ABC
အိမ်နီးချင်းနိုင်ငံတွေကို လှေတွေနဲ့ သွားပြီး ခိုလှုံခွင့်တောင်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို ရူးနေတဲ့လူတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ချနေတဲ့ လူတွေလို့ ဝန်ကြီးချုပ် Sheikh Hasina က ပြောလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အလုပ်သမားတွေအတွက် လုံလောက်တဲ့ အလုပ်ပေးနိုင်စွမ်းရှိတဲ့ ကြားက အခုလိုမျိုး အန္တရာယ်များတဲ့ ပင်လယ်ကို ဖြတ်ပြီး တခြား နိုင်ငံမှာ ခိုလှုံခွင့် တောင်းနေတာက အရှက်ကွဲအောင် လုပ်နေတာလို့ ပြောလိုက်တာပါ။
ပင်လယ်ပြင်မှာ သောင်တင်နေတဲ့ ဒုက္ခသည် ထောင်နဲ့ချီထဲမှာ ရိုဟင်ဂျာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ပါဝင်ပါတယ်။
အခုလောလောဆယ် အင်ဒိုနီးရှား အစိုးရကတော့ အလုပ်အကိုင် ရရှိဖို့ ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇၀၀ ကျော်ကို ပြန်ပို့ဖို့ ဆုံးဖြတ်ထားပါတယ်။
ရိုဟင်ဂျာတွေကိုတော့ ဆက်လက်နေထိုင်ခွင့် ပေးထားပါတယ်။
ပင်လယ်ပြင်မှာ သောင်တင်နေတဲ့ ဒုက္ခသည်တွေ မလေးရှားနဲ့ အင်ဒိုနီးရှားမှာ အများအပြား ရောက်ရှိနေပေမယ့် အယောက်ပေါင်း ၃၅၀၀ လောက် ပင်လယ်ပြင်မှာ သောင်တင်ဦးမယ်လို့ ခန့်မှန်းနေကြပါတယ်။

No comments:
Post a Comment