Friday, May 23, 2014

ရခိုင်ကမ်းရိုးတန်းအနီး ဖြစ်ပေါ် နေတဲ့ မုန်တိုင်းငယ် အန္တရာယ်

ABC

မိုးလေဝသနဲ့ ​ဆက်စပ်တဲ့ ​သတင်းတပုဒ်မှာတော့ ​ဘင်္ဂလားပင်လယ်အော်အရှေ့ ​အလယ်ပိုင်းမှာ ​ဖြစ်ပေါ်နေတဲ့ ​မုန်တိုင်းဟာ ​ရခိုင်ကမ်းရိုးတန်းနားမှာ ​ဖြစ်နေတဲ့အတွက် ​မုန်တိုင်း ​အန္တရာယ်ကို ​လိမ္မော်ရောင်အဆင့်အဖြစ် ​သတ်မှတ်ထားဆဲဖြစ်ပါတယ်။

မနေ့ညက ​တိုင်းတာချက်အရ ​ရခိုင်ပြည်နယ် ​ဂွမြို့ရဲ့ ​အနောက်ဘက် ​မိုင်( ​၁၅၀)ခန့်နဲ့ ​စစ်တွေမြို့အနောက်တောင်ဘက်မိုင် ​၁၆၅ ​အကွာမှာ ​ရှိနေပါတယ်။ ​အဲဒီမုန်တိုင်းငယ်ဟာ ​မြောက်- ​အနောက်မြောက်ဘက်ကို ​ဆက်လက်ရွှေ့လျားသွားမယ်လို့ ​ခန့်မှန်းနေကြပါတယ်။

မုန်တိုင်းငယ်ရဲ့ ​အရှိန်ကြောင့် ​ဒီရက်ပိုင်းအတွင်း ​ပဲခူးတိုင်းဒေသကြီးမှာ ​နေရာစိပ်စိပ် ​မိုးရွာနိုင်ပြီး၊ ​ရန်ကုန်တိုင်း ​ဒေသကြီး၊ ​ဧရာဝတီတိုင်း ​ဒေသကြီး၊ ​တနင်္သာရီတိုင်း ​ဒေသကြီးနဲ့ ​ရခိုင်ပြည်နယ်တွေ ​မှာတော့ ​နေရာအနှံ့အပြားမှာ ​မိုးထစ်ချုန်းရွာပြီး၊ ​ရန်ကုန်တိုင်း ​ဒေသကြီး၊ ​ဧရာတီတိုင်း ​ဒေသကြီးနဲ့ ​ရခိုင်ပြည်နယ် ​တွေမှာ ​ကွက်ကျား ​မိုးကြီးမယ်လို့ ​ခန့်မှန်းထားပါတယ်။

မြစ်ဝကျွန်းပေါ်၊ ​ရခိုင် ​ကမ်းရိုးတန်း ​တစ်လျှောက်နဲ့ ​ကမ်းလွန် ​ပင်လယ်ပြင် ​တို့မှာ ​ရံဖန်ရံခါ ​မိုးသက်လေပြင်းတွေ ​တိုက်ခတ်ပြီးလှိုင်းကြီးနိုင်တဲ့အကြောင်း ​မိုင်(၄၀) ​ကနေ ​(၄၅) ​မိုင်အထိ ​တိုက်ခတ်နိုင်တာမို့ ​ကမ်းနီး၊ ​ကမ်းဝေး ​ငါးဖမ်းရေယာဉ်တွေ၊ ​လှေတွေနဲ့ ​သင်္ဘောတွေ ​အနေနဲ့ ​မုန်တိုင်းအန္တရာယ်ကို ​ကြိုတင်သတိပြုကြဖို့လည်း ​မိုးလေးဝသနဲ့ ​ဇလဗေဒသတင်းမှာ ​ဖော်ပြထားပါတယ်။

တဆက်တည်းမှာပဲ ​နာဂစ်မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ ​လပွတ္တာမြို့နယ်မှာ ​မုန်တိုင်းသင့် ​ဒုက္ခသည်တွေ ​နေထိုင်ဖို့ ​ဆောက်ပေးထားတဲ့နေရာကို ​မြေပိုင်ရှင်က ​ဆက်လက်မထားလိုတဲ့အတွက် ​မိုးဦးရာသီမှာ ​နေထိုင်စရာ ​အခက်အခဲတွေ ​ကြုံတွေ့နေရတယ်လို့ ​သိရပါတယ်။

နေထိုင်ဖို့ ​အခက်အခဲဖြစ်ပေါ်နေတဲ့ ​ဒုက္ခသည်တွေဟာ ​လပွတ္တာမြို့နယ်မှာရှိတဲ့ ​ကြာကန်၊ ​ကဿပေါင်း၊ ​သာလိကာကုန်း၊ ​အောင်ကုန်း၊ ​ကျောက်ဖြူ ​ပိန္ဒဲတောင် ​နဲ့ ​မြွေဟောက် ​ကျေးရွာအုပ်စု ​၆ ​စုက ​ရွာပေါင်း ​၁၃ ​ရွာရှိ ​ရပ်ကွက်သစ်များတွင်နေထိုင်ကြသော ​နာဂစ်ဒုက္ခသည်တွေ ​ဖြစ်ကြပါတယ်။

အိမ်ထောင်စု ​၄၀၀ ​ကျော်ရှိပြီး ​လက်ရှိနေနေရတဲ့ ​အိမ်တွေကလည်း ​ဟောင်းနွမ်းလာနေချိန်မှာပဲ ​နေထိုင်စရာ ​အခက်အခဲနဲ့ ​ကြုံတွေ့ရမယ့် ​အနေအထား ​ရင်ဆိုင်နေရတဲ့အကြောင်း ​မြစ်မခ ​သတင်းအရ ​သိရပါတယ်။

No comments:

Post a Comment