Tuesday, January 1, 2013

မလေးရှားတွင် ရခိုင် ၃ ဦး ရက်စက်စွာ သတ်ဖြတ်ခံရ

ထွန်းထွန်း

မလေးရှားနိုင်ငံ အ၀က်စ တားမြို့ရှိ ရော်ဘာခင်း တစ်ခု၌ အလုပ်လုပ်နေသော ရခိုင်အမျိုးသား ၃ဦး မနေ့က လည်လှီး သတ်ဖြတ်ခံရ သည်ဟု သတင်း ရရှိ သည်။

သတ်ဖြတ်ခံရသူများမှာ ကျောက်တော်မြို့နယ် ပေါက်တော ပလောင် ကျေးရွာ မှ (ဘ) ဦးဖိုးသာနှင့် (မိ) ဒေါ်ဦးမျှသိန်းတို့၏ သား မောင် ခိုင်သောင်း(၃၈)နှစ် ဖြစ်သည်။

ကျန် (၂) ဦးမှာ မြောက်ဦးမြို့နယ် စေတီတောင်ရွာမှ (ဘ) မောင်လှယဉ်၏ သား လှရှင်မောင်(၂၁) နှစ်နှင့် (ဘ )မောင်စံအေး၏သား မောင်သန်းရွှေ (၂၁) တို့ ဖြစ်ကြသည်ဟု သိရသည်။

နောက် တစ်ဦး ဖြစ်သူ အထွီး(၄၈)နှစ်မှာ ကြိုးဖြင့် တုတ်နေစဉ် ရုန်းကန် လွှတ်မြောက်လာခဲ့သည်ဟု သိရသည်။

သူတို့ ၄ ဦး အလုပ်လုပ်နေသာ ရော်ဘာခင်းထဲကို ယမန်နေ့ ညဉ့်က မြန်မာနိုင်ငံက မွတ်ဆလင်များဟုယူဆရသူ ၁၅ ဦးက၀င် ရောက် လာ ပြီး ဖမ်းဆီးကာ ကြိုးဖြင့် တုတ်၍ နည်းမျိုးစုံနှင့် ရက်စက်ကာ လည်လှီး သတ်ဖြတ်ပစ်ခဲ့သည်ဟု ၀က်စတားမြို့နယ်ရှိ ရာ ဘာ ခင်းတွင် လုပ် ကိုင်နေသူ ကိုမောင်သန်းလှိုင်က နိရဉ္စရာသို့ ယခုလို ပြောသည်။

“မနေ့က ဒီဇင်္ဘာလ ၂၈ရက်နေ့ ညဥ့် ၁၁နာရီမှာ ၀က်စတားမြို့နယ်မှာရှိတဲ့ ရာဘာခင်းအတွင်းရှိ တဲက ရခိုင် ၄ယောက်ကို မြန်မာ ဘင်္ဂလီမွတ် ဆလင်လို့ ယူဆရတဲ့ လူ ၁၅ယောက်က ကြိုးတုတ်ပြီး အနီးအနားတောင်ထိပ်ကိုခေါ် သွား ပြီး မုဒိမ်း ကျင့်တယ်။ ပီးရင်လည်လှီးပြီးသတ်သွား ပါတယ်။ ဒီနေ့ ၂၉ရက် မနက် ၉နာရီခွဲမှာ တောင်ထိပ်မှာ သေနေတာကို ကျွန်တို့ တွေ့ရပါတယ်။ တော်တော် အဖြစ်ဆိုးနဲ့ သေဆုံးသွားကြ ပါ တယ်” ဟုပြောသည်။

ကိုအထွီး လွတ်လာပုံကိုလည်း သူ့ကို ကိုးကားပြီး ကိုမောင်သန်းလှိုင်က ယခုလိုဆက်ပြောသည်။

“အထွီးကို ကြိုးတုတ်နေစဉ် ခြေနဲ့ကန်ကျောက်ပြီး ဒဏ်ရာ ပြင်းထန်စွာနဲ့ လွတ်မြောက်လာပါတယ်။ ခုသူ့ကိုတ နေရာမှာ ၀ှက်ထားပါတယ်။ ရဲ တွေကမေးမြန်းလာရင် သက်သေအဖြစ် ပြောနိုင်အောင် အတွက်ပါ။ ခုထိမလေး အစိုးရကို တ စုံတရာ အမှုဖွင့်ဆိုချက်မလုပ်နိုင်သေးဘူး။ဒီမှာ အမှုကို လိုက်နိုင်တဲ့ လူလည်း မရှိပါဘူး။ ရှိနေနဲ့လူတွေ ကလည်း တော်တော်ကြောက် နေရတဲ့ အခြေအနေမှာ ရှိနေပါတယ်” ဟုပြောသည်။

မလေးရှားနိုင်ငံ အ၀က်စတားမြို့နယ်ရှိ ရာဘာခင်းသည် ထိုင်းနိုင်ငံနှင့် နယ်စပ်ချင်း ဆက်စပ်သည့် မြို့ဖြစ်ကြောင်း၊ ယင်းရာဘာခင်းတွင် ရခိုင် အလုပ်သမား လူပေါင်း ၂၀ခန့်ရှိသည်ဟု ပြောသည်။

လည်လှီး သတ်ဖြတ်ခံထားရသော အလောင်းများမှာ ရာဘာခင်းအနီးမှ တောင်ထိပ်တွင် ယခု (နံနက်ပိုင်း)အချိန်ထိ ရှိနေသေးကြောင်း ကို မောင်သန်းလိုင်က ပြောသည်။

No comments: