ABC
ရှမ်းပြည်စစ်တပ်ဖြစ်တဲ့ RCSS/SSA တပ် အနီးမှာ မြန်မာအစိုးရတပ်က စစ်အင်အား ထောင်နဲ့ချီပြသနေတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပြီး နေအိမ်ကနေ စွန့်ခွါထွက်ပြေးနေကြတယ်လို့ သိရပါတယ်။
ဒီလို အခြေအနေကြောင့် မြန်မာ စစ်တပ်အနေနဲ့ တပ်တွေ ကိုနောက် ဆုတ်ပေးဖို့ လိုကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA)က ထုတ်ပြန်ပြော ဆိုလိုက်ပါတယ်။
စစ်ရေး တင်းမာမှု ကနေတဆင့် တဖက်နဲ့ တဖက် ယုံကြည်မှု ပျက်ပြားလာနိုင် တယ်လို့လည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးမား မဟာမိတ်အဖွဲ့ UNA ရဲ့ပြောရေး ဆိုခွင့်ရှိတဲ့ ဦးအေးသာအောင် ကပြောပါတယ်။
"စစ်ရေးတင်းမာမှုတွေ တင်းမာမှု ဖြစ်လာမယ်ဆိုရင် တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုတွေပျက်ပြားလာမယ်။ အဲလိုဆိုတော့ လတ်တလော တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးဖို့ ကြိုးပမ်းနေတဲ့ ကြိုးပမ်းချက်တွေဟာ ထိခိုက်လာစရာ အလားအလာတွေ ရှိတယ်။ ပြည်တွင်းငြိမ်းချမ်းရေးရဖို့အတွက် အလားအလာတွေကိုလည်းထိခိုက်လာစရာရှိပါတယ်။ဒါကြောင့် စစ်ရေးတင်းမာမှုတွေကို ပြန်ပြီးလျှော့ချပေးဖို့ တပ်တွေကို မူလနေရာပြန်ဖို့အတွက် ပိုနေမြဲကျားနေမြဲနေဖို့ တိုက်တွန်းတာပါ"
ပြီးခဲ့တဲ့ ဇွန်လ (၄) ရက်နေ့ကစပြီး အစိုးရ ခြေလျင် တပ်ရင်း(ခလရ) ၂၄၇က ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်ကျေးသီးမြို့နယ်နဲ့ SSPP/SSA ဌာနချုပ်ဟောင်း ဆင်းကျော့ ဒေသအကြား ဆက်သွယ်ထားတဲ့ တာ့ဖာဆောင် တံတားအနီး ရှမ်းတပ်တွေကို နေရာရွှေ့ပြောင်းပေးဖို့အမိန့်ပေးလာလို့ နှစ်ဘက် တပ်တွေအကြား စစ်ရေး တင်းမာမှုတွေ ရှိလာရာကနေ တိုက်ပွဲတွေဖြစ်ခဲ့တာပါ။
ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့ကပဲ SSPP/SSA နဲ့ အစိုးရစစ်တပ်တို့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲတွေ ပြင်ပြင်းးထန်ထန်ဖြစ်လာခဲ့တဲ့အတွက် ဒုက္ခသည် ၄၀၀ ကျော်ဟာ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ သုံးမိုင်လောက်ပဲ ဝေးတဲ့ ကားလမ်းမအနီး (၀မ်ဝပ် ) ဘုန်းကြီးကျောင်းမှာ ခိုလှုံနေရတယ်လို့ ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD ) ဥက္ကဋ္ဌ စိုင်းရွှေသိန်းကပြောပါတယ်။
"အခုလောလောဆယ်တော့ ကြိုကြားကြိုကြားအခြေအနေတင်းမာနေတဲ့အနေအထား ရှိတယ်။ နှစ်ဖက်စလုံးပေါ့ခင်ဗျာ။ ညညကျရင်လက်နက်ကြီးနဲ့ SSAA ရှိနိုင်မယ့်နေရာတွေကို လှမ်းလှမ်းပြီးတော့ထုတယ်ခင်ဗျာ့။ ဒေသခံတွေကတော့ အဲမှာ မနေရဲကြတော့ဘူး။ တအားတင်းမာနေတဲ့အချိန်ကျတော့ ရွာသူရွာသားလည်း ဘုန်းကြီးကျောင်းမှာ"
မြန်မာအစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ SSPP/SSA တို့ အကြားမှာ ပဏာမ အပစ်အခတ် ရပ်စဲရေး သဘောတူချက် နဲ့ရှေ့ဆက် လုပ်ဆောင်ရမယ့် သဘောတူညီချက်တွေ ရရှိထားတဲ့ကြားက ခုလို တင်းမာမှုတွေ ရှိနေတာပါ။

No comments:
Post a Comment