Thursday, July 17, 2014

အစိုးရကစစ်အင်အား တိုးချဲ့မှုကြောင့် ရှမ်းပြည် ဒေသခံတွေ စိုးရိမ်နေရ

ABC

ရှမ်းပြည်စစ်တပ်ဖြစ်တဲ့ ​RCSS/SSA ​တပ် ​အနီးမှာ ​မြန်မာအစိုးရတပ်က ​စစ်အင်အား ​ထောင်နဲ့ချီပြသနေတဲ့အတွက် ​ဒေသခံတွေ ​စိုးရိမ်နေကြပြီး ​နေအိမ်ကနေ ​စွန့်ခွါထွက်ပြေးနေကြတယ်လို့ ​သိရပါတယ်။

ဒီလို ​အခြေအနေကြောင့် ​မြန်မာ ​စစ်တပ်အနေနဲ့ ​တပ်တွေ ​ကိုနောက် ​ဆုတ်ပေးဖို့ ​လိုကြောင်း ​ညီညွတ်သော ​တိုင်းရင်းသား ​လူမျိုးများ ​မဟာမိတ်အဖွဲ့ ​(UNA)က ​ထုတ်ပြန်ပြော ​ဆိုလိုက်ပါတယ်။

စစ်ရေး ​တင်းမာမှု ​ကနေတဆင့် ​တဖက်နဲ့ ​တဖက် ​ယုံကြည်မှု ​ပျက်ပြားလာနိုင် ​တယ်လို့လည်း ​ညီညွတ်သော ​တိုင်းရင်းသား ​လူမျိုးမား ​မဟာမိတ်အဖွဲ့ ​UNA ​ရဲ့ပြောရေး ​ဆိုခွင့်ရှိတဲ့ ​ဦးအေးသာအောင် ​ကပြောပါတယ်။

"စစ်ရေးတင်းမာမှုတွေ ​တင်းမာမှု ​ဖြစ်လာမယ်ဆိုရင် ​တစ်ဖက်နဲ့တစ်ဖက် ​ယုံကြည်မှုတွေပျက်ပြားလာမယ်။ ​အဲလိုဆိုတော့ ​လတ်တလော ​တစ်နိုင်ငံလုံးဆိုင်ရာ ​အပစ်အခတ်ရပ်စဲရေးအတွက် ​ဆွေးနွေးဖို့ ​ကြိုးပမ်းနေတဲ့ ​ကြိုးပမ်းချက်တွေဟာ ​ထိခိုက်လာစရာ ​အလားအလာတွေ ​ရှိတယ်။ ​ပြည်တွင်းငြိမ်းချမ်းရေးရဖို့အတွက် ​အလားအလာတွေကိုလည်းထိခိုက်လာစရာရှိပါတယ်။ဒါကြောင့် ​စစ်ရေးတင်းမာမှုတွေကို ​ပြန်ပြီးလျှော့ချပေးဖို့ ​တပ်တွေကို ​မူလနေရာပြန်ဖို့အတွက် ​ပိုနေမြဲကျားနေမြဲနေဖို့ ​တိုက်တွန်းတာပါ"


ပြီးခဲ့တဲ့ ​ဇွန်လ ​(၄) ​ရက်နေ့ကစပြီး ​အစိုးရ ​ခြေလျင် ​တပ်ရင်း(ခလရ) ​၂၄၇က ​ရှမ်းပြည်နယ်တောင်ပိုင်း ​လွိုင်လင်ခရိုင်ကျေးသီးမြို့နယ်နဲ့ ​SSPP/SSA ​ဌာနချုပ်ဟောင်း ​ဆင်းကျော့ ​ဒေသအကြား ​ဆက်သွယ်ထားတဲ့ ​တာ့ဖာဆောင် ​တံတားအနီး ​ရှမ်းတပ်တွေကို ​နေရာရွှေ့ပြောင်းပေးဖို့အမိန့်ပေးလာလို့ ​နှစ်ဘက် ​တပ်တွေအကြား ​စစ်ရေး ​တင်းမာမှုတွေ ​ရှိလာရာကနေ ​တိုက်ပွဲတွေဖြစ်ခဲ့တာပါ။

ပြီးခဲ့တဲ့ ​ဇွန်လ ​၂၃ ​ရက်နေ့ကပဲ ​SSPP/SSA ​နဲ့ ​အစိုးရစစ်တပ်တို့ ​ထိပ်တိုက်တွေ့ပြီး ​တိုက်ပွဲတွေ ​ပြင်ပြင်းးထန်ထန်ဖြစ်လာခဲ့တဲ့အတွက် ​ဒုက္ခသည် ​၄၀၀ ​ကျော်ဟာ ​တိုက်ပွဲဖြစ်တဲ့နေရာနဲ့ ​သုံးမိုင်လောက်ပဲ ​ဝေးတဲ့ ​ကားလမ်းမအနီး ​(၀မ်ဝပ် ​) ​ဘုန်းကြီးကျောင်းမှာ ​ခိုလှုံနေရတယ်လို့ ​ရှမ်းပြည်တောင်ပိုင်း ​ကျေးသီးမြို့နယ် ​ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ​(SNLD ​) ​ဥက္ကဋ္ဌ ​စိုင်းရွှေသိန်းကပြောပါတယ်။

"အခုလောလောဆယ်တော့ ​ကြိုကြားကြိုကြားအခြေအနေတင်းမာနေတဲ့အနေအထား ​ရှိတယ်။ ​နှစ်ဖက်စလုံးပေါ့ခင်ဗျာ။ ​ညညကျရင်လက်နက်ကြီးနဲ့ ​SSAA ​ရှိနိုင်မယ့်နေရာတွေကို ​လှမ်းလှမ်းပြီးတော့ထုတယ်ခင်ဗျာ့။ ​ဒေသခံတွေကတော့ ​အဲမှာ ​မနေရဲကြတော့ဘူး။ ​တအားတင်းမာနေတဲ့အချိန်ကျတော့ ​ရွာသူရွာသားလည်း ​ဘုန်းကြီးကျောင်းမှာ"

မြန်မာအစိုးရရဲ့ ​ပြည်ထောင်စု ​ငြိမ်းချမ်းရေး ​ဖော်ဆောင်ရေး ​အဖွဲ့နဲ့ ​SSPP/SSA ​တို့ ​အကြားမှာ ​ပဏာမ ​အပစ်အခတ် ​ရပ်စဲရေး ​သဘောတူချက် ​နဲ့ရှေ့ဆက် ​လုပ်ဆောင်ရမယ့် ​သဘောတူညီချက်တွေ ​ရရှိထားတဲ့ကြားက ​ခုလို ​တင်းမာမှုတွေ ​ရှိနေတာပါ။

No comments: