Monday, July 14, 2014

၂၀၁၅ ရွေးကောက်ပွဲ အတွက် မဲပေးပိုင်ခွင့် ဦးရေစာရင်း စတင်ကောက်ခံ

ABC

လာမယ့် ​၂၀၁၅ ​ခုနှစ်ရွေးကောက်ပွဲမှာ ​မဲပေးပိုင်ခွင့်ရတဲ့လူတွေရဲ့ ​စာရင်းကို ​မြန်မာရွေးကောက်ပွဲ ​ကော်မရှင်က ​စတင်ကောက်ခံနေပြီဖြစ်ပါတယ်။

အခု ​စတင် ​ကောက်ခံတဲ့နေရာတွေကတော့ ​ရန်ကုန်၊ ​မြစ်ကြီးနား ​နဲ့ ​ချင်းပြည်နယ်တွေ ​ပါဝင်တယ်လို့ ​သိရပါတယ်။

ဒေသခံ ​တာဝန်ရှိ ​ကော်မတီ ​တဖွဲ့ရဲ့ ​ပြောပြချက်အရ ​ရန်ကုန်မြို့အနောက်ဘက် ​အလုံမြို့နယ်ထဲမှာ ​မဲပေးခွင့်ရှိတဲ့လူဦးရေ ​သုံးသောင်း ​ငါးထောင်ကျော် ​(၃၅၅၃၄) ​ရှိတယ်လို့ ​ဆိုပါတယ်။

ဒေသခံ ​တာဝန်ရှိသူတွေနဲ့ ​တခြား ​အစိုးရမဟုတ်တဲ့ ​အဖွဲ့အစည်းတွေရဲ့ ​အကူအညီနဲ့ ​မဲပေးပိုင်ခွင့် ​စာရင်းကောက်ယူတဲ့ ​လုပ်ငန်းတွေကို ​၁၅ရက်အတွင်း ​ပြီးအောင် ​လုပ်ဆောင်နိုင်မယ်လို့ ​ရွေးကောက်ပွဲ ​ကော်မရှင်က ​ပြောပါတယ်။

အလုံမြို့နယ်မှာ ​စာရင်း ​စတင်ကောက်ခံရတာဟာ ​အလုံမှာ ​လူဦးရေ ​ပိုမိုများပြားတဲ့အတွက် ​ဖြစ်တယ်လို့ ​အလုံမြို့နယ် ​ရွေးကောက်ပွဲကော်မတီအဖွဲ့ရဲ့ ​အထွေထွေအတွင်းရေးမှူး ​ဦးခင်မောင်ဇော်က ​စီစီတီဗွီသတင်းဌာနကိုပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ​ရွေးကောက်ပွဲ ​ဥပဒေအရ ​မိမိနေထိုင်တဲ့မြို့နယ် ​ဒါမှမဟုတ် ​မိမိရောက်ရှိနေထိုင်တဲ့ ​မြို့နယ်မှာ ​ရက်ပေါင်း ​၁၈၀ ​ကျော် ​နေထိုင်ခဲ့ပြီးပြီဆိုရင် ​အဲဒီမြို့နယ်မှာ ​မဲပေးပိုင်ခွင့်ရှိတယ်လို့ ​သိရပါတယ်။

No comments: