Tuesday, October 2, 2012

လူကို ခြိမ်းခြောက်ရမ်ကားသူများအား ရဲ က ပြန်လွှတ်လိုက်သည့် ကိစ္စ လူငယ်တွေ မကျေနပ်

khonumthung

စက်တင်ဘာ ၂၉ ရက်နေ့က ဒေသခံ တဦးအား လူ ၅ ဦးက ခြိမ်းခြောက်သည့် အမှု တရားလိုက တိုင်ကြားသည့်အပေါ် ဒေသခံ ရဲက ၄င်းတို့ကို တညသာ ချုပ်ထားပြီး ပြန်လွှတ်ပေးလိုက်သည့် အပေါ် ဒေသခံ လူငယ် တွေ မကျေနပ်ကြောင်း သိရသည်။

“ ရဲက သူတို့ကို ပိုက်ဆံတောင်းပြီး ပြန်လွှတ်လိုက်တယ်၊ ကာယကံရှင်ကျေနပ်မှုရှိမရှိလည်း မမေး ဘူး၊ လုံးဝ မဖြစ်သင့်ဘူး” ဟုလူငယ်တဦး က ပြောသည်။

ချင်းပြည်နယ်မတူပီမြို့ ၊ စန်ဘောင်ရပ်ကွက်နေ အသက် ၄၀ အရွယ်ရှိ ပန်းရံအလုပ်ဖြင့် မိသားစု ၀မ်းကျောင်းနေသူ Pu Thai Ming သည် လေးမြို့ချောင်းသို့ ကွန်ပစ်ရန် အသွား တောထဲ တနေရာတွင် အရက်မူးနေသည့် ဗမာအမျိုးသား လက်သမား ၅ ဦးက ရိုက်နှက် ရန် ခြိမ်း ချောက် ခဲ့ခြင်း ဖြစ်သည်။

“ အရက်မူးပြီး ရန်စတယ်၊ အဲဒီချိန်မှာ တဦးက လက်သီးနဲ့ထိုးတယ်၊ ကျန်တဲ့လူတွေက ခဲနဲ့ ထုရန် ကျောက်ခဲ အကောက်မှာ ဦး ThaiMing က သူ့ကွန်တွေ ပိုက်တွေကို ပစ်ထားခဲ့ပြီး ပြန်ပြေးလာ တယ်၊ ” ဟု ၄င်း၏ ဆွေမျိုး တဦးက ပြောသည်။

ဆက်လက်ပြီး တရားလိုက ရဲကို တိုင်ကြားခဲ့ရာ ရဲက အဆိုပါ ငါးဦးကို ခေါ်ယူစစ်ဆေးကာ တညသာ ချုပ်ထားပြီး ပြန် လွှတ်လိုက် ကြောင်း ဆက်ဆိုသည်။

အဖြစ်မှန်ကို စုံစမ်းပြီး ဆက်လက် ကိုင်တွယ်မှာ ဖြစ်ကြောင်း၊ သို့မဟုတ်ပါက လက်သမား ၅ ဦး အတွက် မဖြစ်သင့်တာ တွေ ဖြစ်လာ နိုင် ကြောင်း ပြောနေကြသည်။

No comments: