ABC
လာမယ့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရတဲ့လူတွေရဲ့ စာရင်းကို မြန်မာရွေးကောက်ပွဲ ကော်မရှင်က စတင်ကောက်ခံနေပြီဖြစ်ပါတယ်။
အခု စတင် ကောက်ခံတဲ့နေရာတွေကတော့ ရန်ကုန်၊ မြစ်ကြီးနား နဲ့ ချင်းပြည်နယ်တွေ ပါဝင်တယ်လို့ သိရပါတယ်။
ဒေသခံ တာဝန်ရှိ ကော်မတီ တဖွဲ့ရဲ့ ပြောပြချက်အရ ရန်ကုန်မြို့အနောက်ဘက် အလုံမြို့နယ်ထဲမှာ မဲပေးခွင့်ရှိတဲ့လူဦးရေ သုံးသောင်း ငါးထောင်ကျော် (၃၅၅၃၄) ရှိတယ်လို့ ဆိုပါတယ်။
ဒေသခံ တာဝန်ရှိသူတွေနဲ့ တခြား အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ မဲပေးပိုင်ခွင့် စာရင်းကောက်ယူတဲ့ လုပ်ငန်းတွေကို ၁၅ရက်အတွင်း ပြီးအောင် လုပ်ဆောင်နိုင်မယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။
အလုံမြို့နယ်မှာ စာရင်း စတင်ကောက်ခံရတာဟာ အလုံမှာ လူဦးရေ ပိုမိုများပြားတဲ့အတွက် ဖြစ်တယ်လို့ အလုံမြို့နယ် ရွေးကောက်ပွဲကော်မတီအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်ဇော်က စီစီတီဗွီသတင်းဌာနကိုပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ ဥပဒေအရ မိမိနေထိုင်တဲ့မြို့နယ် ဒါမှမဟုတ် မိမိရောက်ရှိနေထိုင်တဲ့ မြို့နယ်မှာ ရက်ပေါင်း ၁၈၀ ကျော် နေထိုင်ခဲ့ပြီးပြီဆိုရင် အဲဒီမြို့နယ်မှာ မဲပေးပိုင်ခွင့်ရှိတယ်လို့ သိရပါတယ်။

No comments:
Post a Comment