Tuesday, March 25, 2014

မိကျောင်းကန်နယ်မြေသိမ်းပိုက်မှု ဆန္ဒပြ သပိတ်စခန်း ဖွင့်လှစ်

ABC

လွန်ခဲ့တဲ့ ​နှစ်ပေါင်း ​၂၀ ​လောက်က ​စစ်တပ်က ​သိမ်းဆည်းခဲ့တဲ့ ​မိကျောင်းကန် ​အပိုင်း ​၁၊၂၊၃ ​က ​မူလ ​မြေပိုင်ရှင်တွေဟာ ​သူတို့ ​မြေပြန်လည် ​ရရှိဖို့အတွက် ​မနေ့တုန်းက ​ရန်ကုန်မြို့ ​မြို့တော်ခန်းမရှေ့မှာ ​သပိတ်စခန်းဖွင့် ​ဆန္ဒပြခဲ့ပါတယ်။

၁၉၉၁ ​ခုနှစ် ​ဧပြီလကတည်းက ​စစ်တပ်က ​သိမ်းဆည်းခဲ့တာ ​ဖြစ်ပြီး ​အခုချိန်ထိ ​နစ်နာကြေးတွေ ​ပေးခဲ့တာ ​မရှိခဲ့တဲ့အပြင် ​လွှတ်တော် ​ကလည်း ​ဖြေရှင်းပေးမှု ​မရှိတာကြောင့် ​အခုလို ​သပိတ်စခန်းဖွင့် ​ဆန္ဒပြတာပါ။

အခုလို ​သပိတ် ​စခန်းဖွင့် ​တောင်းဆို ​တာဟာ ​တတိယ ​အကြိမ်တောင်း ​ဆိုတာဖြစ်ပြီး ​အခုချိန်ထိ ​လွှတ်တော် ​တွင်းဖြေရှင်းမှု ​တစ်စုံတရာ ​မရှိတဲ့ ​အတွက် ​တောင်း ​ဆိုရတာ ​ဖြစ်တဲ့ ​အကြောင်း ​ဦးဆောင် ​ဆန္ဒပြ ​သူဖြစ်တဲ့ ​မူလမြေပိုင်ရှင် ​တစ်ဦးဖြစ်သူ ​ဦးစိန်သန်းက ​အခုလို ​ပြောပါတယ်။

“လယ်ယာမြေနဲ့ ​တစ်ခြားမြေများ ​ပြည်သူများ ​မနစ်နာစေရန်ပေါနော့်။ ​သူတို့ ​စုံစမ်းစစ်ဆေးရေး ​ကော်မရှင်ဖြစ်တဲ့ ​ဦးအောင်သိန်းလင်းတို့ ​ဦးခိုင်မောင်ရည်တို့ ​ပြည်သူကို ​ဗဟိုပြုထားပါတယ်ဆိုတဲ့ ​လွှတ်တော်ရဲ့ ​အမတ်တွေကိုယ်တိုင်က ​အရေးကြီး ​အဆိုတင်သွင်းပေမယ် ​အထူးအစီအစဉ်နဲ့ ​ဆိုပြီးတော့ ​ပြည်တွင်းပြည်ပ ​မီဒီယာတွေနဲ့ ​မိကျောင်းကန်ပြည်သူတွေကို ​ခေါ်ပြီတော့ ​ကတိကဝတ်ခေါ်ပြုတယ်။ ​သပိတ်စခန်းမှာလည်း ​ကတိတွေခေါ်ပေးသွားတယ်။ ​ရုံးတွေမှာလည်း ​ပေးသွားတယ်။ ​သပိတ်စခန်းရုတ်သိမ်းပြီးတော့ ​ဦးတို့ ​မျှော်နေတဲ့ ​အချိန်ထိ ​စကားတွေဟာ ​လွှတ်တော်မှာ ​ဘယ်လို ​သတ်ရောက်နေလဲတော့ ​မသိဘူးပေါ့လေ။ ​အဲဒီလိုပေါ့နော်။ ​အရေးကြီး ​အဆိုတင်သွင်းမှု ​တစ်စုံတစ်ရာမှ ​မရှိဘူး။ ​ဦးတို့က ​လာတောင်းဆိုကြတာ။”


သပိတ်စခန်းဖွင့်လှစ်မှုကိုလည်း ​ငြိမ်းချမ်းစွာ ​ပြုလုပ်သွားမှာဖြစ်ပြီးတော့ ​ဘယ်အကြမ်းဖက်မှုမျိုးမဆို ​ငြိမ်းချမ်းစွာ ​ရင်ဆိုင်သွားမှာ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

သူတို့ရဲ့ ​ဘိုးဘွားပိုင်မြေတွေကို ​စစ်တပ်က ​သိမ်းဆည်းခဲ့ပြီး ​မြေပိုင်ရှင် ​တစ်ချို့ကို ​နယ်စွန်နယ်ဖျားမှာ ​ဖမ်းဆီးထိန်းသိမ်းမှုတွေ ​ပြုလုပ်ခဲ့တဲ့ ​အတွက် ​တစ်စုံတစ်ရာ ​ဖြေရှင်းပေးဖို့ ​တောင်းဆိုခဲ့ကြတဲ့ ​အကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​စူးရှက ​သတင်းပေးပို့ ​ထားပါတယ်။

No comments:

Post a Comment