Tuesday, January 1, 2013

ရခိုင်ပြည် ကျဆုံးခြင်း အောက်မေ့ဖွယ်နေ့ အခမ်းအနား စစ်တွေတွင် ပြုလုပ်

သန်းမင်းထိုက်

ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ဦးဆောင်ပြီး ၂၂၈ နှစ်မြောက်ရခိုင်ပြည်ကျဆုံး ခြင်းနှင့် ရခိုင် ပြည်နယ် ပဋိပက္ခ အတွင်း ကျဆုံးသူများ အား ရည်စူးပြီး ဆွမ်း ကျွေး အမျှပေးဝေပွဲ အခမ်းအနား တစ်ခုကို စစ်တွေမြို့တွင် ဒီဇင်္ဘာလ ၃၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

၂၀၁၂ ခုနှစ် ဒီဇင်္ဘာလ ၃၁ ရက်နေ့သည် ရခိုင်ဘုရင့် နိုင်ငံတော်ကျဆုံး ခဲ့ သည့် ၂၂၈ နှစ် ပြည့်မြောက်နေ့ ဖြစ်သည်။

အဆိုပါ နေ့တွင် ရခိုင်ပြည် ကျဆုံးခြင်းနှင့် ပဋိပက္ခအတွင်း ကျ ဆုံးခဲ့ရသော ရခိုင်အမျိုးသားများ အတွက် ဆွမ်းကျွေး အမျှပေးဝေပွဲကို ကျင်းပခဲ့ကြခြင်း ဖြစ်သည်။

“ အခမ်းအနားကို စစ်တွေ အောင် မြေကုန်းကျောင်းတိုက်တွင် နံနက် (၉) နာ ရီခွဲကနေစတင်ကျင်း ပပါတယ်။ အခမ်းအနားကို ၀ံလက် ဖောင်ဒေးရှင်းမှကို ခိုင်ကောင်းစံ ၊ ရတပ ပါတီမှ ဆရာ ဦးထွန်းအောင်စိန် ၊ ဒေသတွင်း လူမူ အဖွဲ့အစည်း အသီးသီးက တာဝန်ခံတွေနဲ့ ဒေ သခံတိုင်းရင်းသား များ ( ၁၀၀) ခန့် တက်ရောက်ခဲ့ပါတယ်” ဟု တက်ရောက်သူ တစ်ဦးက ပြောသည်။

ပထမဆုံး အနေဖြင့် ရခိုင်ပြည် ကျောင်းသားသမ္မဂမှ ယာယီ ဥက္ကဌ ကိုထူးလင်းသူ မှ ( ၂၂၈ )ကြိမ်မြောက် ရခိုင် ဘုရင့်နိုင်ငံတော် ကျဆုံး ခဲ့ ရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပြီး အောင်မြေကုန်း ကျောင်းတိုက် ကျောင်းထိုင် ဆရာတော်ကလည်း ၂၂၈ နှစ်မြောက် နေ့နှင့် ပတ် သက်ပြီး ရှင်းလင်း မိန့်ကြားခဲ့သည်ဟု ဆိုသည်။

အခမ်းအနားတွင် ၂၂၈ နှစ်မြောက် ရခိုင် ဘုရင့်နိုင်ငံတော် ကျဆုံးနေ့မှာ ရခိုင် အမျိုးသားများ အ တွက် မေ့ပျောက် မရနိုင်သော သမိုင်းဝင် နေ့ရက် တစ်ရက် ဖြစ်ကြောင်းကို ပြောကြားခဲ့ပြီး လတ်တလော ဖြစ်ပွား ခဲ့သည် ရခိုင် ပဋိပက္ခ အတွင်း ကျဆုံးခဲ့သူများအား အောက်မေ့ပြီးဆွမ်း ကျွေး အမျှပေးဝေမူကို ပြုလုပ်ခဲ့ကြသည်ဟုသိရသည်။

အာဏာပိုင် အဖွဲ့အစည်းများမှ တစ်စုံတစ်ရာ တားဆီး နှောင့်ယှက်မူ မရှိကြောင်း သိရသည်။ အခမ်းအနားမှာ နေ့လည် ( ၂ ) နာရီခွဲ တွင် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သတင်း ရရှိသည်။

No comments: