ABC
မြန်မာနိုင်ငံမှာ ကျင်းပမဲ့ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မဲဆွယ်စည်းရုံးတဲ့အခါ ဘာသာရေးကို နည်းလမ်းတစ်ခုအနေနဲ့ သုံးပြီး သွေးခွဲမှုကနေ ပဋိပက္ခဖြစ်လာနိုင်တဲ့အပေါ် စိုးရိမ်ပူပန်မိတယ်လို့ ဂျပန်နဲ့ အနောက်တိုင်းအစိုးရတို့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် ရင်းနှီးပံ့ပိုးထားတဲ့ သြစတြေးလျ၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ နော်ဝေး၊ ဆွီဒင်၊ ဗြိတိန်၊ အမေရိကန်နဲ့ ဂျပန်သံရုံးတို့ရဲ့ ပူးတွဲကြေညာချက်ထဲမှာ ဖော်ပြထားတာပါ။
မြန်မာနိုင်ငံမှာ အရင်တုန်းက သွေးကွဲမှုတွေကနေ ပဋိပက္ခတွေ ဖြစ်ခဲ့ဖူးတာကြောင့် ရွေးကောက်ပွဲမှာ အားလုံး သည်းခံတဲ့စိတ်၊ အပြန်အလှန် လေးစားတဲ့စိတ်ထားပြီး လုပ်ဆောင်ကြဖို့လည်း ပါရှိပါတယ်။
ရွေးကောက်ပွဲ စည်းမျဉ်းများနဲ့ ဥပဒေများ အားလုံး ကို ပြဌာန်းအသုံးပြုတဲ့အခါမှာလည်း လူမျိုး၊ဘာသာနဲ့ နိုင်ငံရေးပါတီမရွေးမျှတမှုရှိဖို့ တသမတ်တည်းဖြစ်ဖို့နဲ့ ပွင့်လင်းမြင်သာမှုရှိဖို့ သက်ဆိုင်ရာ အစိုးရ ၊ ရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်နဲ့ ဘာသာရေးခေါင်းဆောင်တွေအပြင် နိုင်ငံသားအားလုံးက လုပ်ဆောင်ရမယ်လို့ ဖော်ပြထားပါတယ်။
ရွေးကောက်ပွဲကာလမှာ မြန်မာနိုင်ငံနဲ့ ပြည်သူတွေကို ပံ့ပိုးကူညီဖို့ နိုင်ငံတကာကနေ ဆုံးဖြတ်ထားပြီး ၂၀၁၆ ခုနှစ်မှာ အစိုးရသစ် တည်ထောင်တဲ့အခါမှာလည်း အနီးကပ်စောင့်ကြည့်လေ့လာသွားမယ်လို့ သံရုံးကိုးခုက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

No comments:
Post a Comment