Monday, May 25, 2015

လှေနဲ့အိမ်နီးချင်းကို သွားတဲ့လူတွေ အရူးလို့ Hasina ဆို

ABC

အိမ်နီးချင်းနိုင်ငံတွေကို ​လှေတွေနဲ့ ​သွားပြီး ​ခိုလှုံခွင့်တောင်းတဲ့ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို ​ရူးနေတဲ့လူတွေနဲ့ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ​ဂုဏ်သိက္ခာကို ​ချနေတဲ့ ​လူတွေလို့ ​ဝန်ကြီးချုပ် ​Sheikh ​Hasina ​က ​ပြောလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ​အလုပ်သမားတွေအတွက် ​လုံလောက်တဲ့ ​အလုပ်ပေးနိုင်စွမ်းရှိတဲ့ ​ကြားက ​အခုလိုမျိုး ​အန္တရာယ်များတဲ့ ​ပင်လယ်ကို ​ဖြတ်ပြီး ​တခြား ​နိုင်ငံမှာ ​ခိုလှုံခွင့် ​တောင်းနေတာက ​အရှက်ကွဲအောင် ​လုပ်နေတာလို့ ​ပြောလိုက်တာပါ။

ပင်လယ်ပြင်မှာ ​သောင်တင်နေတဲ့ ​ဒုက္ခသည် ​ထောင်နဲ့ချီထဲမှာ ​ရိုဟင်ဂျာနဲ့ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ​ပါဝင်ပါတယ်။

အခုလောလောဆယ် ​အင်ဒိုနီးရှား ​အစိုးရကတော့ ​အလုပ်အကိုင် ​ရရှိဖို့ ​ရောက်လာတဲ့ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ​၇၀၀ ​ကျော်ကို ​ပြန်ပို့ဖို့ ​ဆုံးဖြတ်ထားပါတယ်။

ရိုဟင်ဂျာတွေကိုတော့ ​ဆက်လက်နေထိုင်ခွင့် ​ပေးထားပါတယ်။

ပင်လယ်ပြင်မှာ ​သောင်တင်နေတဲ့ ​ဒုက္ခသည်တွေ ​မလေးရှားနဲ့ ​အင်ဒိုနီးရှားမှာ ​အများအပြား ​ရောက်ရှိနေပေမယ့် ​အယောက်ပေါင်း ​၃၅၀၀ ​လောက် ​ပင်လယ်ပြင်မှာ ​သောင်တင်ဦးမယ်လို့ ​ခန့်မှန်းနေကြပါတယ်။

No comments:

Post a Comment