Tuesday, March 25, 2014

လူတိုင်း အသက်အာမခံထားရှိရန် မူဝါဒ အစိုးရက ဆောင်ရွက်ပေးသင့်ဟုဆို

ရွှေရည်ဝင်းထက်

မြန်မာနိုင်ငံတွင် အသက်အာမခံထားရှိမှု နည်းနေသေးသောကြောင့် လူတိုင်းပါဝင်နိုင်သော အသက်အာ မခံထားရှိရမည့် မူဝါဒကို အစိုးရအနေဖြင့် ဆောင်ရွက်ပေးသင့်သည်ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန မှ ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက မတ် ၂၃ ရက်တွင် summit park view ဟိုတယ်၌ကျင်း ပသောCapital အသက်အာမခံကုမ္ပဏီဖွင့်ပွဲတွင် ပြောသည်။

“အသက်အာမခံထားရှိမှုက နည်းနေသေးတယ်။ အသက်အာမခံက လူတွေအတွက် အကာအကွယ်ပေး တယ်။ အသက်အာမခံလုပ်ငန်း တွင်ကျယ်အောင် သူ့ရဲ့ ပင်ကိုစိတ်ကို ပြောင်းလဲဖို့လိုတယ်။ လူတွေ နှစ် သက်လက်ခံမယ့်၊ ကြိုဆိုမယ့် အသက်အာမခံ တီထွင်ဖို့လိုတယ်။ နိုင်ငံတကာကပညာရှင်တွေနဲ့ လုပ် ဆောင်ဖို့လိုတယ်။ ဒါက ခက်ခဲမယ်ဆိုတာ သိတယ်”ဟု ၎င်းက ပြောသည်။

ယခုလက်ရှိတွင် လူတစ်ဦးအနေဖြင့် အသက်အာမခံထားရှိမည်ဆိုလျှင် အသက်အာမခံကြေးကို ငါးနှစ် ပေးသွင်းရန် သတ်မှတ်ထားသဖြင့် အဆိုပါ နှစ်အကန့်အသတ် ကြာမြင့်နေမှုကို လူထုက ပြောင်းလဲပေး စေလိုကြသည်ဟု Capital Life Insurance မှ ဈေးကွက်မန်နေဂျာ ဦးကျော်မင်းဟန်က ပြောသည်။

“အသက်အာမခံကြေးပေးရတဲ့နှစ်က ငါးနှစ်ဆိုတော့ အသက်အာမခံကြေးထားတဲ့သူတွေက များတယ်။ သုံးနှစ်လောက်နဲ့ မရဘူးလား မေးကြတယ်။ ငါးနှစ်မပြည့်မချင်း တစ်လမှ ရပ်လို့မရဘူး။ ဥပမာ-အခု ငွေ တစ်ထောင်ဆိုရင် ကုလားထိုင်တစ်လုံး ၀ယ်လို့ရမယ်။ နောက်ငါးနှစ်ကျရင် ဒီငွေတစ်ထောင်က ကုလား ထိုင်တစ်လုံး ၀ယ်လို့ရပါ့မလား။ ငွေကြေးဖောင်းပွမှုဖြစ်မှာ ကြောက်ကြတယ်”ဟု ပြောသည်။

အသက်အာမခံဆိုသည်မှာ အာမခံထားရှိသူအတွက်ဖြစ်စေ၊ ၎င်း၏မိသားစုအတွက်ဖြစ်စေ ငွေစုဆောင်း ပြီး အသက်အန္တရာယ်နှင့် ကြုံတွေ့သောအခါတွင်ငွေကြေးအကာအကွယ်ပေးနိုင်သော အာမခံအမျိုးအ စား ဖြစ်သည်။ အာမခံထားရှိလိုသူသည် အသက် ၁၀ နှစ်မှ ၄၅ နှစ်အတွင်း ဖြစ်ရမည်။

အသက်အာမခံကြေး ပေးသွင်းရမည့်နှစ်မှာ အနည်းဆုံး ငါးနှစ်မှ ၁၀ နှစ်အထိ ငွေပမာဏ အနိမ့်ဆုံး ကျပ် ၁၀,၀၀၀ နှင့်အထက် အကန့်အသတ်မရှိ ထားနိုင်သည်။

အာမခံသက်တမ်းအတွင်း အာမခံထားသူသည် အချိန်မတိုင်မီ ကွယ်လွန်ခဲ့လျှင်ဖြစ်စေ၊ ထာဝစဉ် မစွမ်း မသန်ဖြစ်ခဲ့လျှင် ငွေကြေးထောက်ပံမှုရရှိနိုင်ပြီး နိုင်ငံတော်ပုန်ကန်မှုနှင့် ရာဇ၀တ်မှုကျူးလွန်မှုကြောင့် သေ ဆုံးမှုများအတွက်မူ အာမခံငွေကြေး ရရှိမည်မဟုတ်ပေ။

မြန်မာနိုင်ငံတွင် အာမခံကုမ္ပဏီပေါင်း ၁၂ ခုရှိပြီး အသက်အာမခံထားရှိနိုင်သည့် ကုမ္ပဏီအရေအတွက် မှာ သုံးခုသာ ရှိသည်။ ၎င်းတို့မှာ CB ဘဏ်၊ အောင်မြင့်မိုရ်မင်း၊Capital Life Insurance တို့ ဖြစ်သည်။

No comments:

Post a Comment