Tuesday, January 1, 2013

ကချင်ကိစ္စ အဖြေရှာဖို့အတွက် ၈၈ အဖွဲ့ ကချင်ပြည်ကိုသွား

ABC

မြန်မာ ​အစိုးရတပ်တွေနဲ့ ​ကချင်လွတ်မြောက်ရေးတပ်(KIA)တပ်ဖွဲ့တွေကြား ​တိုက်ပွဲတွေပြင်းထန်လာ နေတဲ့အတွက် ​ပြဿနာတွေကို ​ညှိနှိုင်း အဖြေရှာနိုင်ရေးအတွက် ​ကိုမြအေးဦးဆောင်တဲ့ ​၈၈မျိုးဆက်ကျောင်းသားတွေဟာ ​ဒီနှစ်သစ်ကူး နေ့မှာ ​စစ်ပွဲတွေဖြစ်ပွားနေတဲ့က ချင်ပြည် နယ်ကို ​သွားရောက်မယ်လို့ ​၈၈မျိုးဆက် ​ကျောင်းသားတွေက ​ပြောပါတယ်။

၈၈မျိုးဆက်ကျောင်းသားတွေဟာ ​ကချင်ပြည်နယ်ခရီးစဉ်အတွင်း ​ဒုက္ခသည် ​စခန်းတွေကို ​လည်းသွားရောက်မှာ ​ဖြစ်သလို ​ကချင်ဒေသ အ တွင်း ​စစ် ​ပွဲ ​အ ​ရှိန် ​မြင့် ​တက် ​လာ ​တဲ့အပေါ် ​နှစ်ဘက်တိုက်ခိုက်မှုတွေ ​အမြန်ဆုံး ​ရပ် ​ဆိုင်း ​ပြီး ​ဆွေးနွေးညှိနှိုင်းကြဖို့ ​ကြေငြာချက် ​ထုတ်ပြန် ပြီး ​တောင်းဆိုထားပါတယ်။

ကချင်ပြည်နယ်ခရီးစဉ်အတွင်း ​ကချင် ​ဒေသတွင်းက ​အခြေအနေတွေနဲ့ ​အချက်အလက်တွေ ​ကိုလည်း ​စုဆောင်းကောက်ယူ ​သွားမှာဖြစ် တယ်လို့ ​၈၈မျိုးဆက်ကျောင်းသားများ ​အဖွဲ့က ​ကိုပြုံးချိုက ​အခုလို ​ပြောပါတယ်။

မနက်ဖြန်မှာဆိုလိုရှိရင် ​ကျနော်တို့ ​၈၈မျိုးဆက်ကျောင်းသားတွေ ​အဲဒီဒေသကိုသွားပြီးတော့ ​ဒီဒေသ မှာရှိတဲ့ ​အခြေအနေတွေနဲ့ ​ပတ်သက်ပြီး တော့ ​အချက်အလက်တွေ ​စုစည်းနိုင်အောင်နဲ့ ​ဘယ်လိုနည်းလမ်းတွေရှာပြီးတော့ ​ပြဿနာတွေ ​ပြေလည်အောင် ​ဖြေရှင်းနိုင်မလဲ ​ဒါတွေကို ချည်းကပ်ဖို့အတွက် ​ကျနော်တို့ ​သွားကြမှာပါ။ 

၈၈မျိုးဆက်ကျောင်းသားအဖွဲ့ဟာ ​အခြေအနေပေးရင်ပေးသလို ​ကချင်ပြည်နယ်က ​တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ​နေရာတွေကို ​သွားနိုင် အောင် ကြိုး စားမဲ့အကြောင်း ​ အခက်အခဲအဟန့်အတားတွေရှိရင်လည်း ​ရောက်တဲ့နေရာက ​နေအတတ်နိုင်ဆုံး ​ကြိုးပမ်းဆောင်ရွက်သွား မယ်လို့ ​ပြောပါတယ်။ ​ကချင်ပြည်နယ်အတွင်းတိုက်ပွဲတွေကြောင့် ​အစိုးရနဲ့ ​ကချင်လွတ်မြောက်ရေးတပ် ​(KIA) ​တပ်ဖွဲ့တွေ ​ကြား ​ငြိမ်းချမ်း ရေးဆွေး နွေးမှုတွေ ​ အဟန့်အတားဖြစ်မှာကို ​စိုးရိမ်တယ်လို့ ​လည်း ​ကိုပြုံးချိုက ​ဆက်ပြောပါတယ်။


ဒီကနေ့မှာ ​ကချင်ဒေသကစစ်ပွဲတွေ ​ပြင်းထန်နေတဲ့အတွက် ​ရေရှည်မှာ ​နိုင်ငံရေးအရဆွေးနွေးမှုတွေ၊ ​နောက်ငြိမ်းချမ်းရေးဆိုင်ရာ ​ဆောင် ရွက် နေတဲ့အခါမှာ ​အခက်အခဲအဟန့်အတားတွေ ​ဖြစ်မှာကိုစိုးတယ်၊ ​လောလောဆယ်မှာတော့ ​တင်းမာမှုတွေ ​ပြင်းထန်နေတယ်၊ ​တိုင်း ရင်း သားဒေသတွေမှာ ​စစ်ကြောင့် ​ပြေးရှောင်နေ ​ရတဲ့အရေအတွက်တွေ ​များပြားလာတယ်၊ ​အားလုံးပူးပေါင်းပါဝင်တဲ့ ​ကောင်းမွန်တဲ့အ ဖြေရှာ နိုင်အောင်လည်း ​ကျနော်တို့ ​ဆက်လက်ပြီးတော့မှ ​ကြိုးပမ်းသွားမှာပါ။ 

ကချင်ပြည်နယ်အတွင်း ​စစ်ပွဲတွေဖြစ်ပွားနေတာဟာ ​၂နှစ်နီးပါးရှိလာပြီဖြစ်ပြီး ​ခုအခါမှာ ​တိုက်ပွဲတွေပိုပြီးပြင်းထန်လာသလို ​KIA ​ဗဟို ​ဌာ န ချုပ် ​လိုင်ဇာမြို့ ​အ ​နီးမှာရှိတဲ့ ​KIA ​ရှေ့တန်းခံစစ်စခန်းတွေကို ​အစိုးရတိုက်လေယာဉ်တွေက ​ဗုံးကျဲတိုက်ခိုက်မှုတွေ ​ရှိပြီး ​မြေပြင်မှာ လည်း ​နှစ်ဘက်ရင်ဆိုင်တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ​ရေဒီယိုသြစတြေးလျသတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: