ABC
မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့ကြီးဖြစ်သလို နိုင်ငံရဲ့ စီးပွားရေးအချက်အချာလည်းဖြစ်တဲ့ ရန်ကုန်မြို့ဟာ အိမ်နီးခြင်းနိုင်ငံတချို့ထက် နှစ်ပေါင်း များစွာ နောက်ကျကျန်နေဆဲ ဖြစ် တယ်လို့ ဂျပန်နိုင်ငံသား စီးပွားရေး ဆိုင်ရာ ထိပ်တန်းအရာရှိတစ်ယောက်က ပြောလိုက်ပါတယ်။
စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ အရ နှိုင်းယှဉ်ကြည့်ရင် ရန်ကုန်မြို့ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ထက် နှစ်ပေါင်း ၃၀ နောက်ကျနေပြီး၊ ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့ထက် ၅ နှစ်နောက်ကျနေတယ်လို့ ဂျပန်နိုင်ငံ ကုန်သွယ်ရေးနဲ့ စက်မှုလုပ်ငန်းအသင်းရဲ့ ရန်ကုန်မြို့အခြေစိုက် ဥက္ကဌ Shiro Asahina က ပြောလိုက်တာဖြစ်ပါတယ်။
မကြာသေးခင်က မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့တဲ့ ဂျပန်နိုင်ငံက စီးပွားရေးလုပ်ငန်းဆိုင်ရာ ထိပ်တန်းကိုယ်စားလှယ်တွေပြီးခဲ့တဲ့စနေ နေ့က ဂျပန်နိုင်ငံကို ပြန်လည်ရောက်ရှိသွားခဲ့ပြီးနောက်ပိုင်း ဂျပန် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ မြန်မာနိုင်ငံမှာ ကြီးကြီးမားမားဝင် ရောက် မြုပ်နှံလုပ်ကိုင်ဖို့ လက်တွန့်နေကြတယ်ဆိုတဲ့ မှတ်ချက်တွေလည်း ထွက်ပေါ်နေကြောင်း သိရပါတယ်။
မြန်မာနိုင်ငံလူထုရဲ့ ပျမ်းမျှလုပ်ခလစာဟာ နိမ့်ကျလွန်းတဲ့အတွက် မြန်မာနိုင်ငံမှာ ကုန်ထုတ်လုပ်ငန်းတွေ တည်ဆောက်လည်ပတ်ဖို့ တွက်ချေ ကိုက်နိုင်ပါ့မလားဆိုတဲ့ သံသယတွေအပြင် လုပ်ငန်းလည်ပတ်ရာ မှာ အဆင်ပြေချောမွေ့ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ လျှပ်စစ်ဓါတ်အား ပုံ မှန်ရရှိမှု မသေချာတဲ့အချက်ကလည်း ဂျပန်လုပ်ငန်းရှင်တွေအတွက် မနှစ်မြို့စရာဖြစ်နေတယ်လို့ ဂျပန်လုပ်ငန်းရှင်တွေက ဝေဖန်ထား ကြ ကြောင်းလည်း သိရပါတယ်။
ဂျပန်နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ အင်အားအကြီးမားဆုံးအဖွဲ့ကြီးဖြစ်တဲ့ Keidanren ရဲ့ ဥက္ကဌ Hiromasa Yonekura ကတော့ မြန်မာ နိုင်ငံရဲ့ တိုးတက်လာနိုင်တဲ့ အလားအလာအပေါ်မှာ မိမိအနေနဲ့ အကောင်းမြင်တယ်လို့ မှတ်ချက်ပေးထားပြီး တောင်တစ်တောင်ကို တက်ရာ မှာ တောင်ခြေကသာ အမြဲစတင်ရတာဖြစ်တဲ့အကြောင်း မြန်မာနိုင်ငံဟာ တောင်ထိပ်ကိုရောက်ဖို့အတွက် တောင်တက်ခရီးစဖို့ ပြင်ကာစသာ ဖြစ်တယ်လို့ ပြောထားကြောင်း သိရ ပါတယ်။
No comments:
Post a Comment