Tuesday, March 25, 2014

TNLA တပ်ဖွဲ့နှင့် ခလရ (၄၁) ၏ ယမာန်နေ့တိုက်ပွဲ

ရွှေဟင်္သာ

ရှမ်းပြည် မြောက်ပိုင်း အစိုးရ၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ လားရှိုး မြို့ နမ့်ကတ် အခြေစိုက် ခလရ (၄၁) စစ်ကြောင်း များသည် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) စစ်ဗျူဟာ (၂) လက် အောက်ခံ တပ်ရင်း (၁၁၂) တပ်ဖွဲ့များ အား စစ်ဆင်နေရာ ယမာန်နေ့မတ်လ (၂၃)ရက်နေ့ ညနေ(၂)နာရီ မိနစ် (၄၀) တွင် ကွတ်ခိုင်မြို့နယ် နမ့်ဖက် ကာအုပ်စု ဂျရမ်း ကျေးရွာအထက် တောတန်း ၌ တနာရီ ကျော်ကြာ တိုက်ပွဲ ဖြစ်ပွား ခဲ့သည်ဟု တအာင်း ပြန်ကြားရေး မှ သတင်း ထုတ်ပြန် ပါသည်။

ယင်းထုတ်ပြန် ချက်တွင် TNLA ဖက်မှ ထိခိုက်မှု မရှိကြောင်း၊ အစိုးရဖက်မှ ထိခိုက်ကျဆုံး မှုကိုမူ မသိရသေး ကြောင်း ဆိုပါသည်။

အစိုးရ တပ်များ၏ TNLA အပေါ် အပြင်းအထန် စစ်ဆင်လာခဲ့ရာမှ မတ်လတွင် အလွန်းနည်းပါး သွားခဲ့ပါသည်။ တပ်မ (၇၇) စစ်ကြောင်း များနှင့် တပ်မ (၈၈) စစ်ကြောင်းများပါ (TNLA) ဒေသတွင် တိုးချဲ့စစ်ဆင်လာ ခဲ့သော်လည်း တိုက်ပွဲ ဖြစ်ပွားမှု နည်းပါးသွား ခဲ့ခြင်းဖြစ်ပါသည်။

No comments:

Post a Comment