
မြန်မာစံတော်ချိန် ၅ နာရီ ၅ မိနစ်တွင် စတင်နေ့ကြတ်ခြင်း ဖြစ်ပြီး ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် ၄ နာရီခန့်တွင် ဖြစ်သည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် လူပေါင်းမြောက်များစွာက နေ့ကြတ်သည်ကို မှန်ပြောင်းများဖြင့် ကြည့်ရှု့ခဲ့သည်။
ကော့ဘဇားခရိုင်သံသီးရွာတွင်မူ လူတဦးမှ အိမ်စတင်ဆောက်လုပ်ရန် စီစဉ်သည့်နေ့တွင် နေကြတ်သဖြင့် အိမ်ဆောက်လုပ်မူကို နောက်တပတ်ထိ ရွှေ့ဆိုင်းလိုက်သည်။
နအဖ ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းစိန်သည် သူ့၏ ရခိုင်ခရီးစဉ်အတွင်း မောင်တောသို့ ရဟတ်ယဉ်များဖြင့် လာရောက်ရာ နှင်းမြူ ထူထပ်မူကြောင့် မောင်တောသို့ မဆင်းသက်နိုင်သည့် အပြင် အဆိုပါ နေ့ ညနေပိုင်းတွင် နေကြတ်သဖြင့် အတိတ် နမိတ် မကောင်းဟုဆိုကာ စစ်တွေတွင် ညမအိပ်တော့ဘဲ အနောက်ပိုင်းတိုင်း စစ်ဌာချုပ်ရှိရာ အမ်းသို့ ချက်ချင်း ပြန်သွားသည်ဟု သိရသည်။
ယမန်နေ့က တရုတ်နှစ်သစ်ကူးနေ့ ဖြစ်သဖြင့် နေကြတ်ခြင်းသည် အတိတ်နမိတ် မကောင်းဟု တရုတ်များက ယူဆကြသည်ဟု ဆိုသည်။
ရခိုင်နက္ခတဗေဒနှင့် သုတေသီ အရှင် အိန္ဒာ စက္ကမှ ရခိုင် ရှေ့ဟောင်း ဝေဒပညာအရ နေ့ကြတ်ခြင်းသည် ကောင်းသော အတိတ်နမိတ် မဟုတ်သဖြင့် အဆိုပါနေ့တွင် အိမ်ယာဆောက် ခရီးသွား အပြင် အရေးကြီးသော အလုပ်များကို မလုပ်အပ်ဟု ပြောသည်။
No comments:
Post a Comment