Tuesday, January 1, 2013

ကချင်စစ်အတွင်း တိုက်လေယာဉ်နဲ့ မတိုက်ခိုက်ရဘူးလို့ မြန်မာပြော

ABC

မြန်မာစစ်တပ်နဲ့ ​ကချင်လွှတ်မြောက်ရေးတပ် ​ကေအိုင်အေတို့အကြား ​ဖြစ်နေတဲ့ ​စစ်ပွဲအတွင်း ​မြန်မာစစ် တပ်အနေနဲ့ ​ဝေဟင်ကနေ တိုက်လေ ယာဉ်နဲ့ ​တိုက်ခိုက်တာ ​မလုပ်ရဘူးလို့ ​မြန်မာအစိုးရက ​ပြောလိုက်ပါတယ်။

သမ္မတရုံး ​ညွန်ကြားရေးမှူး ​ဗိုလ်မှူး ​ဇော်ဌေးက ​ကချင်တပ်ရဲ့ ​လက်ချက်ကြောင့် ​လမ်းတွေပျက်စီးပြီး ​ရှေ့တန်းက ​စစ်သားတွေကို ​ရိက္ခာပို့ပေး ဖို့ ​အခက်အခဲ ​ရှိတဲ့အတွက် ​လေယာဉ်တွေကို ​အသုံးပြုပြီး ​ရိက္ခာတွေသာ ​သယ်ဆောင်တဲ့အကြောင်း ​လေယာဉ်နဲ့ ​တိုက်ခိုက်တာ ​မ လုပ်ခဲ့ ရ ဘူးလို့ ​ပြောပါတယ်။


ခရစ္စမတ်ကာလအတွင်း ​တိုက်ခိုက်မှုတွေ ​ပြင်းထန်လာတာဟာ ​ကချင်စစ်တပ်ကနေ ​ခရစ္စမတ်မတိုင်ခင် ​တစ်ရက်မှာ ​လျှပ်စစ်တာဝါတိုင် ကြီး တစ်ခု ​ဖျက်ဆီးပြီးနောက် ​ဖြစ်ပေါ်လာတာ ​ဖြစ်တယ်လို့ ​ပြောပါတယ်။

မြန်မာစစ်တပ်ကနေ ​ခရစ္စမတ်နေ့ကို ​နောက်ဆုံးထားပြီး ​ဆုတ်ခွာပေးဖို့ ​သတိပေးစာပို့ပြီး ​ကချင်စစ်တပ်ကနေ ​ဆုတ်ခွာပေးဖို့ ​ငြင်းဆန် ပြီး နောက်လည်း ​တိုက်ပွဲတွေ ​ပိုပြင်းထန်နေတာ ​ဖြစ်ပါတယ်။

ကချင်လွှတ်မြောက်ရေးအဖွဲ့ရဲ့ ​ပြောခွင့်ရပုဂ္ဂိုလ် ​ဦးလနန်ကတော့ ​မြန်မာစစ်တပ်ကနေ ​ထိုးစစ်ဆင်လာတဲ့အတွက် ​တိုက်ပွဲတွေ ​ဖြစ်နေတာ လို့ ​အေပီသတင်းကို ​ပြောပါတယ်။

သမ္မတဦးသိန်းစိန်က ​ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ​မလုပ်ပဲ ​မိမိကိုယ်ကို ​ကာကွယ်ဖို့သာ ​ပြောခဲ့ပေမယ့် ​မြန်မာစစ်တပ်က ​လိုက်နာမှုမရှိတဲ့ အ တွက် ​အစိုးရနဲ့ ​စစ်တပ်ကြားမှာ ​ရှိတဲ့ ​ဆက်ဆံရေးကိုလည်း ​စိတ်ဝင်စားနေကြတာ ​ဖြစ်ပါတယ်။

ကချင်တပ်ကနေ ​ရိက္ခာလမ်းကြောင်းတွေ ​ဖွင့်ပေးပြီး ​ဆွေးနွေးမှုလုပ်မယ်ဆိုရင် ​တိုက်ပွဲတွေ ​ရပ်စဲလိမ့် မယ်လို့ ​ဗိုလ်မှူးဇော်ဌေးကပြောလိုက် ပြီး ​ကချင်ဖက်က ​ဦးလနန်ကတော့ ​မြန်မာစစ်တပ်က ​ပေးပို့လာတဲ့ ​စာကို ​ကြည့်ခြင်းအားဖြင့် ​မြန် မာဖက်က ​ပြဿနာကို ​နိုင်ငံရေး နည်း ထက် ​စစ်ရေးအရ ​ဖြေရှင်းလိုနေတာ ​ပြသနေတယ်လို့ ​တုန့်ပြန်ခဲ့ပါတယ်။

လျှပ်စစ်တာဝါတိုင်ကြီး ​ပျက်စီးခဲ့တာဟာလည်း ​ကချင်လက်ချက်ကြောင့်မဟုတ်ပဲ ​မြန်မာစစ်တပ်ရဟတ်ယာဉ်ကနေ ​ပစ်ခတ်ခဲ့တဲ့ ​လက် နက် ကြောင့် ​ပျက်စီးသွားတာလို့ ​ပြောပါတယ်။

အဲ့ဒါ့အပြင် ​မြန်မာစစ်တပ်ဟာ ​ရိက္ခာတွေပဲ ​ပို့ဆောင်ပေးနေတာမဟုတ်ပဲ ​စစ်လက်နက် ​တွေပါပို့ဆောင် နေတဲ့အကြောင်း ​ကချင်ကိုထိခိုက် နစ် နာစေမယ့် ​စစ်လက်နက်တွေ ​မြန်မာစစ်တပ်လက်ထဲ ​မရောက်ရှိအောင် ​လမ်းတွေ ​ပိတ်ဆို့တာ ​စစ်ရဲ့ ​သဘာဝပဲလို့လည်း ​ကချင် ဖက်က ​တုန့်ပြန်တဲ့အကြောင်း ​အေပီသတင်းမှာ ​ဖော်ပြထားပါတယ်။

No comments: