Monday, September 15, 2014

စင်္ကာပူနိုင်ငံကို မြန်မာအိမ်အကူ ပို့ဆောင်မှု ယာယီရပ်ဆိုင်း

ABC

မြန်မာနိုင်ငံက ​အိမ်အကူတွေ ​စင်္ကာပူနိုင်ငံမှာ ​အမြတ်ထုတ်ခံရမှုတွေ ​ရှိခဲ့တယ်ဆိုတဲ့ ​သတင်းတွေကြောင့် ​စင်္ကာပူနိုင်ငံကို ​အိမ်အကူတွေ ​ပို့ဆောင်မှု ​ယာယီ ​ရပ်ဆိုင်းလိုက်ပါတယ်။

အင်ဒိုနီးရှားအိမ်အကူတွေ ​ပြည်ပမှာ ​အနိုင်ကျင့်ခံနေရတယ်ဆိုတဲ့ ​သတင်းတွေ ​ထွက်ပေါ်လာပြီးနောက် ​ဒီကိစ္စအပေါ် ​စိတ်ဝင်စားမှု ​များပြားချိန်မှာပဲ ​မြန်မာနိုင်ငံက ​ပြီးခဲ့တဲ့ ​နှစ်ကပြီး ​ပြည်ပနိုင်ငံမှာ ​အိမ်အကူတွေကို ​တရားဝင် ​ပို့ဆောင်ဖို့ ​ဥပဒေတစ်ရပ် ​ပြင်ဆင် ​ချမှတ်လိုက်ပါတယ်။

အဲဒီလို ​ချမှတ်ပြီး ​တစ်နှစ်အကြာမှာပဲ ​အိမ်အကူပို့ဆောင်မှုကို ​ယာယီ ​ရပ်ဆိုင်းလိုက်ပြီး ​အိမ်အကူတွေရဲ့ ​အခွင့်အရေးနဲ့ ​လုပ်ခလစာအကြောင်း ​ဆွေးနွေးမှု ​အဆင်ပြေမှသာ ​ပို့ဆောင်တော့မယ်လို့ ​ပြည်ပအလုပ်အကိုင်ရှာဖွေပေးရေး ​အေဂျင်စီဖက်ဒရယ်ရေးရှင်း ​ဒုဥက္ကဌ ​ဦးစိုးမြင့်အောင်က ​အေအက်ဖ်ပီကို ​စနေနေ့က ​ပြောခဲ့ပါတယ်။

စင်္ကာပူနိုင်ငံမှာ ​မြန်မာအိမ်အကူ ​အလုပ်သမား ​အယောက်ပေါင်း ​သုံးသောင်းလောက်ရှိမယ်လို့ ​ခန့်မှန်းကြပြီး ​တချို့က ​တရားဝင် ​အလုပ်လုပ်နေသလို ​တချို့က ​တရားမဝင် ​အလုပ်လုပ်နေကြတာ ​ဖြစ်ပါတယ်။

ဒီနှစ်အတွင်းမှာပဲ ​မြန်မာအပါအဝင် ​ဆင်းရဲတဲ့ ​နိုင်ငံက ​အိမ်အကူတွေကို ​စင်္ကာပူ ​ကုန်တိုက်တွေမှာ ​ပစ္စည်းသဖွယ် ​ကြေငြာပြီး ​ရောင်းချခံနေရတယ် ​ဆိုတဲ့ ​သတင်းကြောင့် ​မြန်မာနိုင်ငံသားတွေလည်း ​အမျက်ဒေါသတွေ ​ထွက်ခဲ့ပြီး ​အခုလို ​အိမ်အကူ ​ပို့ဆောင်မှုကို ​ယာယီရပ်ဆိုင်းတဲ့အထိ ​ဖြစ်လာတာပါ။

သုံးသောင်းထက်မကတဲ့ ​အိမ်အကူတွေကတော့ ​ထိုင်းနိုင်ငံမှာ ​တရားမဝင် ​အိမ်အကူ ​အလုပ်လုပ်နေကြကြောင်းလည်း ​သိရပါတယ်။

No comments: