Thursday, September 17, 2015

မြစ်ရေတိုးမှုကြောင့် ပြည်မြို့ သဲဖြူကျေးရွာ အိမ် ၅ လုံး ရေထဲမျော

DVB


ပဲခူးတိုင်း ပြည်မြို့နယ်ထဲက သဲဖြူကျေးရွာမှာ စက်တင်ဘာ ၁၅ ရက်နေ့ ည ၇ နာရီခွဲလောက်က ဧရာဝတီမြစ်ရေ တိုးလာမှုကြောင့် ရေတိုက်စားပြီး ကမ်းခြေက အိမ် ၅ လုံး ရေထဲမျှောပါသွားခဲ့ပြီး နေအိမ် ၃ လုံး ချက်ချင်းဖျက်သိမ်းပြောင်းရွေ့ခဲ့ရပါတယ်။

ကမ်းပါးပြိုကျမှု ဆက်ဖြစ်နေတာကြောင့် အိမ် ၃၀ လောက်လည်း ရွှေ့ပြောင်းဖို့ စီစဉ်နေပါတယ်။

သဲဖြူကျေးရွာမှာ အိမ်ခြေ ၁၆၁ လုံးရှိပြီး အိမ် ၈၀ ကျော်နဲ့လယ် ဧက ၄၀၀ လောက်လည်း ရေနစ်မြုပ်နေတာ ၈ ရက်လောက် ရှိပြီး ဖြစ်ပါတယ်။

အဲဒီကျေးရွာဟာ ပြည်မြို့ကနေ မိုင် ၂၀ လောက်သာ ဝေးပေမယ့် သွားလာဖို့ ရေလမ်းခရီးကိုပဲ အသုံးပြုနေရပါတယ်။

ပထအကြိမ် ရေကြီးတုန်းကလည်း အလျူရှင်တွေလာဖို့ အလွန်ခက်ခဲတာကြောင့် ဒေသခံတွေ အခက်အခဲတွေ့ခဲ့ရပါတယ်။

ဧရာဝတီမြစ် စတုတ္ထမြစ်ကျဉ်းနားမှာ မြစ်ကွေ့အလွန်မှာ တည်ရှိပြီး ကျောက်စရစ်ဆုပ်စက်လှေတွေကလည်း ဒုက္ခပေးတာကြောင့် အခုလို ကမ်းပါးပြိုရတာလို့ ဒေသခံတွေက ပြောပါတယ်။

No comments: