
အဆိုပါညွှန်ကြားချက်ကို ရဲချုပ်ခင်ရီမှ ယမန်နေ့က ထုတ်ပြန် လိုက်ခြင်းဖြစ်သည်ဟု ပြည်တွင်းထဲက လာသော သတင်းများတွင် ဖေါ်ပြသည်။
လာမည့် ဧပြီလမှ စတင်ပြီး နိုင်ငံတော် စီမံကိန်း တရပ်အနေဖြင့် အဆိုပါ လုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်သည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် ပေါ်ပေါက်ခဲ့သော မူခင်း တ၀က်နီးပါးတွင် ရဲတပ်ပြေးများ ပါဝင်ပတ်သက်နေသဖြင့် ယခုစီမံကိန်းကိုချပြီး ဖမ်းဆီးရန် စီစဉ်ခြင်း ဖြစ်သည်ဟု ရဲသတင်းရပ်ကွက်အရ သိရသည်။
ရဲပြေး အများအပြားမှာ ရဲအမည်ခံပြီး ပြစ်မှု အများအပြားတွင် ပါဝင်ပတ်သတ် နေခြင်းကြောင့် နိုင်ငံတော် ရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်နေ၍ ပြန်လည် အဖတ်ဆည်နိုင်ရန် ရည်ရွယ်ပြီး ယခုကဲ့သို့ ညွှန်ကြားချက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း လေ့လာ သုံးသပ်သူများက ပြောသည်။
အမည် မဖေါ်လိုသူ ရဲမှူး တဦးက ယခု စီမံကိန်းကို လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် နိုင်ငံတော် တတိယ လေးလပတ် အစည်းအဝေး ကတည်း က ဆုံးဖြတ်ထားခဲ့ခြင်းဖြစ်ပြီး ယခုမှ စတင်ကာ အကောင်အထည်ဖော် လုပ်ဆောင်မည် ဖြစ်ကြောင်း ပြောကြားသည်။
No comments:
Post a Comment