
“စားဝတ်နေရေး ကိစ္စကို တပ်ကို ပဲမှီခို နေရလို့ စိတ်သွားတိုင်း ကိုယ်မ ပါကြဘူး။ အပြောင်း အလဲ တရပ်ဖြစ်မှ အခြားအဆင့် အတန်းများ အတွက် အဆင်ပြေမှာပါ” ဟု အမည် မဖော်လိုသည့် ဒုဗိုလ်မှူးကြီး တဦးက ပြောသည်။
ရွေးကောက် ပွဲဖြစ်ပေါ် လာပါ ကလည်း စစ်အစိုးရသာ ရာသက်ပန် သက်တမ်း ရှည်မည်ဖြစ်ပြီး ဗိုလ်မှူးကြီးနှင့် ဒုဗိုလ်မှူးကြီး အဆင့် များမှာ ထပ်ဆင့် ရာထူး တိုးမြှင့်ခြင်း မခံရသည်က တပ်တွင်း အကြပ်အတည်း အလွန်ကြီးမား နေကြောင်း ၎င်းက ဆက်ပြောသည်။
“ရွေးကောက်ပွဲက ဘယ်သူပဲနိုင်နိုင် အာဏာရှင်စနစ်ပဲဖြစ်မယ်။ ဒီမိုကရေစီပြည့်ဝအောင် ရမယ်လို့ ကျနော်တို့ မမျှော်လင့်ဘူး။ မဲသွားပေးလည်း အလကားပဲ” ဟု အဆိုပါဒုဗိုလ်မှူးကြီးက ဆက်ပြောသည်။
လက်ရှိ စစ်အစိုးရအနေဖြင့် ပြည်သူနှင့် အောက်ခြေဝန်ထမ်းများကို စားဝတ်နေရေးကိစ္စများဖြင့် လုံးချာလိုက်အောင် ဖန်တီးထားပြီး ရွေးကောက်ပွဲကို စိတ်မဝင်စားအောင် ပြုလုပ်ထားခြင်းသာဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောသည်။
“တပ်မှာက အသက် ၆၀ ပြည့်ရင် နားရမယ်လေ။ သူတို့က တကယ်တမ်း မနားရဲပါဘူး။ ဒါကြောင့် ကျနော်တို့အဆင့်တွေ အောက်ခြေမှာ ပိတ်ဆို့နေတာ။ ဒီကိစ္စကို အားလုံးက မကျေနပ်ကြဘူး။ ရွေးကောက်ပွဲတောင် ဖြစ်ပါ့မလားလို့ စဉ်းစားမိတယ်” ဟု အဆိုပါဒုဗိုလ်မှူးကြီးက ဆက်ပြောသည်။
လာမည့် ၂၀၁၀ ရွေးကောက်ပွဲကို မေလအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း တပ်မတော်အတွင်း သတင်းများ ထွက်ပေါ်နေလျက်ရှိသည်။
No comments:
Post a Comment