Khonumthung
အစိုးရတပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဒေသခံချင်းပြည်သူများ ထိခိုက်နစ်နာမှုများ နောက်ထပ်မရှိစေရန် ပလက်ဝ မြို့နယ်ဒေသတွင် တိုက်ပွဲများမဖြစ်ပွားရန် စစ်ရေးရှောင်ရှားသွားမည်ဟု ရခိုင့်တပ်မတော် (Arakan Army) က ချင်းအမျိုး သားတပ်ဦး CNF တို့တွေ့ဆုံစဉ်တွင် ပြောဆိုလိုက်သည်။
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ရခိုင်တပ်မတော်နှင့် အစိုးရတပ်မတော်အကြား မကြာခဏ တိုက်ပွဲဖြစ်ပွား မှုကြောင့် ဒေသခံချင်းပြည်သူများ စစ်ဘေးဒုက္ခရောက်နေရသည့်ကိစ္စနှင့်ပတ်သက်၍ ကချင်ပြည်နယ် (KIA) ထိမ်းချူပ် နယ်မြေ မိုင်ဂျာယာန်တွင် ဇူလိုင် ၂၆ မှ ၃၀ ရက်နေ့အထိ ကျင်းပသော မိုင်ဂျာယာန် တိုင်းရင်းသားလက်နက်ကိုင် တော် လှန်ရေး မျက်နှာစုံညီအစည်းအဝေးတွင် ရခိုင်တပ်မတော်နှင့် ချင်းအမျိုးသားတပ်ဦးမှ ထိပ်ပိုင်းခေါင်းဆောင်များ သီးသန့် တွေ့ဆုံဆွေးရာမှာ AA ဖက်က ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်ဟု CNF အထွေထွေအတွင်းရေးမှူး (၃) ပူးထက်နီက ပြောသည်။
“ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့တာပါ၊ သူတို့ဖက်ကလည်း သူတို့ရဲ့ အခက်အခဲ၊ ပြသာနာတွေကို ပြန်ပြောကြပါတယ်၊စစ်ရေးကြောင့် မလွှဲမရှောင်သာလို့ လူထု ထိခိုက် နစ်နာမှုတွေ အပေါ်စိတ်မ ကောင်းကြောင်း၊ လူထုနစ်နာ မှုတွေကို အတတ်နိုင်ဆုံးပြန်လည်ဖြည့်ဆည်းပေး တောင်းပန် လိုကြောင်းတွေပြောပါတယ်၊ အဓိက က လူထုထိခိုက်နစ်နာ စေတာမျိုးတွေ မဖြစ်ဖို့နဲ့ အတတ်နိုင်ဆုံး စစ်ရေးရှောင်ရှားသွားမယ်လို့ သူတို့ဖက်ကပြောပါတယ်’’ ဟု ပူးထက်နီက ပြောသည်။
ပလက်ဝဒေသကို ခြေကုပ်စခန်းယူထားသော ရခိုင့်တပ်မတော်သည် အစိုးရတပ်မတော်နှင့် ၂၀၁၅ ကစ၍ မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ယင်းတိုက်ပွဲများကြောင့် ပြင်စိုရွာသား ၃၇၀ ဦးခန့် ယနေ့ချိန်ထိ မိမိနေရပ်သို့ မပြန်ရဲကြ ဘဲ လောက်တင်ရွာအနီးတွင် ယာယီစခန်းချ နေထိုင်နေကြရဲဖြစ်သည်။
No comments:
Post a Comment