ABC
သမ္မတရုံးဝန်ကြီးဦးအောင်မင်းဦးဆောင်တဲ့ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စုပေါင်းထားတဲ့ UNFC အဖွဲ့တို့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ဆွေ့ဆုံတဲ့အခါ ဂျပန် နိုင်ငံ အစိုးရကိုယ်စား ဂျပန်နိုင်ငံက နိပွန်ဖောင်ဒေးရှင်းက အသိသက်သေအဖြစ် ဆောင်ရွက်သွားမယ်လို့ သိရပါ တယ်။
ညီညွှတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့နဲ့ အစိုးရအဖွဲ့ကြားမှာ အရင်က အလွတ်သဘော တကြိမ်တွေ့ဆုံခဲ့ပြီးနောက် ခုအခါမှာ ပထမဆုံးအနေနဲ့ တရားဝင်တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ ဒီဆွေးနွေးဟာ နိုင်ငံရေးအရ တွေ့ ဆုံဆွေးနွေးပွဲ တွေ ဖြစ်ပေါ်လာရေး အ တွက် အကြိုညှိနှိုင်းပွဲဖြစ်တယ်လို့ UNFC ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။
ကျနော်တို့ နောက်ဆုံးအတည်ပြုတဲ့ရက်ကတော့ ၂၀ရက်နေ့ပဲခင်ဗျ၊ အဓိကတော့ တစုတပေါင်းထဲဆွေးနွေးပြီး တော့ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးပွဲဖြစ်ပေါ်ရေးအတွက် အကြိုညှိနှိုင်းပွဲဆိုတော့ ဂျပန်နိုင်ငံရဲ့ နိပွန်ဖောင်ဒေးရှင်းပေါ့ ဒီဖောင်ဒေးရှင်းရဲ့ ဥက္ကဌကြီးကတော့အသိသက် သေပါဖို့ နှစ်ဘက်စလုံးက သဘောတူ ပါတယ်ခင်ဗျ။
မြန်မာအစိုးရကိုယ်စားလှယ်နဲ့ ပဏာမတွေ့ဆုံဆွေးနွေးမှုအတွင်း UNFC အဖွဲ့ဝင် တဖွဲ့ချင်းနဲ့ မဆွေးနွေးပဲ UNFC အနေနဲ့သာဆွေးနွေးဖို့ နိုင် ငံရေးနည်းနဲ့ သဘောတူညီခဲ့ကြတာဖြစ်တယ်လို့ ပြောပါတယ်။ UNFC ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၁ ဖွဲ့နဲ့ ဖွဲ့စည်း ထား တဲ့ အဖွဲ့ဖြစ်ပါတယ်။
ဒီတကြိမ်တွေ့ဆုံတဲ့နေရာမှာ နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်ပေါ်လာနိုင်ဖို့ အချက် ၄ချက်ကို ဆွေးနွေးသွားဖို့ရှိ တယ်လို့လည်း ဦးခွန်ဥက္ကာက ဆက်ပြောပါတယ်။
ပဏာမအကြိုညှိနှိုင်းပွဲမှာ နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပေါ်ရေးအတွက် ၄ခုရှိတာပေါ့ အဲဒီမှာ လမ်းစကတော့ မူတွေဘောင်တွေ ချမှတ်မှာပေါ့၊ နောက်ပြီးတော့ ဘယ်နှစ်လကြာမလဲ၊ ဘယ်နှစ်နှစ်ကြာမလဲ ၊ ဘယ်လို သွားမလဲ ဒါကိုဆွဲမယ်၊ နောက်တခါ အာဂျင်ဒါတွေကို ကျနော်တို့သတ်မှတ်မယ်၊ ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲကြီး တကယ်စရင်တော့ အထောက်အကူပြုတဲ့အဖွဲ့တွေ သူ့ဘက်ကိုယ့်ဘက်ဖွဲစည်းပြီး ဆွေးနွေးပွဲ ကိုဆက်လက် ချီတက်နိုင်ဖို့ ပြင်ဆင်တဲ့ဟာ အဲဒါကိုကျနော်တို့ ဒီပွဲမှာချကြည့်မယ့်သဘောပါ။
တိုင်းရင်းသားဒေသမှာ လူသားချင်းစာနာတဲ့အကူအညီတွေပေးနေတဲ့ ဂျပန်နိုင်ငံကနိပွန်ဖောင်ဒေးရှင်းဟာ မွန်၊ ပအို့၊ ကရင်၊ ကချင်နဲ့ ပ လောင်ဒေသတွေကို ဆန်နဲ့ ဆေး အကူအညီတွေပေးနေပြီး ကျန်တဲ့ ချင်း၊ ရခိုင်၊ ရှမ်းနဲ့ ကရင်နီဒေသတွေကို အကူအညီဆက်လက်ပေးသွား မှာ ဖြစ်တယ်လို့လည်း ရေဒီယိုသြစတြေးလျသတင်းထောက် မြတ်မိုးက သတင်းပေးပို့ခဲ့ပါတယ်။
No comments:
Post a Comment