
မနေ့ မနက် ဗမာ စံတော်ချိန် မနက် ၆း၀၀ နှင့် ၈း၀၀ အကြား နေကြပ် သဖြင့် တရုပ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ၅ -၆ မိနစ် ခန့် မိုးမှောင် ကျ သွားခဲ့သည်။ ဗမာပြည်တွင်မူ သိသူများရှိသကဲ့သို့ မသိရှိသူလည်း အများအပြားရှိသည်။ နက္ခတ္တဗေဒ၊ ဗေဒင် ကိန်းခန်း၊ ယတြာကို အယူ သည်းသည့် စစ်အစိုးရအဖို့ မလွှဲမသွေ ကျဆုံးခန်းရောက်မည်မှန်းသိ၍ အပြင်းအထန်ယတြာ ချေနေတော့မည်ဟု ဗေဒင် ဆရာများ က သုံးသပ် ပြောဆို နေကြသည်။
ချင်းမိုင် အခြေစိုက် ဗေဒင် ယတြာ ပညာဖြင့် အသက် မွေးသည့် ဆရာမိဏ်းလီက -“အခု အချိန်မှာ စစ် အစိုးရ ဇာတာ ကိန်းခန်း က တနင်္ဂနွေ / အနောက် အရပ် နဲ့ အင်္ဂါ / အလယ် ဗဟို ကျတဲ့ အတွက်ကြောင့် အဖတ် ဆယ်လို့ မရအောင် ပျက်စီး ဆုံးရှုံး ရမယ့်ကိန်း”- ဟုဆို၏။
ဓနုတ်ဘုရား ပြိုပျက်စဉ်က ဗိုလ်သန်းရွှေအဖို့ မကောင်းဆိုးဝါးအတိတ်နိမိတ်ဟု အများပြောဆိုနေချိန် ယနေ့နေကြပ်ခြင်းမှာ အကုသိုလ်ထူပြောသည့် စစ်အစိုးရအဖို့ ဂြိုလ်ဇာတာ လုံးမကောင်းတော့ကြောင်းလွန်ခဲ့သည့်တစ်လကျော်ခန့်ကပင် သုံးသပ် ပြောဆိုကြသည့် ပုဂ္ဂိုလ်တချို့လည်းရှိ၏။
သျှမ်းရိုးရာစကားပုံနှင့် ခေတ်ဟောင်းစာပေကျမ်းကန်နှံ့စပ်သည့် လုန်းစရေးအော်တော်က - “အခုလိုမျိုး စုန်းစုန်းမြှုပ် ငပုပ်မြို့ တယ် ဆိုတာဖြစ်တောင့်ဖြစ်ခဲတဲ့ကိစ္စ၊ ဖြစ်လာပြီဆိုရင်တော့ တိုင်းပြည်ဦးဆောင်နေတဲ့ပုဂ္ဂိုလ်တွေဆုံးပါး တတ်တယ်။ ဒါမှ မဟုတ် တိုင်းပြည်ပြပျက်တတ်တယ်။ အခြားမိတ်ဆွေ တိုင်းပြည်က ကိုယ့်တိုင်းပြည်အစိုးရ အပေါ်လျစ် လျူရှု ကျောခိုင်းလိမ့် မယ်။ အခု ဗမာစစ်အစိုးရက ဘယ်လောက်ယတြာချေချေ ရတော့မှာမဟုတ်ဘူး ”- ဟု ဆို၏။
ယနေ့နေကြပ်ခြင်းသည် တိုင်းပြည် နှင့် အုပ်ချုပ်မင်းလုပ်သူများအတွက်မကောင်းသည့်နမိတ်ဟု သျှမ်းနက္ခတ္တပညာရှင်များ ဟောကိန်းထုတ်ကြသကဲ့သို့ တရုပ် နှင့် အန္ဒိယ နိုင်ငံများ ပညာရှင်များကလည်း အမင်္ဂလာနိမိတ်ဆောင်ကြောင်း၊ နေကြပ် သည့်ချိန် အိမ်ပြင်မထွက်လေ ကောင်းလေဖြစ်ကြောင်းယုံကြည်သူများ ဒု နှင့် ဒေး ရှိသည်ဟုလည်းဆိုသည်။
“လ စွမ်းအားကြီးလို့ ကမ္ဘာ နဲ့ နေ၀န်းကြား ရောက်ခိုက် နေရဲ့အလင်းရောင်ကို ပိတ်ဆို့နိုင်တဲ့အတွက်ကြောင့်၊ လကို ဆည်းကပ်တဲ့သူတွေ တန်ခိုးကြီးထွားလာနိုင်ပြီး နေ နာမ် နဲ့ နေကိုယုံကြည်သူများ သြဇာတက္ကိမ ကျဆုံးမယ်”- ဟု သျှမ်းနက္ခတ္တပညာရှင် ခူးမိဏ်းလီက ဆိုသည်။
No comments:
Post a Comment