကြမှာ ​ဖြစ်ပါတယ်။

နှစ်ဖက်လက်ခံနိုင်တာတွေကို ​အကြံပြုချက် ​ရယူပြီး ​အခုလထဲမှာ ​ကျင်းပဖို့ရှိတဲ့ ​တိုင်းရင်းသား ​ထိပ်သီးခေါင်းဆောင်များ ​အစည်းအဝေးမှာ ​တင်ပြသွားမယ်လို့လည်း ​သိရပါတယ်။

တိုင်းရင်းသား ​ထိပ်သီးခေါင်းဆောင်များ ​အစည်းအဝေး ​ကျင်းပမယ့် ​နေရာကိုလည်း ​ဒီအစည်း ​အဝေးမှာ ​ထည့်သွင်းဆွေးနွေးသွားဖို့ရှိပြီး ​အဲဒီနောက်ပိုင်း ​လာမယ့် ​သြဂုတ်လထဲမှာ ​ပြည်ထောင်စု ​ငြိမ်းချမ်းရေး ​ဖော်ဆောင်ရေး ​လုပ်ငန်း ​ကော်မတီ ​ဒုဥက္ကဌ ​၀န်ကြီး ​ဦးအောင်မင်း ​တို့နဲ့ ​ထပ်မံတွေ့ဆုံဆွေးနွေးသွားမှာဖြစ် ​တယ်လို့သိရ ​ကြောင်း ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုး ​က ​သတင်းပေးပို့ထားပါတယ်။

No comments:

Post a Comment