ABC
မြန်မာနိုင်ငံက အိမ်အကူတွေ စင်္ကာပူနိုင်ငံမှာ အမြတ်ထုတ်ခံရမှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေကြောင့် စင်္ကာပူနိုင်ငံကို အိမ်အကူတွေ ပို့ဆောင်မှု ယာယီ ရပ်ဆိုင်းလိုက်ပါတယ်။
အင်ဒိုနီးရှားအိမ်အကူတွေ ပြည်ပမှာ အနိုင်ကျင့်ခံနေရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ဒီကိစ္စအပေါ် စိတ်ဝင်စားမှု များပြားချိန်မှာပဲ မြန်မာနိုင်ငံက ပြီးခဲ့တဲ့ နှစ်ကပြီး ပြည်ပနိုင်ငံမှာ အိမ်အကူတွေကို တရားဝင် ပို့ဆောင်ဖို့ ဥပဒေတစ်ရပ် ပြင်ဆင် ချမှတ်လိုက်ပါတယ်။
အဲဒီလို ချမှတ်ပြီး တစ်နှစ်အကြာမှာပဲ အိမ်အကူပို့ဆောင်မှုကို ယာယီ ရပ်ဆိုင်းလိုက်ပြီး အိမ်အကူတွေရဲ့ အခွင့်အရေးနဲ့ လုပ်ခလစာအကြောင်း ဆွေးနွေးမှု အဆင်ပြေမှသာ ပို့ဆောင်တော့မယ်လို့ ပြည်ပအလုပ်အကိုင်ရှာဖွေပေးရေး အေဂျင်စီဖက်ဒရယ်ရေးရှင်း ဒုဥက္ကဌ ဦးစိုးမြင့်အောင်က အေအက်ဖ်ပီကို စနေနေ့က ပြောခဲ့ပါတယ်။
စင်္ကာပူနိုင်ငံမှာ မြန်မာအိမ်အကူ အလုပ်သမား အယောက်ပေါင်း သုံးသောင်းလောက်ရှိမယ်လို့ ခန့်မှန်းကြပြီး တချို့က တရားဝင် အလုပ်လုပ်နေသလို တချို့က တရားမဝင် အလုပ်လုပ်နေကြတာ ဖြစ်ပါတယ်။
ဒီနှစ်အတွင်းမှာပဲ မြန်မာအပါအဝင် ဆင်းရဲတဲ့ နိုင်ငံက အိမ်အကူတွေကို စင်္ကာပူ ကုန်တိုက်တွေမှာ ပစ္စည်းသဖွယ် ကြေငြာပြီး ရောင်းချခံနေရတယ် ဆိုတဲ့ သတင်းကြောင့် မြန်မာနိုင်ငံသားတွေလည်း အမျက်ဒေါသတွေ ထွက်ခဲ့ပြီး အခုလို အိမ်အကူ ပို့ဆောင်မှုကို ယာယီရပ်ဆိုင်းတဲ့အထိ ဖြစ်လာတာပါ။
သုံးသောင်းထက်မကတဲ့ အိမ်အကူတွေကတော့ ထိုင်းနိုင်ငံမှာ တရားမဝင် အိမ်အကူ အလုပ်လုပ်နေကြကြောင်းလည်း သိရပါတယ်။

No comments:
Post a Comment